နံချပ်ကူအစွမ်းပြခဲ့လို့ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေတဲ့ ဝက်ဝံလေး

[email protected]

နံချပ်ကူကစားဖို့ဆိုတာ တော်ရုံတန်ရုံလူအတွက် မဖြစ်နိုင်ပါဘူး။ ဒီအတိုင်း နံချပ်ကူကိုကိုင်ပြီး ဟိုလှည့်ဒီလှည့်နဲ့ လုပ်ရင်တောင်မှ အခန့်မသင့်ရင် ခေါင်းထိလိုက်၊ ကျောကုန်းထိလိုက်နဲ့ တော်တော်လေးကို တိုင်ပတ်ပါတယ်။ ပြီးတော့ ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်ဖို့ဆိုရင်တောင်မှာ အချိန်ကာလတစ်ခုအထိ လေ့ကျင့်မှ ကစားနိုင်မှာပါ။ ဒါပေမယ့် ဝက်ဝံလေးတစ်ကောင်ကတော့ အဲဒီလို မဟုတ်ပါဘူး။ နံချပ်ကူကိုင်လိုက်တာနဲ့ တစ်ကယ့် ပရော်ဖက်ရှင်နယ်တစ်ယောက်လို ကစားနိုင်တာကြောင့် အဆိုပါဝက်ဝံလေးဟာ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေကြောင်း NY Post သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့ ဝက်ဝံလေးကတော့ ဂျပန်နိုင်ငံက Yagyiyama တိရစ္ဆာန်ရုံမှာရှိတဲ့ အသက်လေးနှစ်အရွယ် ဝက်ဝံလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါဝက်ဝံလေးဟာ ကွန်ဖူးပန်ဒါလို့ နာမည်ကြီးနေပြီး လူတော်တော်များများကလည်း အဆိုပါဝက်ဝံလေးရဲ့ နံချပ်ကူစွမ်းရည်ကို အသိအမှတ်ပြုကြကြောင်း သိရပါတယ်။ ကြာချိန် စက္ကန့် ၂၀ ကျော်လောက်သာရှိတဲ့ ဒီဗီဒီယိုဖိုင်ဟာ ကြည့်ရှု့သူ ၁၄ သန်းကျော်ရှိခဲ့ပြီး Like 160k အထိ ရှိခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု ဖြစ်ပါတယ်။

READ
လူတွေကိုခေါင်းခြောက်သွားစေတဲ့ ခြေထောက်သုံးချောင်းနဲ့ကောင်မလေးရဲ့ဓာတ်ပုံ
[email protected]

အဆိုပါဗီဒိယိုရဲ့ အောက်မှာတော့ comment ပေါင်း 50k ရှိခဲ့သလို တော်တော်များများကလည်း အဆိုပါဝက်ဝံလေးကို ဂျက်ကီချန်း၊ Bruce Lee တို့နဲ့တူကြောင်း စနောက်ခဲ့ကြပါတယ်။ “ကစားတတ်တာ သူ့ဘာသူကစားတတ်တာပါ။ ကျွန်တော်တို့ဆီက ဝန်ထမ်းတွေလည်း တစ်ယောက်မှ မသင်ပေးထားပါဘူး။ သူ့ကို ဖျော်ဖြေရေးတစ်ခုခုသင်ပေးဖို့ လုပ်တုန်းက ပစ္စည်းတွေထဲက နံချပ်ကူကို သူ့ဟာသူထုတ်ပြီး သူ့ဘာသာသူ ကစားပြခဲ့တာပါ” လို့ အဆိုပါ တိရစ္ဆာန်ရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE