ဂျပန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Bauhutte ဟာ လဲလျောင်းပြီးအိပ်ရင်းနဲ့ ဂိမ်းကစားလို့ရမယ့် အိပ်ရာတစ်မျိုးကို တီထွင်ခဲ့ကြောင်း pcgamer သတင်းစာမျက်နှာအရ သိရပါတယ်။ Bauhutte ဝက်ဆိုက်ဒ်မှာတော့ “ကျွန်တော် မနက်အိပ်ရာကထလာပြီးတော့ စားပွဲဆီကိုသွားရတယ်။ ဘာလို့ ဒီလောက်ရှုပ်ထွေးနေစရာလိုမလဲ။ Gaming Bed က ဒီပြဿနာကိုဖြေရှင်းပေးနိုင်တယ်လေ။ ဂိမ်းကစားရင်ပဲဖြစ်ဖြစ် animation ကြည့်ရင်ပဲဖြစ်ဖြစ်၊ မော်နီတာကိုကြည့်နေရင်းနဲ့ ခင်ဗျားအိပ်နိုင်တယ်လေ။” လို့ ဖော်ပြထားပါတယ်။
View this post on Instagram
အိပ်ရာရဲ့ခြေရင်းမှာတော့ မော်နီတာနှစ်လုံးတင်နိုင်အောင်စီစဉ်ပေးထားပြီး စပီကာထားလို့ရအောင်နဲ့ သောက်လက်စခွက်တွေထားလို့ရအောင် ခြင်းလေးနှစ်ခုလုပ်ပေးထားပါတယ်။ ဘေးနားမှာတော့ စားချင်တဲ့မုန့်တွေနဲ့ အအေးတွေတင်ထားနိုင်တဲ့ စင်လေးတစ်ခုပါရှိပါတယ်။ အိပ်ရာမှာတော့ စောင်တစ်ထည်ပါဝင်ပြီး ဂိမ်းဆော့တဲ့စောင်လို့ ဝက်ဆိုက်ဒ်က ဆိုထားပါတယ်။
View this post on Instagram
တကယ်လို့ အိပ်ရာပေါ်မှာလဲလျောင်းနေရင်းနဲ့မှ ဖုန်းသုံးချင်တယ်ဆိုရင်လည်း လက်ကကိုင်ထားစရာမလိုဘဲနဲ့ ဖုန်းသုံးနိုင်အောင် လက်တံတစ်ခုကိုထားပေးထားပါတယ်။ ဦးခေါင်းပိုင်းက နေရာမှာတော့ ကိုယ့်ရဲ့အရေးကြီးပစ္စည်းတွေနဲ့ နာရီနှိုးစက်စတာတွေကို ထားနိုင်ပါတယ်။
View this post on Instagram
အခုဖော်ပြထားတဲ့ ဂိမ်းဆော့တဲ့အိပ်ရာဟာ ဂိမ်းကစားတဲ့အခါ တစ်နေရာထဲထိုင်ပြီး မလှုပ်မယှက်ဂိမ်းဆော့တတ်သူတွေအတွက် အရမ်းအသုံးဝင်မှာဖြစ်ပါတယ်။ Gaming Bed အပြင် Bauhutte ကုမ္ပဏီအနေနဲ့ နောက်ထပ်ဖန်တီးထားတာတစ်ခုက Gaming Camp ဖြစ်ပါတယ်။ ၄င်းဟာဆိုရင်တော့ မိမိဂိမ်းကစားတဲ့အပေါ်မှာ လုံးဝအာရုံစိုက်နိုင်အောင် တခြားသူတွေလာမနှောင့်ယှက်နိုင်အောင်လို့ ရွက်ဖျင်တဲလိုပိတ်ပြီး ကစားနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်တစ်မျိုးကတော့ Gaming theater ဖြစ်ပြီး အဲ့ဒါကတော့ ဂိမ်းကိုနံရံပေါ်မှာထိုးကာ ဂိမ်းကစားသူက ကြမ်းပေါ်မှာလဲရင်း ဆော့ကစားနိုင်မှာဖြစ်ပါတယ်။
View this post on Instagram
ShweMom