မန်ယူ၊ ချယ်လ်ဆီးတို့ရဲ့ပစ်မှတ် ဂျိမ်းစ်ရိုဒရီဂွက်ဇ် ဘိုင်ယန်ကို (၂)နှစ်အငှားနဲ့ ပြောင်းရွှေ့

အခုနှစ်နွေရာသီမှာ ပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့မှ ခေါ်ယူဖို့
ပစ်မှတ်ထားနေကြတဲ့ ရီးယဲလ်တောင်ပံကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို (၂)နှစ်အငှားနဲ့
ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ကိုလံဘီယာတောင်ပံကစားသမားဖြစ်တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို တစ်နှစ်လုပ်ခပေါင်(၄.၄)သန်း
ပေးကာ အငှားနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျိမ်းစ်အား (၂)နှစ်အငှားခေါ်ယူပြီးသွား
ရင် ပေါင်(၃၁)သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ခွင့်ကိုပါ ရီးယဲလ်နဲ့ သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။

အသက်(25)နှစ်အရွယ် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ 2014ခုနှစ်က မိုနာကိုအသင်းမှ ရီးယဲလ်အသင်းကို ပေါင်သန်း(70)
နဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး (၃)နှစ်အတွင်းမှာ ရီးယဲလ်အသင်းနဲ့ လာလီဂါဖလား(၁)ကြိမ်၊ ချန်ပီယံလိဂ်ဖလား(၂)ကြိမ်၊
ဥရောပစူပါဖလား(၂)ကြိမ်၊ ကမ္ဘာ့ကလပ်ဖလား(၂)ကြိမ်တို့ကို ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက နည်းပြဇီဒန်းလက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်မရခဲ့ဘဲ နေရာပျောက်ခဲ့
သူဖြစ်ပါတယ်။ ဒါကြောင့် သူဟာ အခုနှစ်နွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့စီစဉ်ခဲ့ပြီး သူ့ကို မန်ယူအသင်းနဲ့ ချယ်လ်ဆီး
အသင်းတို့က အဓိကထားလိုက်နေခဲ့ကြတာပါ။ ဒါပေမယ့် သူ့ရဲ့ဆရာဟောင်းဖြစ်တဲ့ နည်းပြအန်စလော့တီရှိရာကို
ဘိုင်ယန်မြူးနစ်အသင်းကို ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

READ
ဂရေ့ဇ်မန်းကို ခေါ်ယူဖို့အတွက် အက်သလက်တီကို နဲ့ သဘောတူညီချက်ရခဲ့တဲ့ မန်ယူအသင်း

ဘိုင်ယန်မြူးနစ်ဥက္ကဋ္ဌ ရူမင်နစ်ဂီက ”ဂျိမ်းစ်ကို ခေါ်ယူနိုင်ခဲ့လို့ အလွန်ကိုပဲကျေနပ်မိပါတယ်။ ဂျိမ်းစ်ကို ခေါ်ယူဖို့ နည်းပြ
အန်စလော့တီက အဓိကတိုက်တွန်းပြီး ဆန္ဒရှိခဲ့တာပါ။ ဂျိးမ်စ်ဟာ စွယ်စုံရကစားသမားတစ်ဦးဖြစ်ပြီး ကွင်းလယ်မှာတင်
မက ဂိုးတွေလည်းသွင်းယူနိုင်တဲ့ကစားသမားတစ်ဦးပါ”လို့ ပြောခဲ့ပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

M2T (Shwemom), Source ; thesun.co.uk
SHARE