နှင်းတောင်တန်းတွေပေါ်မှ ဝက်ဝံပေါက်လေးတစ်ကောင်က ပေးသွားတဲ့ ဘဝသင်ခန်းစာ

နှင်းတောင်ပေါ်မှာ ရှိနေတဲ့ မိခင်ကြီးဆီ အရောက်သွားနိုင်ဖို့ အားမာန်အပြည့်နဲ့ တောင်ပေါ်ရောက်အောင် ကုတ်ကပ်တပ်ခဲ့တဲ့ ၀က်ဝံလေးတစ်ကောင်ရဲ့ ဗီဒီယိုဖိုင်ဟာ အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။ ဗီဒီယိုအစမှာတော့ ၀က်ဝံသားအမိနှစ်ကောင်ကို မြင်ရမှာပါ။ ၀က်ဝံမကြီးက နှင်းတွေ ဖုံးနေတဲ့ ဆင်ခြေလျော တောင်စောင်းကနေ တောင်ပေါ်ရောက်အောင် တက်သွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၀က်ဝံကလေးကတော့ မိခင်ကြီးလို တောင်ပေါ်ရောက်အောင် ချက်ချင်းမတက်နိုင်ရှာဘဲ အောက်ကိုသာ လျှောပြီး မကြာခဏပြုတ်ကျနေခဲ့ပါတယ်။

VIRALHOG

ဝက်ဝံလေးဟာ မိခင်ဆီ ရောက်ဖို့ ကြိမ်ဖန်များစွာ ကြိုးစားခဲ့ပါတယ်။ တစ်ကြိမ်မှာတော့ မိခင်ဆီ ရောက်မယ်အလုပ် ထပ်ပြီးနှင်းတွေနဲ့ ချော်ကာ ဟိုးအောက်ခြေထိ ရောက်သွားခဲ့ပြန်ပါတယ်။ ဒါပေမယ့် ၀က်ဝံလေးက ဇွဲကြီးရှာပါတယ်။ အခေါက်အခေါက်အခါခါ အောက်ကို ပြုတ်ကျနေပေမယ့် သူ့ရဲ့ လုံ့လစိုက်ထုတ်မှုကိုတော့ မလျော့ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ၀က်ဝံလေးဟာ မိခင်ဝက်ဝံမကြီးနဲ့ ပြန်လည်ပေါင်းစညးနိုင်ခဲ့တာကို ကြည်နူးဖွယ် တွေ့ရပါတယ်။

VIRALHOG
VIRALHOG

၎င်းဝက်ဝံလေးရဲ့ အဖြစ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ဟာ လူပေါင်းများစွာကို စိတ်ဓာတ်ခွန်အားပေးနိုင်ခဲ့ပါတယ်။ ရှေ့ကိုသာ ရှေးရှုပြီး ဘယ်တော့မှ အရှုံးမပေးကြဖို့အတွက် တစ်ဦးနဲ့ တစ်ဦး အားပေးတိုက်တွန်းထားတဲ့ အွန်လိုင်းပေါ်က စာသားတွေကိုလည်း တွေ့ရပါသေးတယ်။ အောက်ဘက်မှာတော့ တိရစ္ဆာန်ဖြစ်လင့်ကစား ဇွဲလုံ့လရဲ့ အရေးကြီးပုံကို လူသားတွေဆီ ပညာပေးသွားခဲ့တဲ့ ချီးကျူးဖွယ် ၀က်ဝံလေးရဲ့ ဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

READ
စာအော်ဖတ်ပြရင် ကလေးတွေကို အထူးလျော့ဈေးပေးတဲ့ ဆံသဆိုင်

လင်းလင်း (ShweMom)

Ref: Sun , Mirror

SHARE