အင်စတာဂရမ်ပေါ်က အချမ်းသာဆုံးခွေးများ

သူတို့က ဒီဇိုင်နာတွေနဲ့ သီးသန့်ချုပ်ထားတဲ့ ၀တ်စုံကောင်းတွေ ၀တ်ရတယ်၊ ကြယ်ငါးပွင့်အဆင့် ဟိုတယ်မှာတည်းပြီး အကောင်းဆုံးဆိုတဲ့ အစားအသောက်တွေကို စားရတယ်၊ ဆိုရှယ်မီဒီယာပေါ်မှာလည်း follower တွေ အများကြီး ရှိတယ်။ ဒါပေမယ့် သူတို့တွေက လူတွေတော့ မဟုတ်ပါဘူး။ တိရစ္ဆာန်ဘ၀ရောက်တာတောင် တော်တော်ကံကောင်းတယ်လို့ ဆိုနိုင်တဲ့ အင်စတာဂရမ်ပေါ်က ချမ်းသာလှတဲ့ ခွေးတွေပါ။ လူအများစုရဲ့ စိတ်ကူးအိပ်မက်တွေဖြစ်တဲ့ ကိုယ်ပိုင်လေယာဉ်နဲ့ ခရီးသွားတာ၊ ရေပူကန်ထဲမှာ ဇိမ်နဲ့ ရေစိမ်ပြီး အပန်းဖြေရတာ၊ ခမ်းနားတဲ့ ပါတီပွဲကြီးတွေထဲ အရောရောအနှောနှောနဲ့ လျှောက်သွားရတာမျိုး သူတို့က လုပ်နိုင်ကြပါတယ်။ အောက်မှာတော့ ထင်ရှားကျော်ကြားတဲ့ သခင်တွေကို လက်ဝယ်ပိုင်ဆိုင်ထားရလို့ ကောင်းစားနေကြတဲ့ ခွေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Lewis Hamilton ရဲ့ ခွေး Roscoe ဆိုရင် သူကိုယ်တိုင်က ခွေးမော်ဒယ်ပါ။ တစ်နေ့ကို မော်ဒယ်အလုပ်နဲ့ပဲ Roscoe က ပေါင် (၅၆၀) လောက် ရပါတယ်။ တစ်ခါတစ်လေRoscoe က ပင်ပန်းတဲ့အခါ တရုတ်အပ်စိုက်နည်းနဲ့ အနားယူ အပန်းဖြေတာတွေတောင် ရှိပါတယ်။

Andy Cohen ရဲ့ ခွေး Wacha ကတော့ သခင်ဖြစ်သူ Andy Cohen ရဲ့ ရှိုးတွေမှာ မကြာခဏလိုက်လာလေ့ရှိပါတယ်။ Wacha ဟာ ဆယ်လီပေါင်းများစွာနဲ့ ရင်းနှီးသူဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာတော့ follower ပေါင်း (၂၁၉,၀၀၀) လောက် ရှိပါတယ်။

ဒီိဇိုင်နာ Marc Jacobs ရဲ့ ခွေးကတော့ Neville ပါ။ Neville ကို အမြဲတမ်းဆိုသလို အင်္ဂလန်ကျွမ်းဘားပညာရှင် Louis Smith ရဲ့ ဟက်စကီးခွေး Luna နဲ့ အတူတူ တွေ့ရတတ်ပါတယ်။

The Rock လို့ အများသိကြတဲ့ ရုပ်ရှင်သရုပ်ဆောင် Dwayne Johnson ရဲ့ ခွေးကတော့ Hobbs ပါ။ The Rock ဟာ ခွေးကို Fast and Furious ထဲက ဇာတ်ကောင် Luke Hobbs ရဲ့နာမည်ပေးထားတာပါ။ Hobbs က သခင်ဖြစ်ရဲ့သီးသန့် gym ထဲကို ၀င်ရောက်ခွင့်ရှိသူဖြစ်တဲ့အပြင် သခင်ရဲ့ ဂျက်လေယာဉ်ရဲ့ ကမ္ဘာပတ်နေသူလည်း ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

READ
ဒီကော်ဖီစေ့ပုံထဲမှာ လူတစ်ယောက်ကို ရှာနိုင်လား....

Ref: Dailymail

SHARE