သမိုင်းဖြစ်ရပ်မှန်အပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ ဒရာမာစီးရီး Dong Yi

instagram/cdworldshop instagram/drakor25

Dong Yi အမည်ရတဲ့ ဒရာမာဇာတ်လမ်းတွဲဟာ အပိုင်း၆၀ ပါရှိတဲ့ နာမည်ကျော် ဒရာမာ စီးရီးကောင်းတစ်ခုဖြစ်ပါတယ်။ Dong Yi ကို နောက်ထပ်နာမည်ကျော် ကိုရီးယားသမိုင်းဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Dae Jang Geum သို့မဟုတ် Jewel in the Palace ကိုရိုက်ကူးခဲ့သူ ဒါရိုက်တာ Lee Byung Hoon ကပဲ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Dong Yi ဇာတ်လမ်းတွဲတစ်ခုလုံှးမှာ ခမ်းနားကြီးကျယ်မှုတွေနဲ့အတူ အချစ်၊ စွန့်စားခန်း၊ အက်ရှင်စတဲ့ရသမျိုးစုံကို ခံစားမိစေမှာဖြစ်ပါတယ်။ အခြား သမိုင်းဝင်ဒရာမာဇာတ်ကားတွေလိုပဲ Dong Yi ထဲမှာလည်း လျှို့ဝှက်ပူးပေါင်းကြံစည်မှုတွေ၊ မနာလိုဝန်တိုမှု၊ ပြိုင်ဆိုင်မှု၊ အချစ်၊ အမုန်း၊ သစ္စာဖောက်မှု၊ သစ္စာစောင့်သိမှုတွေနဲ့ အာဏာရဖို့အရေး ပြိုင်ဆိုင်တိုက်ခိုက်မှုတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

Dong Yi ဟာ ဖြစ်ရပ်မှန်အပေါ်မှာ အခြေခံထားတဲ့ ဒရာမာကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ အရင်ခေတ် ကိုရီးယားရဲ့ ဂျိုဆွန်းမင်းဆက်အကြောင်းကို ရိုက်ကူးပြထားတဲ့ ဖြစ်ရပ်မှန်လည်းဖြစ်ပါတယ်။ ဂျိုဆွန်းမင်းဆက်အချိန်တုန်းက Dong Yi ဟာ ငြိမ်းချမ်းပြီးပျော်ရွှင်စရာကောင်းတဲ့ ကလေးဘဝလေးကိုပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ဖခင်နဲ့ အစ်ကိုတို့ဟာ နန်းတွင်းမှုးမတ်တွေကိုသတ်တယ်ဆိုပြီး စွပ်စွဲခံရကာ ကွပ်မျက်ခံလိုက်ရပါတယ်။ မိသားစုရဲ့ ဂုဏ်သိက္ခာကိုပြန်ဆယ်ဖို့ သူမဟာ အစေခံအဖြစ်နဲ့ နန်းတွင်းထဲဝင်ပြီး အမှန်တရားကိုလိုက်လံရှာဖွေခဲ့တာဖြစ်ပါတယ်။

READ
ခြူးလေးဘက်ကနေ ရပ်တည်ပြီးပြောပေးလိုက်တဲ့ အေသင်ချိုဆွေ

ဇာတ်လမ်းလေးမှာတော့ အခက်အခဲပေါင်းများစွာနဲ့ ဘဝကိုရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ Dong Yi ရဲ့အကြောင်းကို အဓိကဖော်ပြထားပါတယ်။ သူမရဲ့ကြိုးစားမှုကြောင့် Queen Inhyeon ရဲ့ ယုံကြည်မှုကိုရရှိခဲ့ပါတယ်။ Dong Yi ဟာ အရပ်သူဖြစ်ပေမယ့် ဘုရင် Sukjong မျက်နှာသာပေးမှုကိုရရှိခဲ့တဲ့မိဖုရားတစ်ဦးဖြစ်လာပြီး တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ Dong Yi ရဲ့နှစ်လိုဖွယ်ရာအသွင်အပြင်နဲ့ ဉာဏ်ရည်ဉာဏ်သွေးကောင်းမှုတွေကြောင့် နောက်ပိုင်းမှာတော့ ဘုရင် Sukjong ဟာ သူမကို စွဲစွဲလမ်းလမ်းနှစ်သက်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ Dong Yi ရဲ့အကြောင်းတွေတင် မကဘဲ ဘုရင် Sukjong ရဲ့အကြောင်းတွေကိုပါ ပုံဖော်ထားတာဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by Jibba (@ajaber19)

ဒရာမာစီးရီးထဲမှာတော့ Dong Yi အဖြစ် Han Hyo-joo နဲ့ Sukjong အဖြစ် Ji Jin-hee တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသမီး Han Hy-joo ဟာ သူမရဲ့သရုပ်ဆောင်မှုအတွက် MBC Drama Awards မှာ Daesang (Grand Prize) ကို ဆွတ်ခူးခဲ့ပါတယ်။

READ
အင်ဒီယားနား ဂျုံးစ် ဇာတ်ဆောင်အသစ်ကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ဖော်ခဲ့တဲ့ ဟယ်ရီဆင်ဖို့ဒ်

Dong Yi ဇာတ်လမ်းတွဲကိုတော့ Viu Myanmar App ကို Download လုပ်ယူပြီး ကြည့်ရှုနိုင်ပါတယ်။ MPT, Mytel နဲ့ Ooredoo User တွေဆိုရင်တော့ Viu Premium အထူးကြည့်ရှုခွင့်ကို လစဉ် ကြေး မလိုပဲ ကြည့်ရှုနိုင်ပါတ ယ်။ အာရှတစ်ခွင်က ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲပေါင်းများစွာကို ၁ဝဝ% မြန်မာစာတန်းထိုးနဲ့ Viu မှာ ကြည့်ရှုလို့ ရပါတယ်။ ဒါကြောင့် Viu app ကို ဒီနေရာမှာ ဒေါင်းလုဒ်ရယူလိုက်ပါ။

ShweMom

SHARE