လူတွေစွန့်ပစ်ခဲ့တဲ့ အမှိုက်တွေ ပြည့်နေတဲ့ ကမ်းခြေမှာ အမှိုက်သိမ်းနေတဲ့ စင်ရော်ငှက်ကလေး

အားလပ်ရက်အချိန်တိုင်း လူတွေနဲ့ အပတ်စဉ် စည်ကားနေတဲ့ ဘရိုက်တန်ကမ်းခြေမှာ တစ်ပတ်တစ်ခါ အမှိုက်သိမ်းသမားတွေ အလွန်အလုပ်ရှုပ်တဲ့ ကမ်းခြေတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ လာရောက် အပန်းဖြေ လည်ပတ်ကြသူတွေဟာ စားစရာ သောက်စရာတွေကို စားသောက်ပြီးနောက် စားကြွင်းစာကျန်နဲ့ အမှိုက်သရိုက်တွေကို လက်လွတ်စပယ် ပစ်ထားခဲ့တယ်လို့ Metro က ဆိုပါတယ်။

Andrew Hasson

လူတွေ တော်တော်များများက စင်ရော်ငှက်တွေကို အနှောက်အယှက်ပေးသူတွေ၊ အမြဲလိုလို ဆာလောင်နေသူတွေ၊ တစ်ခါတရံမှာ သူတို့ အလစ်အငိုက်ဖြစ်နေစဉ် အစားအစာတွေကို ခိုးပြေးတဲ့သူတွေလို့ ထင်မှတ်နေကြပါတယ်။ ဒါပေမယ့် ပုံထဲမှာ ပြထားတဲ့ စင်ရော်ငှက်ကလေးကတော့ သူနိုင်တဲ့ အမှိုက်တွေကို ကိုက်ချီပြီး အမှိုက်ပုံးမှာ စနစ်တကျ စွန့်ပစ်နေပါတယ်။

Andrew Hasson

သြဂုတ်လဟာ အနောက်ဥရောပ နိုင်ငံတွေမှာ သိသိသာသာ အပူချိန် တိုးလာတဲ့ လတစ်ခုဖြစ်ပြီး၊ အပတ်စဉ် ပင်လယ်ကမ်းစပ်တွေမှာ ခရီးသွားတွေ လာရောက် အပန်းဖြေ ရေကစားသူတွေ များပြားလှတယ်လို့ သိရပါတယ်။ ဒါပေမယ့် စွန့်ပစ်ပစ္စည်း တန်ချိန်ကလည်း သိသိသာသာ မြင့်မားလာလို့ အမှိုက်သိမ်းသမားတွေဟာ အားလပ်ချိန် အလွန်နည်းပါးလာပါတယ်။

READ
မျက်ကပ်မှန်တပ်ပြီး ရေကူးခဲ့လို့ အမြင်အာရုံ ကွယ်ပျောက်သွားတဲ့ အမျိုးသမီးရဲ့အဖြစ်

ဘရိုက်တန်ကမ်းခြေမှာ သန့်ရှင်းရေးအလုပ်သမားတွေဟာ လူအင်အားနဲ့ လုပ်ရတဲ့ အလုပ်က မမျှတပါဘူး။ ဒီစင်ရော်ငှက်ကလေးကတော့ သူ့ဘာသာ တစ်နိုင်အမှိုက်ကလေးတွေကို သယ်ဆောင်ပြီး၊ အမှိုက်ပုံရှိရာကို သွားရောက်စွန့်ပစ်နေတာကို ဓာတ်ပုံဆရာ  Andrew Hasson က အမိအရ မှတ်တမ်းတင်ထားခဲ့ပါတယ်။

Andrew Hasson

သြဂုတ်လရဲ့ နောက်ဆုံးတိုင်းထွာရရှိခဲ့တဲ့ အပူချိန်ဟာ 28.2 ဒီဂရီဖြစ်ပြီး၊ ပိုပူလာမည့် သဘော လက္ခဏာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီရဲ့ နောက်ဆက်တွဲအနေနဲ့ ကမ်းခြေမှာ နောက်ထပ် အမှိုက်တွေ တိုးပွားလာဦးမယ့် သဘောမှာ ရှိနေပါတယ်။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE