ခန္ဓာကိုယ်ထဲ ကိုလက်စထရောများနေတာကို ဘယ်လိုနည်းတွေနဲ့ ခြေဖျက်ပစ်မလဲ

pexels/theformfitness

သင့်နှလုံးကို ကာကွယ်ဖို့ ကိုလက်စထရောပမာဏကို ထိန်းချုပ်ခြင်းဟာ အရေးကြီးဆုံးပဲဖြစ်ပါတယ်။ ဒါကြောင့် မကောင်းတဲ့ကိုလက်စထရောပမာဏကို လျှော့ချဖို့နဲ့ နှလုံးကျန်းမာရေးအတွက် လိုက်နာသင့်တဲ့ နည်းလမ်းကောင်းလေးတွေကို mirror သတင်းဌာနကတဆင့် ဖော်ပြပေးလိုက်ပါရစေ။

ပဲပိစပ်ကို စားသုံးပါ

ကြေညက်မလွယ်တဲ့ ပြည့်ဝဆီတွေပေါကြွယ်ဝတဲ့ နို့ထွက်ပစ္စည်းတွေနဲ့ အသားတွေနေရာမှာ တိုဖူး၊ ပဲပုပ်၊ ဒိန်ချဉ်နဲ့ ပဲနို့ရည်တွေကို အစားထိုးစားသုံးနိုင်ပါတယ်။ ပဲပိစပ်မှာဆိုရင် ပရိုတိန်းဓာတ်အပြည့်၊ ကျန်းမာတဲ့ အဆီတွေအပါအ၀င် ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေအများကြီးပါဝင်တဲ့အတွက် ကိုလက်စထရောပမာဏကို လျှော့ကျစေတာ ဖြစ်ပါတယ်။

pexels/Tirachard Kumtanom

ဆန်ပြုတ်သောက်ပါ

အုတ်ဂျုံဆန်ပြုတ်တွေဟာ မနက်စာအတွက် အကောင်းဆုံးအစားအစာတစ်မျိုး ဖြစ်ပါတယ်။ အုတ်ဂျုံထဲမှာဆိုရင် ဘီတာဂလူကန်လို့ခေါ်တဲ့ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။ ဒီအမျှင်ဓာတ်ကို ပုံမှန်စားသုံးမယ်ဆိုရင် ကိုလက်စထရောပမာဏကို လျော့ကျစေပါတယ်။ ဘီတာဂလူကန်ဟာ အူထဲရောက်သွားတဲ့အခါ ကိုလက်စထရောပေါကြွယ်ဝတဲ့ မော်လီကျူးတွေဆီ ပူးကပ်လိုက်ပြီး ၄င်းမော်လီကျူးတွေ သွေးတွင်းစိမ့်ဝင်ခြင်းမှ တားမြစ်ပေးပါတယ်။

READ
တစ်လအတွင်းသိသိသာသာ ကိုယ်အလေးအချိန်ကျစေဖို့နည်းလမ်းများ

တစ်ပတ်မှာ တစ်ရက်အစာရှောင်ပါ

ခန္ဓာကိုယ်တွင်း ကိုလက်စထရောပမာဏကို ထိန်းညှိဖို့အတွက် တစ်ပတ်မှာတစ်ရက်လောက်တော့ အစားလျှော့စားတာ၊ အစာရှောင်တာမျိုးဟာ ကောင်းမွန်ကြောင်း သိပ္ပံပညာရှင်တွေက သုံးသပ်ထားပါတယ်။ တစ်နေ့တာအတွက် ကယ်လိုရီသုံးစွဲမှုကို ကန့်သတ်လိုက်တဲ့အခါ မကောင်းတဲ့ ကိုလက်စထရောတွေကျဆင်းစေပါတယ်။ ဒါ့အပြင် အ၀လွန်မှုကိုလျှော့ချပေးပြီး ဇီဝတွင်း သကြားဓာတ်ကိုခြေဖျက်နိုင်စွမ်းကိုလည်း တိုးတက်စေပါတယ်။

pexels/Daniel Reche

လမ်းသွက်သွက်လျှောက်ပါ

လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ကိုလက်စထရောပမာဏကို ထိန်းချုပ်ဖို့ အသုံးဝင်တဲ့နောက်ထပ်တစ်နည်း ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကြွက်သားတွေကို အလုပ်လုပ်စေလို့ပါ။ ဒါပေမဲ့ ကြွက်သားတွေ များများအလုပ်လုပ်အောင်ဆိုပြီး ပြေးစရာတော့မလိုပါဘူး။ လမ်းလျှောက်ရုံတင် လုံလောက်နေပါပြီ။ လမ်းလျှောက်တယ်ဆိုရာမှာတော့  ခပ်သွက်သွက်နဲ့ မြန်မြန်ကလေး လျှောက်ရမှာဖြစ်ပါတယ်။

တစ်နေ့ ပန်းသီး (၂) လုံး စားပေးပါ

မကြာသေးခင်က လေ့လာချက်တစ်ခုမှာ တစ်နေ့ပန်းသီးနှစ်လုံးစားပေးခြင်းနဲ့ ကျန်းမာတဲ့လူနေမှုဘ၀ကို ထူထောင်ပါလို့ဆိုထားပါတယ်။ ပန်းသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အပြင် ပိုလီဖီနောလ်လို ရောဂါတိုက်ဖျက်ပေးတဲ့ဓာတ်ပေါင်း ပါဝင်ပါတယ်။ ပိုလီဖီနောလ်ဟာ အယ်လ်ဒီအယ်လ် ကိုလက်စထရောပမာဏကို သိသိသာသာလျော့ချပေးပါတယ်။ ဒါပေမဲ့ ပန်းသီးရည်မှာတော့ အလားတူအကျိုးကျေးဇူးမျိုးကို မတွေ့ရတာကြောင့် အသီးကိုသာစားပေးဖို့ ပညာရှင်တွေကတော့ တိုက်တွန်းထားပါတယ်။

READ
Exercise ဘောလုံး (Gym ဘောလုံး) ကနေ ပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးများ

လင်းလင်း (ShweMom)

SHARE