မိုးလေ၀သမြေပုံမှာ ယောင်္ကျားအင်္ဂါပုံပေါ်လာခဲ့လို့ လှောင်ပြောင်ခံခဲ့ရတဲ့အဖြစ်

Twitter

တိုက်ရိုက်ထုတ်လွှင့်တဲ့ ရုပ်သံသတင်းတွေဆိုတာ တော်တော်လေး သတိထားပြီး လုပ်ရတာတွေပါ။ သူတို့က တိုက်ရိုက်ထုတ်လွှင့်နေတာဖြစ်တာကြောင့် မှားယွင်းမှု တစ်ခုခုပေါ်လာရင်လည်း ပြန်ပြီး ပြင်လို့မရဘူးလေ။

အခုလည်း BBC သတင်းဌာနရဲ့ မိုးလေ၀သအစီအစဉ် ကြေညာသူတွေဟာ မုန်တိုင်းသတင်းကို တိုက်ရိုက်တင်ဆက်နေရင်း ရယ်စရာအဖြစ်တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဗြိတိန်နိုင်ငံတွင်းဝင်ရောက်တိုက်ခတ်နေတဲ့ မုန်တိုင်းဒင်းနစ် ကြောင့် နိုင်ငံရဲ့တချို့နေရာတွေမှာ ရေကြီးတာတွေ၊ လေပြင်းတိုက်တာတွေ၊ မိုးသည်းထန်စွာရွာတာတွေ ဖြစ်ပြီး မုန်တိုင်းနဲ့ဆိုင်တဲ့ သတင်းတွေကို သက်ဆိုင်ရာ သတင်းဌာနတွေက အချိန်နဲ့တပြေးညီ ထုတ်လွှင့်ပေးနေကြတာပါ။

BBC သတင်းဌာနကနေ ဖန်တီးထားတဲ့ မုန်တိုင်းအခြေအနေပြ မြေပုံမှာတော့ မုန်တိုင်းဒဏ်ခံနေရတဲ့နေရာတွေကို ဖော်ပြဖို့ ကြိုးစားရင်း ယောင်္ကျားအင်္ဂါပုံနဲ့ တူသွားခဲ့လို့ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးသွားခဲ့တာပါ။

READ
ဂွမ်းချင်တိုင်းဂွမ်းနေကြသော Cosplayer အဂွမ်းများရဲ့ ဓာတ်ပုံများ

ဗြိတိန်အနောက်ဖက် ကမ်းရိုးတန်းတစ်လျှောက် တိုက်ခတ်နေတဲ့ မုန်တိုင်းအကြောင်းကို ဖော်ပြနေတဲ့ မြေပုံဟာ မထင်မှတ်ပဲ အဲဒီလို ပုံစံမျိုး ပေါ်သွားခဲ့တာဖြစ်ပြီး မုန်တိုင်းဒင်းနစ်မဟုတ်ပဲ ယောင်္ကျားအင်္ဂါမုန်တိုင်း လို့တောင် နာမည်ပြောင်းခေါ်ဝေါ်နေကြပါပြီ။


ဝေးလ်နိုင်ငံတွင်းမှာတော့ ဒီမုန်တိုင်းကြောင့် စံချိန်တင်မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး နေရာတော်တော်များများမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်နေခဲ့တာပါ။

မိုင်(၁၂၀၀)ကျော်အတွင်း မိုးသည်းထန်စွာ ရွာနေတဲ့အနေအထားကို ပြသဖို့အတွက် သတင်းဌာနရဲ့ မြေပုံညွှန်းပြ၀န်ထမ်းတွေကြိုးစားခဲ့ကြတာဖြစ်ပြီး ရယ်စရာအဖြစ်နဲ့ နာမည်ကြီးသွားခဲ့တာပါ။

ဗြိတိန်နိုင်ငံတွင်း၊ အထူးသဖြင့် ဝေးလ်ကမ်းရိုးတန်းဒေသတွေမှာ ရေလွှမ်းမိုးမှုနဲ့ပတ်သက်လို့ သတိပေးချက်တွေ ထုတ်ပြန်နေရပြီး ဝေးလ်နိုင်ငံတောင်ပိုင်းဒေသတွေမှာလည်း မုန်တိုင်းကြောင့် စံချိန်တင် မိုးရွာသွန်းမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

READ
နာနတ်သီးရောင်းကောင်းစေဖို့ ဆံပင်ကို နာနတ်သီးပုံစံညှပ်ခဲ့သူ၊ တကယ်လည်း အလုပ်ဖြစ်ခဲ့

Linn

SHARE