ပိုင်ရှင်က စွန့်ပစ်ခဲ့တဲ့ ခွေးဘီလူးနှစ်ကောင်ကို ခွေးဂေဟာကနေခေါ်ပြီး မွေးခဲ့တဲ့ Bautista

Instagram/DaveBautista

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Tampa မြို့ရဲ့ Tampa တိရစ္ဆာန်ဂေဟာက pit bulls ခွေးလေးနှစ်​ကာင်ကတော့ သူတို့တစ်သက်တာလုံးနေရမယ့် အိမ်ကလေးကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ကိုမွေးစားခဲ့တဲ့သူကတော့ “Guardian of the Galaxy”, “Avengers” အစရှိတဲ့ရုပ်ရှင်ကားကြီးတွေပါဝင်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်နဲ့ WWE နပမ်းသမားဟောင်းကြီး Dave Bautista ပါ။

(၂၀၁၉) အောက်တိုဘာလတုန်းက Hillsborough Country တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာရဲ့ တာဝန်ရှိသူတွေက သူတို့ရဲ့ “Rescue me Tampa” ဆိုတဲ့ facebook စာမျက်နှာပေါ်မှာ Maggie နဲ့ Ollie လိုခေါ်တဲ့ pit bulls အမျိုးအစား ခွေးညီအကိုနှစ်ကောင်ကို မွေးစားပြီးတော့ ကူညီပေးကြဖို့ မေတ္တာရပ်ခံတဲ့ ပိုင်ရှင်အသစ် ရှာဖို့အတွက်ပိုစ့် တင်ခဲ့ပါတယ်။ သူတို့ရဲ့ပိုင်ရှင်ဟောင်းဟာ ကလေးရပြီးနောက်ပိုင်း သူတို့ညီအကိုနှစ်ကောင်ဟာ ဂေဟာမှာလာရောက်စွန့်ပစ်ခြင်းခံခဲ့ရပါတယ်။

10-31-19 UPDATE: OLLIE HAS LEFT THE SHELTER AND WILL BE REUNITED WITH MAGGIE… STAY TUNED10-29-19 UPDATE: Maggie and…

Posted by Rescue Me Tampa – Shelter Dogs on Saturday, October 26, 2019

သူတို့ဟာ ခွေးလေးတွေကိုမွေးစားလို့သူတွေကို နှစ်ကောင်လုံးကိုတစ်အိမ်တည်းတူတူ မွေးစားစေချင်နေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ခွေးနှစ်ကောင်ဟာ မွေးစကတည်းက စွန့်ပစ်ခံတဲ့အချိန်အထိ အမြဲတူတူရှိနေခဲ့လို့ပါပဲ။ဂေဟာရဲ့တာဝန်ရှိသူတွေကခွေးလေးနှစ်ကောင် ကြားကသံယောဇဉ်ကို အတော်အလေးထားပုံ ပေါ်ပါတယ်။

“သူတို့နှစ်ကောင်သာ တစ်အိမ်ထဲတူတူမရှိရင် ကျနော်တော့ တော်တော်ဝမ်းနည်းနေမိမှာပဲ။ သူတို့ကို အဲ့လို့ခွဲပစ်ဖို့မထိုက်တန်ပါဘူး “လို့ရေးသားခဲ့ပါတယ်။ ” ကျေးဇူးပြုပြီးခွေးနှစ်ကောင်လုံးကို တူတူမွေးစားပေးပါ။သူတို့ဟာသူတို့ချစ်ခဲ့သမျှ သိခဲ့သမျှအရာတွေအကုန်လုံးကို ဆုံးရှုံးခဲ့ရတာပါ” လို့လည်း ဖြည့်စွက်ရေးသားခဲ့ပါသေးတယ်။

တစ်ပတ်အကြာမှာတော့ ခွေးလေးတွေဟာသူတို့ရဲ့ အုပ်ထိန်းသူ အသစ်ဖြစ်တဲ့ Dave Bautista ဆီကိုတော့ ရောက်ရှိလို့သွားပြီ။

READ
ခပ်မိုက်မိုက် ပုံရိပ်တွေနဲ့ ပရိသတ်တွေကို ရစ်မျောသွားအောင် လုပ်လိုက်တဲ့ နွယ်နွယ်ထွန်း

“Guardian of the galaxy” နဲ့ “Avengers” ရုပ်ရှင်တွေမှာ Drax နေရာကပါဝင်သရုပ်ဆောင်ခဲ့တဲ့ Dave Bautista ဟာ တိရစ္ဆာန်ချစ်သူ စာနာတတ်သူ တစ်ဦးအဖြစ်လည်း နာမည်ကြီးသူတစ်ဦးဖြစ်ပါတယ်။

Bautista က သူရဲ့ instagram မှာ ခွေးလေးတွေကို ကြိုဆိုနေတဲ့ ပုံတွေကို တင်ခဲ့ပါတယ်။

သူက “ကျွန်တ်ာက သူတို့ကိုလိုတယ်။ သူတို့ကလည်းကျွန်တော့်ကို လိုပါတယ်။သူတို့ဟာသူတို့ရဲ့ ပထမဆုံး ခြောက်နှစ်တာကာလကို လစ်လျူရှု့ခံ, အနှိပ်စက်ခံရပြီးတော့ ဖြတ်သန်းခဲ့ကြရတာပါ။ အခုတော့သူတို့ဟာ အလိုလိုက်ပြီးတော့ အချစ်ခံရပါတော့မယ်။” လို့ ရေးသားခဲ့ပါတယ်။

ဂေဟာကိုကူညီနေတဲ့ စေတနာ့ဝန်ထမ်းတစ်ယောက်ကတော့ ခွေးတွေက ထီပေါက်သွားခဲ့ပြီလို့ ဝမ်းသာစကားပြောခဲ့ပါတယ်။

 

“ Bautista ကတော့ သူခွေးနှစ်ကောင်ကို အပူပေးနိုင်တဲ့ အိပ်ရာတွေ ခွေးအိမ်ကြီးကြီးတွေနဲ့ ကောင်းကောင်းအလိုလိုက်နေပြီ” လို့ ပြောခဲ့ပါတယ်။

ခွေးဘီလူးတွေရဲ့ သဘာဝကိုက တစ်ကောင်မွေးရတာတောင် မလွယ်ကူတဲ့အခြေအနေမှာ Bautista ကြီးက နှစ်ကောင်လုံး မွေးတယ်ဆိုတော့ တော်တော်မလွယ်ကူပါဘူး။Bautista ကြီးကတော့ အပြင်ပန်းကြည့်လိုက်ရင် တကယ့်ကို လူကြမ်းစိတ်ကြမ်းကြီးပေမဲ့ တကယ့်ကို စာနာတတ်တဲ့ နှလုံးသားရှိတဲ့သူတစ်ယောက်ပါပဲ။

READ
" Most Handsome Men 2018 " စာရင်းထွက်ပေါ်

 

Pyi Hein Kyaw

SHARE