Bat-Pool ဇာတ်ကောင်ရဲ့ ဖန်တီးသူဆိုပြီး လှောင်ပြောင် ခံနေရတဲ့ အဆိုတော်

[email protected] chrisdaughtry

Daughtry လို့ အမည်ရတဲ့ နာမည်ကြီး Rockband ကိုတော့ သီချင်းပရိသတ်တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ အဆိုပါ အဖွဲ့ထဲက Chris Daughtry လို့ အမည်ရတဲ့ အဆိုတော်ကတော့ Daughtry အဖွဲ့ကို စတင်တည်ထောင်ခဲ့တဲ့ လူဖြစ်သလို Daughtry အဖွဲ့ရဲ့ ပင်တိုင် အဆိုတော်တစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် Chris Daughtry ဟာ DC Universe ရဲ့ အမာခံ ပရိသတ်တစ်ယောက်ဆိုလည်း မမှားပါဘူး။ အခုလည်း Chris တစ်ယောက်ဟာ DC FanDome ပွဲတစ်ခုမှာ Deadpool ရုပ်တုကြီးကို Batman ဝတ်စုံကြီး ဝတ်ပေးထားလို့ ပရိသတ်တွေက ဝေဖန်ခဲ့ကြောင်း CBR သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

View this post on Instagram

 

Must be my lucky day… came inside, washed my hands only to see this lil guy on my shoulder in the mirror.

A post shared by Chris Daughtry (@chrisdaughtry) on

DC FanDone ဆိုတာကတော့ DC ပရိသတ်တွေ အကုန်စုပြီး Online ပေါ်မှာ တွေ့တဲ့ ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီလို Onlie ပွဲတော်မှာ DC Universe ကနေပြီးတော့ အနာဂတ်မှာ သူတို့ဆက်လုပ်မယ့် ပရောဂျက်တွေအကြောင်း၊ ဇာတ်ကားတွေအကြောင်းကို DC ရဲ့ အမာခံပရိသတ်တွေဆီ Information မျှဝေပေးသလို Comic စာအုပ်တွေ၊ DC ဇာတ်ကားတွေကို တိုက်ရိုက်ကြည့်ရှုလို့လည်း ရနိုင်ပါတယ်။ အဆိုပါ ပွဲမှောတာ့ Chris ဟာ Break time အချိန်လိုမျိုးမှာ DC ပရိသတ်တွေကို ဂစ်တာတီးပြီး သီချင်းဆိုပြခဲ့တာပါ။

READ
ပဲရစ်မြို့က သူမရဲ့ အိပ်ရာနိုးခါစဖက်ရှင်လေးနဲ့ နှုတ်ဆက်လိုက်တဲ့ နေခြည်ဦး

ဒီလို သီချင်းဆိုပြတဲ့အချိန်မှာ Chris ရဲ့ အနောက်က အရုပ်တစ်ခုကြောင့် ပရိသတ်တော်တော်များများ အံ့သြခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့  Chris ဟာ Marvel ရဲ့ စူပါဟီးရိုးတစ်ယောက်ဖြစ်တဲ့ Deadpool ရုပ်တုကြီးကို DC ရဲ့ စူပါဟီးရိုးဖြစ်သူ Batman ရဲ့ အဝတ်အစားတွေ ဝတ်ဆင်ပေးထားလို့ပါပဲ။ Chris ရဲ့ ထူးထူးဆန်းဆန်း အိုင်ဒီယာကတော့ ပရိသတ်တွေကြား ဝေဖန်စရာ ဖြစ်လာခဲ့ပါတယ်။ ဖြစ်နိုင်တာကတော့ DC နဲ့ အလုပ်တွဲလုပ်ချိန်မှာ Marvel က အရုပ်ဖြစ်တဲ့ Deadpool ကို Live ချိန်မှာ မပါစေဖို့အတွက် ပုံဖျက်ထားတာ ဖြစ်နိုင်ကြောင်းလည်း ပရိသတ်အချို့က ထင်ကြေးပေးခဲ့ကြပါတယ်။

DCComic

Chris ဟာ Comic စာအုပ်တွေကို နှစ်ခြိုက်သူ တစ်ဦးဖြစ်ပြီး အထူးသဖြင့် DC ရဲ့ အမာခံ ပရိသတ်တစ်ဦးလည်း ဖြစ်ပါတယ်။ သူအကြိုက်ဆုံးက ဇာတ်ကောင်က Batman ဖြစ်ပြီး DC Comics ရဲ့ Chief Creative Officer ဖြစ်တဲ့ Jim Lee နဲ့ အတူတူ ပူးပေါင်းကား Batman Comic စာအုပ်တစ်အုပ်ရဲ့ မျက်နှာဖုံးပုံကို တောင် ဆွဲပေးခဲ့ဖူးပါတယ်။

READ
Marvel လူစွမ်းကောင်းတွေသာ အမျိုးသမီးတွေဖြစ်ခဲ့ရင်....

အဲဒီ Deadpool အရုပ်ကြီးက Chris ဆီ ရောက်နေခဲ့တာ ကြာပြီဖြစ်ပြီး (၂၀၁၇)ခုနှစ် နယ်လှည့်ဖျော်ဖြေခဲ့တုန်းက ပရိသတ်တစ်ယောက်က လက်ဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ “ဒီ Deadpool အရုပ်ကြီးက ကျွန်တော်လက်ဆောင်ရထားတာပါ။ ကျွန်တော် DC ရဲ့ Hardcore ပရိသတ်တစ်ယောက်ဖြစ်ပေမယ့် Deadpool character ကို အရမ်းကြိုက်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့် show ပွဲ တော်တော်များများမှာတောင် ဒီ Deadpool ရုပ်တုကြီးကို ယူသွားလေ့ရှိပါတယ်” လို့ Chris က အဲ့ဒီအချိန်တုန်းက ပြောကြားခဲ့ပါတယ်။

 

Pyi Hein Kyaw

SHARE