သြစတြေးလျနိုင်ငံ New South Wales ပြည်နယ်နဲ့ Queensland ပြည်နယ်တွေမှာ တောမီးအကြီးအကျယ်လော င်ကျွမ်းပြီး ထိခိုက်ပျက်စီးမှုတွေဖြစ်ခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲ ဒီတောမီးကြောင့် လူတွေရဲ့အိုးအိမ်တွေထိခိုက်ပျ က်စီးရုံသာမကပဲ တိရစ္ဆာန်လေးတွေလည်း ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပွားခဲ့ပါတယ်။အဆိုပါဒေသမှာရှိတဲ့ အသက်ရှင်ကျန်ရစ်တဲ့ခိုအားလားလေးတွေရှိမရှိကို လိုက်လံစစ်ဆေးတဲ့အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲ့ဒီအဖွဲ့ထဲမှာ အရေးပါတဲ့အဖွဲ့ဝင်ကတော့ ခွေးလေး Bear ပဲဖြစ်ပါတယ်။ ခွေးလေး Bear ဟာ Queensland ပြည်နယ်မှာရှိတဲ့ အပျက်အစီးတွေထဲမှာ အသက်ရှင်နေတဲ့ခိုအားလားလေးတွေ ရှိ၊မရှိကို လိုက်လံရှာဖွေရတာပဲ ဖြစ်ကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
This is Bear. He was abandoned as a puppy due to his OCD, but quickly found a new life as a koala detection dog. As wildfires devastate Australia’s east coast, Bear is doing his best to locate any injured or misplaced koalas. He’s their unexpected savior, and our thirteenth 15/10 pic.twitter.com/dWe8tWbEJo
— WeRateDogs® (@dog_rates) November 21, 2019
ခိုအားလားလေးတွေကို ရှာဖွေကယ်ဆယ်မှုတွေလုပ်နေတဲ့ သူရဲကောင်းလေး Bear

သြစတြေးလျတောမီးကြောင့် ခိုအားလားတော်တော်များများဟာ သေဆုံးခဲ့ကြပါတယ်။ အဲ့ဒီထဲကမှာ အသက်ရှင်ကျန် ရစ်တဲ့ခိုအားလားလေးတွေကို Bear လေးကလိုက်လံရှာဖွေနိုင်ဖို့မျှော်လင့်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေ ကပြောပါတယ်။ တိရစ္ဆာန်လေးတွေဟာ ဆက်လက်ဖြစ်ပွားနေတဲ့ သဘာဝဘေးကနေ သူတို့ကိုကယ်တင်နိုင်မယ့် သူရဲကောင်းတွေလိုအပ်နေပါတယ်။ခွေးလေး Bear ဟာ ခိုအားလားလေးတွေကိုရှာဖွေကယ်ဆယ်တဲ့နေရာမှာ အရေးပါတဲ့ကယ်ဆယ်ရေးအဖွဲ့ဝင်ပဲဖြစ်ပါတယ်။ Bear ဟာ မကြာသေးခင်က Queensland အရှေ့တောင်ဘက်ကို တပ်ဖြန့်ရှာဖွေခဲ့သလို အခက်ခဲဆုံးဒေသတစ်ခုဖြစ်တဲ့ New South Wales မှာလည်း တပ်ဖြန့်ရှာဖွေမှုတွေလုပ်နေ ပါတယ်။ခွေးလေး Bear ဟာ ဒေသအတွင်းနေထိုင်တဲ့ခိုအားလားလေးတွေကိုရှာဖွေနိုင်တဲ့ တစ်ကောင်တည်းသောေ ခွးလေးပဲဖြစ်ပါတယ်။
Bear ဟာ တောထဲမှာရှိတဲ့ နေမကောင်း၊ ဒဏ်ရာရပြီး မိဘမဲ့ဖြစ်သွားတဲ့ ခိုအားလားလေးတွေကို ရှာဖွေနိုင်ဖို့ အထူးလေ့ကျင့်ပေးထားတဲ့ခွေးတစ်ကောင်လည်းဖြစ်ပါတယ်။

Bear ဟာ collie ခွေးအမျိုးအစားနဲ့ koolie ခွေးအမျိုးစားကိုစပ်ထားတဲ့ခွေးအမျိုးအစားဖြစ်ပြီး သူ့ရဲ့အလုပ်ကတော့ ထိန်းသိမ်းရေးနဲ့ရှာဖွေရေးခွေးတစ်ကောင်ပဲဖြစ်ပါတယ်။သူ့ကို တောမီးအတွင်း ဒဏ်ရာရ၊ မိဘမဲ့သွားတဲ့ခိုအားလား လေးတွေကိုရှာဖွေဖို့အတွက် အထူးလေ့ကျင့်သင်ကြားပေးထားတဲ့ခွေးတစ်ကောင်လည်းဖြစ်ပါတယ်။
Bear လေးဟာ အခုဆိုရင် အသက်(၆)နှစ်ရှိပြီဖြစ်ပါတယ်။

တောမီးထဲမှာရှိတဲ့ ခိုအားလားလေးတွေကိုကယ်ဆယ်တာဟာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ခိုအားလားလေး တွေကိုရှာဖွေဖို့အတွက် ခွေးတွေလိုအပ်နေတယ်ဆိုတာကို လူတွေကစိတ်ဝင်စားမှုမရှိပါဘူး။ ခွေးလေး Bear တောင်မှ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ယခင်သခင်တွေကစွန့်ပစ်ခဲ့တဲ့ခွေးလေးဖြစ်ပါတယ်။
ယခင်ပိုင်ရှင်တွေက ကရုမစိုက်နိုင်တော့တာကြောင့် ခွေးလေး Bear ကို ကိုထိန်းသိမ်းစောင့်ရှောက်ဖို့ အတွက် ထောက်လှမ်းရေးခွေးဂေဟာကိုပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

ခွေးလေး Bear ဟာ သူ့ရဲ့အလုပ်အတွက် ပြီးပြည့်စုံတဲ့ဝတ်စုံကိုဝတ်ဆင်ပြီး သူရှာဖွေရမယ့်သားကောင်ရဲ့အ နံ့ကို စူးစိုက်ရှာဖွေမှုတွေပြုလုပ်ပေးပါတယ်။ ဒ်ီအတွက်သူရရှိတဲ့ဆုလဒ်ကတော့ သူသဘောကျတဲ့ဘောလုံးလေးပဲ ဖြစ်တယ်လို့ တိရစ္ဆာန်စောင့်ရှောက်မှုအတွက် နိုင်ငံတကာရန်ပုံငွေအဖွဲ့က မီဒီယာတွေကိုပြောပြခဲ့ပါတယ်။
Bear ဟာ အသက်ရှင်နေတဲ့ခိုအားလားလေးတွေကိုကူညီကယ်ဆယ်မှုတွေလုပ်နေသလို သင်ကလည်းတတ်နိုင်သလောက် တိရစ္ဆာန်စောင့်ရှောက်မှုအတွက် နိုင်ငံတကာရန်ပုံငွေအဖွဲ့ကိုလိုအပ်နေတဲ့တိရစ္ဆာန်လေးတွေအတွက်အလှူငွေတွေထည့်ဝင်လို့ လည်းရပါတယ်လို့ ဒီသတင်းလေးနဲ့အတူ တိရစ္ဆာန်ချစ်သူလေးတွေကို အသိပေးလိုက်ပါတယ်နော်။
Ts