Costa Rica နိုင်ငံမှာရှိတဲ့ သစ်တောတွေထဲက ရှားပါးတိရစ္ဆာန်မျိုးစိတ်များ

Supreet Sahoo

Supreet Sahoo လို့အမည်ရတဲ့ ဓာတ်ပုံဆရာတစ်ယောက်ဟာ သဘာဝတရားကြီး၊တောတွင်းတိရစ္ဆာန်တွေနဲ့ ငှက်တွေကို အင်မတန်ချစ်မြတ်နိုးတဲ့လူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ဘဝရဲ့အချိန်တော်တော်များများကို မိုးသစ်တောထဲက ငှက်တွေကို ဓာတ်ပုံရိုက်ပြီး ကုန်ဆုံးခဲ့တာပဲ ဖြစ်ပါတယ်။ အစပိုင်းမှာတော့ အလုပ်တစ်ဖက်လုပ်ကိုင်နေရတဲ့အချိန်မှာတော့ သူ့ဝါသနာပါတဲ့ သူဝါသနာပါတဲ့ ဓာတ်ပုံရိုက်တာကို သိပ်ပြီးအားမစိုက်နိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ အလုပ်ပါထွက်ခဲ့ပြီး နိုင်ငံအနှံ့ရှိ မိုးသစ်တောတွေကို လျှောက်သွားပြီး ရှားပါးငှက်တွေနဲ့ တောတွင်းတိရစ္ဆာန်တွေကို ဓာတ်ပုံရိုက်ပြီး အချိန်ကုန်ခဲ့ပါတယ်။ အခုဖော်ပြမယ့် ပုံတွေကတော့ Sahoo တစ်ယောက် Costa Rica နိုင်ငံရှိ မိုးသစ်တောတစ်ခုထဲမှာ ရတွေ့ခဲ့ရတဲ့ ရှားပါးငှက်လေးတွေနဲ့ တောတိရစ္ဆာန်ပုံအချို့ရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။

ရုတ်တရက်ဆိုရင်တော့ ကျားသစ်လို့ထင်ရပါတယ်…တစ်ကယ်တော့ ရှားပါးတောကြောင်တစ်ကောင်ရဲ့ပုံဖြစ်ပါတယ်

Supreet Sahoo

Mexico တောင်ပိုင်းနဲ့ Costa Rica နိုင်ငံမှသြာတွေ့ရတတ်တဲ့ Torgoz လို့ခေါ်တဲ့ ငှက်ကလေးပါ

READ
တဖန် ပြန်လည်ရှင်သန်လာပြီဖြစ်တဲ့ မီးဘေးသင့် သြစတြေးလျ သစ်တောတွေရဲ့ ရိပ်များ
Supreet Sahoo

ဒီကောင်လေးကတော့Resplendent Quetzal လို့ခေါ်တဲ့ ငှက်တစ်ကောင်ပါ…ခေါင်းမှာတော့ ပန့်ခ်ကေပုံစံလေးနဲ့ပါ

Supreet Sahoo

Green Honeycreeper လို့ခေါ်တဲ့ ရှားပါး မိုးပြာရောင်ငှက်ကေလေးပဲ ဖြစ်ပါတယ်

Supreet Sahoo

အရောင်အသွေးစုံလင်စွာနဲ့တောက်ပနေတဲ့ ရှားပါးအောက်ချင်းငှက်အမျိုးအစားတစ်ခုပါပဲ။ မျိုးစိတ်နာမည်ကတော့ Keel-Billed Toucan ပဲဖြစ်ပါတယ်

Supreet Sahoo

Chestnut-Colored Woodecker လို့ခေါ်တဲ့ သစ်တောက်ငှက် ကလေးတစ်ကောင်ပဲ ဖြစ်ပါတယ်

Supreet Sahoo

ကာတွန်းကားတွေထဲမှာသာ တွေ့ရလေ့ရှိတဲ့ Sloth လို့ခေါ်တဲ့ အနှေးကောင်လေးပါပဲ

Supreet Sahoo

ဝတ်ရည်စုပ်ငှက်ဆိုတာ စာထဲမှာပဲ သင်ခဲ့ရဖူးတယ်

Supreet Sahoo

Pyi Hein Kyaw

SHARE