ထူးဆန်းစွာအိမ်ခြံဝန်းထဲသို့ ပဉ္စလက်ဆန်ဆန် ပြုတ်ကျခဲ့ကြတဲ့ ထောင်နဲ့ချီတဲ့လင်းနို့များ

Facebook/Lisa Eagleton

အမျိုးသမီးတစ်ယောက်ရဲ့အိမ်ခြံဝန်းထဲမှာ ထူးဆန်းလွန်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဖြစ်အပျက်ကတော့ သူမခြံဝန်းထဲသို့ ဂျပိုးတွေနဲ့ပြည့်နှက်နေတဲ့ လင်းနို့အကောင်ကြီးများ ရုတ်တရက်ပြုတ်ကျလာတာပဲဖြစ်ပါတယ်။

အရေအတွက်အားဖြင့် အကောင်ရေ (၅၅၀၀) ကျော်လောက်ရှိမယ်လို့ ခန့်မှန်းရပြီး ခြံဝန်းအပြင် သူမရဲ့အိမ်ရှေ့တံခါးနားအထိပါ လေးနို့တွေရှိနေတာပါ။ အသက်မရှိတော့တဲ့ အကောင်တွေက မရှိတော့သလို အသက်ရှိသေးတဲ့ လင်းနို့တွေကျပြန်တော့လည်း ထမပျံနိုင်၊ မလှုပ်မရှားနိုင်ဖြစ်နေခဲ့တာပါ။

Facebook/Lisa Eagleton

လင်းနို့များပျံနေရင်း ပြုတ်ကျသေဆုံးသွားရတဲ့ အဓိကအအကြောင်းအရင်းကတော့ (၄၀) ဒီဂရီစဲလ်စီယက်ရှိတဲ့ ရုတ်တရက်ဖြတ်သွားခဲ့ အပူလှိုင်းကြောင့်ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။

ခြံဟာ သြစတးလျနိုင်ငံ၊ Queensland မှာ တည်ရှိပြီး ပိုင်ရှင်ကတော့ Philippa Schoor ဆိုသူ အမျိုးသမီးပဲဖြစ်ပါတယ်။ လေးနို့အသေကောင်တွေရဲ့အနံ့ကြောင့် မခံမရပ်နိုင်ဖြစ်ခဲ့ပြီး ကလေးတွေရဲ့ကျန်းမာရေးကို စိုးရိမ်တာကြောင့် နေအိမ်မှခေတ္တစွန့်ခွာပြောင်းရွှေ့ခဲ့ရတာ အခုဆိုရင် (၅) ရက်တိတိရှိနေပါပြီ။

Facebook/Lisa Eagleton

အနီးအနားမှ လုပ်အားပေးသူများနဲ့ တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ပြီး အသေကောင်တွေကို ဖယ်ရှားနေတာ အခုဆိုရင်တော့ အကောင်ရေ (၃၀၀၀) လောက်သာ ကျန်ရှိတော့တယ်လို့သိရပါတယ်။အသေကောင်များဟာ မြေပြင်ပေါ်မှာသာမက ခြံထဲကသစ်ပင်များပေါ်မှာပါ တင်နေတဲ့အတွက် လိုက်လံရှာဖွေရတာ ခက်ခဲနေပါတယ်။

READ
မိသားစုလိုက် ခါးပိုက်နိုက်တဲ့ CCTVဗွီဒီယိုဖိုင်မှာ အင်တာနက်မှာ နာမည်ကြီးနေ

ဒါဟာ သက်ဆိုင်ရာမှ ကိုင်တွယ်ဖြေရှင်းပေးရမယ့် ကျန်းမာရေးပြဿနာဖြစ်လာနေတာမို့ သက်ဆိုင်ရာမြို့နယ်မှ ကောင်စီဝင်အရာရှိဖြစ်တဲ့ Brett Moller ဟာ မြို့တော်ဝန်နဲ့သွားတွေ့ကာ အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ Philippa Schoor ရဲ့ ခြံဝန်းထဲက အသက်မသေတဲ့လင်းနို့ အကောင် (၅၀၀) လောက်ကိုတော့ Cairns Far North Queensland Wildlife ထိန်းသိမ်းရေးအဖွဲ့မှ ဘေးကင်းရာသို့ခေါ်ဆောင်သွားပြီးကြည့်ရှုစောင့်ရှောက်နေခဲ့ပါတယ်။

Facebook/Lisa Eagleton

Philippa Schoor ကတော့ သူမရဲ့အိမ်မှာ ပြန်နေနိုင်ဖို့အတွက် လင်းနို့အသေများ ဖယ်ရှားပေးကာ၊ လင်းနို့ကိုယ်ခန္ဓာမှာကပ်ပါလာတဲ့ ပိုးမွှားနဲ့ကြမ်းပိုးတွေ သုတ်သင်ပေးပြီး အိမ်တစ်အိမ်လုံး ပရိဘောကတွေနဲ့ ကြမ်းခင်းတွေပါမကျန် သန့်ရှင်းပေးဖို့ အစိုးရရဲ့အကူအညီကို အနည်းငယ် လိုအပ်နေတယ်လို့ တောင်းဆိုမှုပြုထားပါတယ်။

Facebook/Lisa Eagleton

Source: The Sun

Penny

 

 

 

SHARE