နိုင်ငံပေါင်း(၁၁၀)ကျော်မှာ ရောင်းချနိုင်ခဲ့တဲ့ ‘Battleship Island’

မကြာခင်မှာ ပြသတော့မယ့် “The Battleship Island” ဇာတ်ကားကတော့ သေချာပေါက် ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ဇာတ်ကားကောင်း ဖြစ်လာ အုံးမှာပါ။ဒါ့အပြင် DOTS မင်းသားချော ဆောင်ဂျွန်ကီအတွက် အမှတ်တရ မှတ် တိုင် တစ်ခု ဖြစ်လာအုံးမှာပါ။အခုဆိုရင်တော့ ဒီဇာတ်ကားကို နိုင်ငံပေါင်း (၁၁၃)နိုင်ငံမှာ ရောင်းချနိုင်ခဲ့ပြီးပြီလို့ ဇာတ်ကားထုတ်လုပ်ဖြန့်ချီမယ့် CJ Entertainment ကပြောခဲ့ပါတယ်။

ရောင်းချခဲ့တဲ့ နိုင်ငံတွေထဲမှာတော့ အာရှဖြစ်တဲ့ ဂျပန်၊ဟောင်ကောင်၊စင်ကာပူနဲ့ ထိုင်းတို့ အပြင် ပြင်သစ်၊အအီတလီ၊ ရုရှား၊တူရကီ အစရှိတဲ့ North Amer ican နိုင်ငံတွေလည်း ပါပါတယ်။ဥရောပရုပ်ရှင်ဈေးကွက်မှာဖေဖော်ဝါရီက ပရိုမိုးရှင်းတွေ လုပ်ခဲ့ပြီးနောက် အခုလိုမျိုး ၀ယ်ယူတဲ့ နိုင်ငံတွေ ထွက်ပေါ် လာခဲ့တာပါ။

 

READ
ကျော့ကျော့ရှင်းရှင်းလေးနဲ့ လှနေတဲ့ ၀တ်မှုံရွှေရည်

ဒီဇာတ်ကားဟာ ဂျပန်ကိုလိုနီခေတ်က ကိုရီးယားအလုပ်သမား (၄၀၀) ဟာ သူတို့ကို နှိပ်စက်ညှဉ်းပမ်းနေတဲ့ စခန်း၊ငရဲခန်းရှိရာ Hashima ကျွန်းကနေ ထောင်ေ ဖာက် ပြေးဖို့ ကြိုးစားတဲ့အကြောင်းကို ရိုက်ထားတာပါ။မင်းသားHwang Jung-min၊So Ji-sub၊Song Joong-ki နဲ့မင်းသမီးLee Jung-hyunတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒါရိုက်တာကတော့Ryoo Seung-wan ပါ။ဇာတ်ကားရိုက်ကူးတဲ့ ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ (၂၁) သန်းပါ။

ဒီဇာတ်ကားဟာ အာရှနိုင်ငံတွေကနေ စံချိန်တင် ၀င်ငွေ ရရှိမယ့် ကိုရီးယား ဇာ တ် ကားဖြစ်လာလိမ့်မယ်လို့ အားလုံးကတော့ ထင်ကြေးပေးနေကြပါတယ်။အား လုံးမျှော်လင့်နေကြတဲ့ ‘Battleship Island’  ဟာ ကိုရီးယားနိုင်ငံမှာတော့ ဇူလိုင်လမှာ ရုံတင်ပြသသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Ref;.koreaherald

 

SHARE