မြစ်ဘေးမှာအနားယူနေစဉ် ဘေးမှာလာထိုင်တဲ့ ၀က်ဝံကြောင့် ထိတ်လန့်ခဲ့ရတဲ့ အမျိုးသား

နှစ်စဉ်နှစ်တိုင်း အညိုရောင်ဝက်ဝံကြီးတွေဟာ အလက်စကာရဲ့ မက်က်နေးလ်မြစ်နားမှာ လာရောက်စုရုံးကြလေ့ ရှိပါတယ်။ ၀က်ဝံတွေဟာ ဇွန်လနဲ့ သြဂုတ်လတွေအတွင်းမှာ မြစ်နားကိုလာပြီး ဆော်လမွန်ငါးတွေကို လာရှာစားကြပါတယ်။ နှစ်စဉ်မက်က်နေးလ်မြစ်ထဲမှာ လာရောက်စုစည်းပြီး ငါးရှာကြတဲ့ဝက်ဝံတွေကို ကံကောင်းလှတဲ့ လက်တစ်ဆုပ်စာခရီးသွားတွေကပဲ ဓာတ်ပုံရိုက်နိုင်ကြပါတယ်။ ၀က်ဝံတွေနားကို ဓာတ်ပုံသွားရိုက်ကြတဲ့လူတွေကလည်း ၀က်ဝံတွေ မထိတ်လန့်ရအောင်သူတို့ရဲ့အပြုအမူတွေကို ဂရုတစိုက်နဲ့ ဆင်ခြင်ကြရပါတယ်။

အောက်မှာဖော်ပြထားတဲ့ ဗီဒီယိုကိုတော့ ဒရူးဟာမင်တန်ဆိုသူက ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒရူးဟာမင်တန်ဟာ အလက်စကာဘေးမဲ့တောဌာနမှာ အလုပ်လုပ်နေတဲ့ နည်းပညာပိုင်းဆိုင်ရာ အလုပ်သမားတစ်ဦးလည်းဖြစ်ပါတယ်။ ဒရူးဟာ သူ့ရဲ့ကမ့်ပ်ထိုင်ခုံမှာထိုင်ပြီး မြစ်ထဲကို ကင်မရာနဲ့ချိန်ကြည့်နေတုန်း အရွယ်ရောက်ပြီးသား အညိုရောင်ဝက်ဝံကြီးတစ်ကောင်က သူ့ဆီကိုတည့်တည့်မတ်မတ် လျှောက်လာခဲ့တာပါ။

ဒရူးက ရုတ်တရက်ထိတ်လန့်သွားခဲ့ပြီး ထိုင်နေမိတဲ့ ကြောင်စီစီ ထိုင်နေခဲ့ပါတယ်။ ၀က်ဝံကြီးဟာ ညင်ညင်သာသာပဲသန်းဝေလိုက်ပြီး တခြားဝက်ဝံတွေလို ငါးအရှာမထွက်ခင် မြစ်ပတ်ဝန်းကျင်အလှကို ခံစားနေခဲ့ပါတယ်။ အောက်မှာတွေ့ရတဲ့ဗီဒီယိုဖိုင်မှာတော့ ၀က်ဝံကြီးဟာ စိတ်အေးသက်သာစွာနဲ့ လူထိုင်နေတဲ့ထိုင်ခုံဘေးမှာ မြစ်ဆီမျှော်ကြည့်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

READ
ပြဿနာဖြေရှင်းမှုစွမ်းရည် တော်လွန်းတယ်လို့ ထင်ရသူများ

လင်းလင်း (ShweMom)

Ref: happiest

SHARE