Beats by Dre အောင်မြင်မှုရဲ့ နောက်ကွယ်က လူမသိသေးတဲ့ အကြောင်းအချက်အချို့

BeatsbyDre.com

Beats By Dre headphone ကို မသိတဲ့ သူရယ်လို့ ခပ်ရှားရှားပါပဲ။ ဆယ်လီတွေ၊ နာမည်ကြီး အားကစား သမားတွေ၊ အဆိုတော်တွေကြားထဲ တော်တော်လေး ရေပန်းစား အသုံးပြုခဲ့ကြတာ စတင်ထွက်ရှိကတည်ကနေ အခုထိပါ။

ဒီလို အထက်တန်းစား နားကြပ်တွေကို ထုတ်လုပ်တဲ့သူကလည်း နယ်နယ်ရရထဲကမဟုတ်… ဂီတဖန်တီးရှင် Dr. Dre ပဲဖြစ်တယ်။ သူရဲ့ Beats တွေဟာ ကမ္ဘာတစ်ဝှမ်း ကျော်ကြားလာခဲ့ပြီး သူ့ရဲ့ ဘေ့စ်လိုင်း ချိန်းဆပုံတွေကြောင့် အငြင်းပွားဖွယ်ရာ ကိစ္စတစ်ချို့တောင် ပေါ်ပေါက်ခဲ့ရတယ်။ စစချင်းမှာတော့ headphone တွေကို ထုတ်လုပ်ခဲ့တယ်၊ အဲ့ဒီ့နောက် နည်းပညာပိုင်းကို ချဲ့ထွင်ပြီး earbuds၊ portable speaker နဲ့ ကား audio ပိုင်းတွေအထိ ဈေးကွက်မှာ ထိုးဖောက်လာနိုင်ခဲ့တယ်။

ဒီလိုမျိုး ဘရန်းနဲ့ လိုဂိုဟာ ကမ္ဘာအနှံ့ လူကြိုက်များ ရေပန်းစားတာမှန်လည်း တော်တော်များများကတော့ Beats by Dre ရဲ့ နောက်ကွယ်က အောင်မြင်မှုနဲ့ သမိုင်းကြောင်းတွေကို အမှတ်တမဲ့ပဲ ရှိကြပါတယ်။

BeatsbyDre.com

Beats ကို ၂၀၀၆ ခုနှစ်မှာ ရက်ပ်ပါ၊ ပရိုဂျူဆာ Dr. Dre နဲ့ Interscope A&M Records chairman, Jimmy Iovine တို့က ကယ်လီဖိုးနီယား ပြည်နယ် ဘရစ်ဘိန်း မြို့အခြေစိုက် Monster Cable ဆိုတဲ့ ပရီမီယမ် အော်ဒီယိုနဲ့ ဗီဒီယို ကေဘယ်ထုတ်လုပ်တဲ့ ကုမ္ပဏီနဲ့ ပူးပေါင်းပြီး စတင်ထုတ်လုပ်ခဲ့ကြပါတယ်။

READ
အရာရာစိတ်ဓာတ်ကျစရာတွေချည်းပဲ တွေးလေ့ရှိတဲ့ Blue Monday အကြောင်း

၂၀၀၈ ခုနှစ်မှာတော့ Monster Beats Studio Headphones တွေကို ထုတ်လုပ်ခဲ့တယ်။ Headphone တွေက အသုံးပြုသူတွေကြားမှာ ပေါ်ပေါ်ထင်ထင်ရှိခဲ့ပေမယ့် ချက်ချင်ကြီးတော့ အောင်မြင်မှုရရှိခဲ့တာတော့ မဟုတ်ဘူး။ ကွာလတီအတွက် ဈေးနှုန်းကိုလည်း စစချင်းမှာပဲ အနေအထားတစ်ခုအထိသတ်မှတ်ပြီး (ဒေါ်လာ ၃၅၀) ထုတ်လုပ်ခဲ့တဲ့အတွက် ပရိတ်သတ်တွေအနေနဲ့ ၀ယ်သင့် မ၀ယ်သင့် ဇဝေဇ၀ါတွေဖြစ်ခဲ့ရတယ်။

BeatsbyDre.com

Iovine ကတော့ ပြောတာရှင်းပါတယ်… သူတို့အနေနဲ့ စတူဒီယိုထဲရောက်နေသလို ခံစားရအောင် ဖန်တီးထားတယ်… ဒါကြောင့် လူတွေ အသုံးပြုကြတယ်လို့ ရိုးရိုးလေးပဲ ပြောခဲ့ပါတယ်။ Iovine ရဲ့ အကွက်က တကယ်စေ့ပါတယ်။ သုံးနှစ်ဆိုတဲ့ အချိန်အတွင်းမှာ ဈေးကွက်လှုပ်ရှားမှုတွေ၊ စပွန်ဆာရှစ်တွေနဲ့ Beats ဟာ ဟိုးလေးတစ်ကျော်ဖြစ်လာခဲ့တယ်။ အဲ့ဒီ့နောက် Monster နဲ့ လက်တွဲဖြုတ်ပြီး ထိုင်ဝမ် ဖုန်းကုမ္ပဏီ HTC နဲ့ လုပ်ငန်းသစ်စခဲ့တယ်။

၂၀၁၀ ခုနှစ်မှာ HTC ဟာ Beats နဲ့ ပူးပေါင်းပြီး သူတို့အနေနဲ့လည်း ဖုန်းလောကမှာ အနေအထားတစ်ခုနဲ့ ရပ်တည်လိုတဲ့အတွက် ဒီ လက်တွဲမှုဟာ မှန်ကန်တဲ့ လုပ်ရပ်လို့ ယူဆခဲ့ကြပါတယ်။ ၂၀၁၂ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်သွားခဲ့ပြီး Beats ဟာပိုပြီးတော့ ဈေးကွက်မှာ ပိုပြီး လွတ်လွတ်လပ်လပ် ကျယ်ပြန့်လာပါတော့တယ်။

၂၀၁၃ ခုနှစ်အရောက်မှာတော့ Apple က အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံနဲ့ Beats ကို ၀ယ်ယူခဲ့ပြီး ဒါက ကုမ္ပဏီရဲ့ သမိုင်းမှာ အကြီးအကျယ်ဆုံး ပေးချေမှုလည်း ဖြစ်ခဲ့တယ်။ နောက်ဆုံး Apple stores တွေမှာလည်း Beats က ရောက်လာသလို App Music app မှာဆို ကိုယ်ပိုင် radio station တောင်မှ ရှိနေပါပြီ။

READ
သင်မသိသေးတဲ့ တိရိစ္ဆာန်တွေ ရဲ့ထူးခြားတဲ့ အချက်များ
Beatsbydre.com

ပထမဆုံး headphones တွေကို စမ်းသပ်တုန်းက Jimmy Iovine ဟာ စတူဒီယို အလုပ်ခန်းတွေဆီ သွားရောက်ပြီး နားကြပ်တွေကို စမ်းသုံးကြည့်စေတယ်… ပြီးတော့ ပရိုဂျူဆာတွေ၊ အဆိုတော်တွေ၊ ဂီတသမားတွေဆီက မှတ်ချက်တွေပြန်တောင်းခဲ့တယ်။ ဈေးကွက်ကို ဆယ်လီတွေဆီ အရင်ပစ်မှတ်ထားပြီး ကြီးသထက်ကြီးအောင် ချဲ့ထွင်ခဲ့တယ်။

Beats ရဲ့ ထင်ရှားပြီး အမြဲတမ်း သဘောကျစရာကောင်းနေတဲ့ လိုဂိုကိုတော့ ဘရန်း အေဂျင်စီ Ammunition က ဒီဇိုင်းရေးဆွဲပါတယ်။ Anton Stankowskia ရဲ့ 1971 Stadt Bruhl လိုဂိုကို မှီငြမ်းထားတယ်လို့ သိရတယ်။ Beats ဟာ အချိန်တိုအတွင်းမှာ audio လောကရဲ့ တခြားသော နာမည်ကြီး ဘရန်းတွေဖြစ်တဲ့ Bose, JVC, Sony တို့နဲ့အတူ ထိပ်တန်းကို ရောက်လာခဲ့တယ်။  လက်ရှိမှာလည်း headphones လောကမှာ Beats ဟာ အင်အားကြီး ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နေဆဲ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

Matthew (ShweMOM)

SHARE