မိကျောင်းကို Chicken Dinner မစားရအောင် ဖျက်လိုဖျက်ဆီးလုပ်ခဲ့တဲ့ငါးမန်း

Chicken Dinner ဆိုလို့ မိကျောင်းက PUBG ကစားတယ် ထင်မနေကြနဲ့ဦးနော်။ ဒီ အဖြစ်အပျက်က သြစတြေးလျနိုင်ငံမြောက်ပိုင်း ၊ ဒါဝင်ပြည်နယ်ဖက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နယ်ခံတစ်ယောက်ဖြစ်တဲ့ ဂျိုနသန်နဲ့ သူ့ရဲ့အဖွဲ့ တကယ်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုပါ။

ဂျွန်နသန် ဟာ ဒါဝင်ပြည်နယ်တွင်းက စွန့်စားခရီးပို့ဆောင်ရေး တာဝန်ခံတစ်ယောက်ဖြစ်ပြီး ခရီးသွားအဖွဲ့တစ်ဖွဲ့ကို မိကျောင်းတွေပေါတဲ့ အဒီလိတ်မြစ်နံဘေးကနေ ခေါ်ဆောင်လာခဲ့တာပါ။

အချိန်ကတော့ ညနေစောင်းနေပါပြီ။ ဂျိုနသန်က သူ့ရဲ့ဧည့်သည်တွေကို မြစ်ထဲက မိကျောင်းတွေကို ပြဖို့အတွက် ကြက်အသေတစ်ကောင်ကို ကြိုးနဲ့ချည်ကာ ရေထဲချပြီး မိကျောင်းတွေကိုခေါ်ဖို့ ကြိုးစားခဲ့ပါတယ်။

Suppiled

အဲဒီနောက်မှာတော့ မိကျောင်းကြီးတစ်ကောင် ရောက်လာခဲ့ပြီး ကြက်ကို စားဖို့ ကြိုးစားပါတော့တယ်။ ဂျိုနသန်တို့ ကြည့်နေစဉ်မှာပဲ ကြက်ရဲ့အနီးကို ရောက်လာတဲ့ မိကျောင်းကြီးအတွက် အနှောင့်အယှက် ပေါ်လာပါတော့တယ်။

READ
ဗြိတိန်တော်ဝင်မင်္ဂလာပွဲကို ဖျက်သိမ်းဖို့ စာလှမ်းရေးလိုက်တဲ့ မီဂန်ရဲ့အစ်ကို

အဲဒါကတော့ ငါးမန်းပေါက် တစ်ကောင်ပဲဖြစ်ပြီး ကြက်ကို စားဖို့ အားယူနေတဲ့ မိကျောင်းကို အောက်ကနေ အရှိန်နဲ့ဝင်တိုက်လိုက်တာပါ။

Supplied

ကြက်ကို ကိုက်ဖို့ အာရုံရောက်နေတဲ့ မိကျောင်းကြီးလည်း ရုတ်တရက်လန့်ပြီး ပြန်ပြေးသွားခဲ့သလို ငါးမန်းပေါက်လေးကလည်း မိကျောင်းကို ၀င်တိုက်ပြီးတဲ့နောက် ပြန်လည်ပျောက်ကွယ်သွားပါတော့တယ်။

Supplied

ဂျိုနသန်တို့အဖွဲ့လည်း ဒီအဖြစ်အပျက်ကိုကြည့်ပြီး ဘယ်လိုနားလည်ရမှန်းဖြစ်ခဲ့ကြသလို မိကျောင်းရဲ့အစာကို တမင်နှောက်ယှက်တဲ့ ငါးမန်းရဲ့လုပ်ရပ်ကို နားမလည်နိုင်အောင် ဖြစ်ခဲ့ကြတာပါ။

ဒီ ဗီဒီယိုလေးက ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေခဲ့ပြီး ငါးမန်းဟာ မိကျောင်းကိုအစာမစားရအောင် တမင်နှောင့်ယှက်လိုက်တာပဲဖြစ်တယ်လို့ မှတ်ချက်ပေးနေကြပါတယ်။ ဂိမ်းသမားတွေကတော့ ငါးမန်းဟာ Chicken Dinner မစားရအောင် မိကျောင်းကိုနှောက်ယှက်လိုက်တာပဲဖြစ်တယ်လို့ ဟာသလုပ်ပြီး မှတ်ချက်ပေးခဲ့ကြပါတယ်။

Linn

Source : Dailymail

SHARE