သူဌေးအဖိုးကြီးတွေဆီကနေ သိုက်တူးပြီး ပေါင်သောင်းချီ ရှာနိုင်ခဲ့သည့်ကောင်မလေး

အသက် 18 နှစ်သာ ရှိသေးတဲ့ ကျောင်းသူမလေးဟာ များပြားလှတဲ့ သူဌေးအဖိုးကြီးတွေနဲ့ မကြာခဏ Date ပြီး၊ ငွေကြေး အမြောက်များ ရှာဖွေနိုင်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါကို သူမရဲ့လက်ရှိချစ်သူနဲ့အတူ သဘောတူ ဆောင်ရွက်ခဲ့ကြတာမို့ ပြဿနာ တစ်စုံတရာ မရှိခဲ့ပါဘူး။

အဆိုပါ ကျောင်းသူရဲ့ နာမည်ကို Winnie Mei  လို့ သိရပြီး Suger Daddy တွေ ရှာဖွေရာမှာလည်း သိပ်ကျွမ်းကျင်သလို၊ ချွဲတဲ့ နှပ်တဲ့နေရာမှာလည်း အလွန်လည်သူဖြစ်တယ်လို့ ဆိုပါတယ်။ သူမဟာ အခုအချိန်ထိ အဲဒီ သူဌေးအဖိုးကြီးတွေ
ထောက်ပံ့တဲ့ ပိုက်ဆံနဲ့ ကျောင်းနေနိုင်ခဲ့ပြီး၊ ဘွဲ့ကိုလည်း ဒီနည်းလမ်းကို အသုံးချကာ ရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

သူမဟာ အသက် 19 နှစ်အရွယ် စားသောက်ဆိုင် စားပွဲထိုးလေး Mason Chilton နဲ့ တရားဝင်ချစ်သူ ဖြစ်နေပြီး၊ သူမရဲ့ Sugar Daddy ကိစ္စကြောင့်တော့ လက်ရှိအချစ်ရေးကို ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။ သူမဟာ လေးလလောက်အတွင်းမှာ ပေါင် 2000 လောက်အထိ ရှာဖွေနိုင်ခဲ့ပြီး၊ အခုအချိန်ထိလည်း ခိုင်မာတဲ့ဝင်ငွေကို ဖန်တီးနိုင်နေဆဲပါ။

READ
ကလေးငယ်လေးနဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းအိမ်မွေးဘဲလေးတို့ရဲ့ ပုံရိပ်များ

Mei က ” သူတို့တစ်တွေဟာ Sugar Baby တွေဆိုရင် သိပ်သဒ္ဓါတရားထက်သန်ကြပါတယ် … နှစ်စဉ် ပေါင် ထောင်ပေါင်းများစွာ ရင်းနီးကြလေ့ရှိပါတယ် … ကျွန်မ သဘောမပေါက်တာက ဒီလောက်များတဲ့ပိုက်ဆံတွေကို သူတို့မိန်းမ မသိအောင် ဘယ်လို စာရင်းဖြောင်သလဲဆိုတာပါဘဲ .. ဒါပေမယ့် သေချာပေါက်ကတော့ သူတို့မှာ ၀င်ငွေထိပ်တန်းအလုပ်တွေ ရှိတယ် … သူတို့အတွက်ကတော့ ငွေတစ်ထောင်လောက် နှစ်ထောင်လောက်ဟာ သေးငယ်တဲ့အခွင့်အရေးလေးတွေ ၀ယ်ယူဖို့သာ ဖြစ်ပါတယ် “လို့ ပြောခဲ့ပါတယ်။

သူမချဉ်းကပ်ခဲ့တဲ့ သူဌေးအဖိုးကြီးတွေဟာ ပေါင် သုံးထောင်လောက်အထိ တစ်ကြိမ်တည်းပေးတာကို ခံရဖူးပြီး၊ ဈေးကြီးလှတဲ့ လက်ကိုင်အိတ်၊ အ၀တ်အစား၊ iPhone စတဲ့လက်ဆောင်တွေလည်း ရယူနိုင်ခဲ့ပါတယ်။ အသက် ခပ်ကြီးကြီး အဖိုး
ကြီးတစ်ယောက်ကဆိုရင် တစ်ခါတည်းသာ Date ခွင့်တောင်းခံခဲ့ပြီး ပေါင် 467 ပေါင်အထိ ပေးမယ်လို့တောင် ၎င်းက ကမ်းလှမ်းခဲ့ကြောင်း Mei က ဖွင့်ဟခဲ့ပါတယ်။

READ
အီတလီတွင် တည်ဆောက်ဆဲ တံတားတစ်စင်း ရုတ်တရက်ကျိုးကျခဲ့ပြီး လူနှစ်ဦးသေဆုံး

လင်းဇော်ကို (Shwemom)

source : dailymail.co.uk

SHARE