လေယာဉ်မောင်/လေယာဉ်မယ် ဖြစ်ချင်သူတိုင်း သိထားသင့်တဲ့ အခြေခံလိုအပ်ချက်(၉)ချက်

Virgin Airline official photo

လေယာဉ်မောင်၊လေယာဉ်မယ်ဖြစ်ချင်တဲ့ သူတွေရှိပါသလား..?အဲ့ဒီလို လူေ တွဆီကနေ မကြာခဏ ကြားရလေ့ ရှိပါတယ်။ လေယာဉ်မောင်၊မယ် ဖြစ်ဖို့ ဘာတွေ လိုအပ်လဲ.? ဘာတွေ ပြင်ဆင်ထားရမလဲ ဆိုတဲ့ မေးခွန်းကို မကြာ ခဏ ကြားရပါတယ်။ဘာတွေပြင်ဆင်ထားရမလဲ၊မရှိမဖြစ် ဘာတွေ လိုအပ်လဲ ဆိုတော….

(၁)ဘွဲ့ရဖြစ်ရပါမယ်

 

ဒါကတော့ လူတိုင်းသိကြမှာပါ။public relations, sociology, psy chology(စိတ်ပညာ)အဲ့ဒါမျိုးနဲ့ပတ်သက်တဲ့ ဘွဲ့၊diploma ဒါမှမဟုတ် အသိအမှတ်ပြုလက်မှတ် တစ်ခုခုရှိထားရင် ပိုကောင်းပါတယ်။

(၂) Language Skills

aeroflot airlines official photo

ဒါဟာ လေယာဉ်မောင်၊မယ်ဖြစ်ချင်သူတွေမှာ မဖြစ်မနေရှိသင့်တဲ့ အရည် အ ချင်းပါ။အင်္ဂလိပ်စာ Skills ကောင်းကောင်း ရှိဖို့ လိုပါတယ်။အရေး၊ အဖတ်၊ အပြော အကုန်တတ်နေဖို့ လိုပါတယ်။ ဘာသာစကားကို နှစ်မျိုး၊သုံးမျိုး တတ်ထားရင်တော့ ပိုကောင်းပါတယ်။အထူးလေ့လာထားရမယ့် ဘာသာ စကားမျိုးဆိုရင်တော့ တရုတ်၊ရုရှား၊ဂျပန်နဲ့အာရပ်ဘာသာစကားပါ။

READ
ဇနီးသည် တခြားလူနောက်လိုက်သွားလို့ လက်ထပ်လက်စွပ်ကို ပြန်ရောင်းနေတဲ့အမျိုးသား

(၃)ရုပ်ပိုင်းဆိုင်ရာ

 

သင့်တင့်တဲ့ ရုပ်ရည်နဲ့ခန္ဓာကိုယ်အချိုးအစားမျိုးရှိဖို့ လိုပါတယ်။အ၀လွန်နေတာ ၊၀နေတာမျိုး မဖြစ်ရပါဘူး။လေယာဉ်ပေါ်မှာ ပိန်ပိန်သွယ်သွယ်လေးကမှ သွက်သွက်လက်လက်လှုပ်ရှားနိုင်ကာ အလေးချိန်လည်း အရမ်းမစီးမှာပါ။အရ ပ်မြင့်ဖို့လည်း လိုပါတယ်။ဒါမှသာ အမြင့်မှာရှိတဲ့ ပစ္စည်းတွေကို ယူနိုင်မှာပါ။

(၄)ကျန်းမာရေးကောင်း

vietnam airlines official photo

ဒါကလည်း အထူးပြောစရာမလိုပါဘူး။ကျန်းမာရေး ကောင်းမှပဲ အဆင်ပြေ မှာပါ။ကားမူး၊ရထားဘူး၊သင်္ဘောမူး ဖြစ်နေလို့ အဆင်မပြေပါဘူး။သွေးတိုး၊ ဆီးချို၊၀က်ရူးပြန်၊အသည်းရောဂါ၊ပန်းနာရင်ကျပ် ဒီလို ရောဂါတွေ မရှိရပါဘူး။

(၅)Passport

တစ်နိုင်ငံကနေ တစ်နိုင်ငံကို နိုင်ငံကူးသွားရမှာဆိုတော့ မရှိမဖြစ် လိုပါတယ်။ အခုမရှိသေးရင် ကြိုလုပ်ထားပါ။လေယာဉ်မောင်၊မယ် အလုပ်လျှောက်ပြီဆို တည်းက ဒါကို ကြိုပြင်ဆင်ထားပါ။

(၆)cv အတွက် သေချာပြင်ဆင်ပါ

လူတွေနဲ့ဆက်ဆံတဲ့ အခါဘယ်လောက် ဆက်ဆံရေးပြေပြစ်တယ်၊ customer service ဘယ်လောက်ကောင်းတယ်ဆိုတာကို ပြနိုင်ရပါမယ်။ တတ်နိုင်ရ င်တော့ ဟိုတယ်၊စားသောက်ဆိုင်၊အစရှိတဲ့ နေရာတွေမှာအချိန်ပိုင်း အလုပ်ဝင် လုပ်ပါ။သင့်ရဲ့ လူမှုပေါင်းသင်းဆက်ဆံရေးကို တိုးတက်လာစေမယ့် အလုပ်မျိုး ကို ရွေးချယ်ပြီး အရင်ဆုံး လုပ်ကြည့်ပါ။

READ
တင်ပါးမို့မောက်နေတာ ခွဲစိတ်မပြုပြင်ဘဲထိန်းသိမ်းမှုသာလုပ်ကြောင်းပြသခဲ့တဲ့ မော်ဒယ် Chloe

(၇)နောက်ကြောင်းကို စစ်ဆေးတာ

လေကြောင်းလိုင်းတစ်လိုင်းက သင့်ကို အလုပ်မခန့်ခင်မှာ သင့်ရဲ့ နောက်ေ ကြာင်းကို စုံစမ်းတာတွေ လုပ်လေ့ရှိပါတယ်။ဒါကြောင့် အစောကြီးတည်းက ပွင့်ပွင့်လင်းလင်း မှန်မှန် ကန်ကန်ရေးတာ အကောင်းဆုံးပါ။ကိုယ့်ရဲ့ FB ကို ကြည့်ရင် ကိုယ့်အပေါ် အထင်အမြင်သေးသွားတာမျိုး မဖြစ်ပါစေနဲ့။

(၈)တက်တူး

လေကြောင်းလိုင်းတော်တော်များများက တက်တူးကို တားမြစ်ကြပါတယ်။ တစ် ချို့က ဆိုရင် လုံးဝလက်မခံတာတွေ တောင်ရှိပါတယ်။ဒါကြောင့် လေယာဉ်ေ မာင်၊မယ်ဖြစ်ချင်ရင်တော့ တက်တူးကို ရှောင်ပါ။

(၉)လေကြောင်းလိုင်းတွေအကြောင်း ကြိုလေ့လာပါ

လေကြောင်းလိုင်းတွေရဲ့ ၀က်ဘက်ဆိုက်တွေထဲကို ပုံမှန် ၀င်ကြည့်ပါ။အ လု ပ်ခေါ် စာအများစုကိုသူတို့ရဲ့ ၀က်ဘ်ဆိုက်ပေါ်မှာတင်တတ်ပါတယ်။ဒါကြောင့် ကိုယ့်အတွက် အခွင့်အရေးဘယ်တော့လာမလဲ ဆိုတာကို အမြဲမပြတ်ေ စာင့်ကြည့်ပါ။

Ref;iheartcabincrew

SHARE