ဟန်ဆောင်ပြီး မနေပါနဲ့…သင်ဟာ သင်ကိုယ်တိုင်ပဲဖြစ်နေပါစေ။

လူတော်တော်များများက ကိုယ့်ကိုယ်ကိုချစ်တတ်ဖို့ လိုအပ်ကြောင်းပဲပြောတတ်ကြပြီး ဘယ်လိုချစ်တတ်အောင် ကြိုးစားရမလဲဆိုတာကိုတော့ ပြောလေ့မရှိကြပါဘူး။ ဒီစာလေးဟာ သင့်ရဲ့အရှိကို အရှိအတိုင်းလက်ခံတတ်ဖို့၊ သင့်ကိုယ်သင် ချစ်တတ်လာဖို့ အများကြီး အထောက်အကူပေးမှာပါ။

(၁) သင့်ကိုသင်သေချာနားလည်ပါ

သင်ဟာဘယ်လိုလူလဲ၊ ဘယ်အရာတွေကို စိတ်ဝင်စားသလဲ၊ ဘယ်အရာတွေကို စိတ်မ၀င်စားဘူးလဲ ဆိုတာ ကိုယ့်ကိုယ်ကို သေချာပြန်မေးပါ။ ဘယ်အရာကိုမှမလုပ်သေးခင် ကိုယ့်ကိုယ်ကိုနားလည်အောင် အရင်ကြိုးစားပါ။

(၂) သူများရဲ့အမြင်ကိုလုံးဝဂရုမစိုက်ပါနဲ့

သင်အ၀တ်အစားဝတ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ သင်လုပ်ချင်တဲ့အရာကို လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် သူများတွေငါ့ကိုဘယ်လိုမြင်ကြမလဲ၊ ငါလုပ်တာ မှားများမှားသွားလားဆိုတာမျိုး လုံးဝမစဉ်းစားပါနဲ့။ သင့်ကိုယ်သင် မြင်တဲ့အမြင်လောက် ဘယ်သူ့အမြင်ကမှ အရေးမကြီးပါဘူး။ သင့်စိတ်ကျေနပ်ဖို့အဓိကပါ။

(၃) ဘယ်အရာကသင့်ကို တားဆီးနေတာလဲ

ဒါအရေးကြီးပါတယ်။ တစ်ခါတလေ ကိုယ့်ကိုတားဆီးနေတာ သူများမဟုတ်ပဲ ကိုယ်ကိုယ်တိုင်ဖြစ်နေတတ်ပါတယ်။ သင့်ကိုယ်သင်အခွင့်အရေးပေးကြည့်လိုက်ပါ။ သင်တွေးတာထက်ကို သင်လုပ်နိုင်တယ် ဆိုတာ သိလာပါလိမ့်မယ်။

READ
ချက်ချင်းစိတ်ဓာတ်တက်ကြွလာစေမယ့် ကမ္ဘာကျော်အဆိုအမိန့်များ

(၄) အနုတ်သဘောဆောင်တဲ့ အတွေးအခေါ်တွေကို ခါချပစ်လိုက်ပါ

ကိစ္စတစ်ခုခုကို မလုပ်ကြည့်ရသေးပဲ လက်လျှော့ချင်နေတာ မဖြစ်သင့်ပါဘူး။ သင့်ရဲ့ကြောက်တဲ့စိတ်တွေကို ခါထုတ်ပြီး သင်လုပ်ကိုလုပ်နိုင်တယ် ဆိုတာကို မမေ့ပါနဲ့။ ငါလုပ်မှလုပ်နိုင်ပါ့မလား၊ မဖြစ်သေးပါဘူး ဆိုတာမျိုး တွေးနေမယ့်အစား ချက်ချင်းထလုပ်လိုက်တာ ပိုအကျိုးရှိပါတယ်။

(၅) သူများအထင်ကြီးအောင်လုပ်ပြစရာမလိုပါဘူး

သင်လုပ်နေတဲ့အရာဟာ သင်လုပ်ချင်လို့လား ဒါမှမဟုတ် သူများအထင်ကြီးအောင် လုပ်တာလား သေချာစဉ်းစားပါ။ လူတွေကအထင်တော့ကြီးပါရဲ့ ကိုယ်ကိုယ်တိုင်က စိတ်ပင်ပန်းနေတဲ့ အလုပ်မျိုးဆိုရင်တော့ အဲဒီလို အလုပ်မျိုးကို  သင်ရပ်တန်းကရပ်တာ အကောင်းဆုံးပါ။

(၆) သင့်ကိုယ်သင်လက်ခံပါ

အားနည်းချက်ဆိုတာလူတိုင်းမှာရှိပါတယ်။ မွေးကတည်းက ပါလာတဲ့အားနည်းချက်က သင့်အမှားမှမဟုတ်ပဲ။ ဒီအရာတွေကြောင့် မသက်မသာခံစားနေရတယ် ဆိုရင်သာ သင့်အမှားဖြစ်ပါတယ်။ သင့်ရဲ့ အရှိကိုအရှိတိုင်းလက်ခံလိုက်ပါ။ သင်ကျိန်းသေ ပျော်ရွှင်လာမှာပါ။

(၇)၀ါသနာကို ချစ်မြတ်နိုးပါ

လူတိုင်းမှာ မွေးရာပါဝါသနာ ကိုယ်စီရှိကြပါတယ်။ ကမ္ဘာကြီးက စာတော်တဲ့သူတွေကမှ ကမ္ဘာကြီးကို အထောက်အကူ ပြုနိုင်တာမဟုတ်ပါဘူး။ ကိုယ်ဝါသနာပါတဲ့အရာကို တစိုက်မတ်မတ်ကြိုးစား အားထုတ်နေသူတွေကပဲ ကမ္ဘာကြီးကို အကျိုးပြုကြတာပါ။

READ
အောင်မြင်တဲ့လူတိုင်း ပေးဆပ်ခဲ့ရသောအရာများ

Em Em(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

 

 

SHARE