လူတော်တော်များများဟာ ဆေးရုံဆေးခန်းဆိုတာကို ကြောက်ကြပါတယ်။ တစ်ချို့က ဆေးစစ်ချက်အဖြေတွေကို ကြောက်ကြပြီး တစ်ချို့က အပ်သွားချွန်မြမြတွေကို ကြောက်ကြပါတယ်။ ဒါပေမယ့် အခုဒေါက်တာမ ချောချောလေးကတော့ သူ့အပြုံး လက်လက်လေးကို မြင်လိုက်တာနဲ့ သင့်ရဲ့ ဝေဒနာတစ်ဝက်ကို သက်သာစေလိမ့်မယ်လို့ ဖိလစ်ပိုင် လူမှုကွန်ယက်မှာ ညွှန်းဆိုနေကြပါတယ်။

ဒေါက်တာမလေးရဲ့ နာမည်ကတော့ Maria Sydney Salientes Rubrica ဖြစ်ပါတယ်။ သူမရဲ့ သာမန်အရေးအသားနဲ့ ရေးထားတဲ့ ကျေးဇူးတင်လွှာလေးကို Facebook ပေါ်မှာ တင်လိုက်တာတောင် တစ်ခြားဆယ်လီတွေ အားပေးခံရတာထက် ပရိသတ်အားပေးမှုကို ပိုရခဲ့ပါတယ်။

အခုခေတ် ဆယ်လီတွေလည်း အားလုံးသိတဲ့အတိုင်းပင် ရေချိုးလိုက်ဦးမယ်နော်၊ ထမင်းစားပြီးပြီလား၊ လှလား ဆိုတဲ့ သာမန် Facebook ပို့စ်တွေဟာ တစ်ြခားလူတွေထက်တော့ Reaction ပိုရမှာ အမှန်ပါပဲ။ အခုလည်း ဒေါက်တာမလေး Maria ရဲ့ ကျေးဇူတင်လွှာဟာ Reaction ပေးသူ တစ်သိန်းခွဲကျော်အထိ ရခဲ့ပါတယ်။ တကယ့်ကို ဆယ်လီတစ်ယောက်ထက် သာနေပါတယ်။

ဒီကျေးဇူးတင်လွှာလေးကိုပင် Share ပြုလုပ်သူက ၄ သောင်းကျော်အထိ ရှိခဲ့ပြီး၊ မှတ်ချက်ရေးသူပေါင်း ၁ သောင်းခွဲအထိ ရှိခဲ့ပါတယ်။ ဒါဆိုရင် Maria ရဲ့ ရုတ်ချည်းဆိုသလို ထင်ပေါ်ကျော်ကြားမှုဟာ ဘယ်လောက်အတိုင်းအတာထိ တာသွားတယ်ဆိုတာ မြင်သာစေပါလိမ့်မယ်။ အခုဆို အမျိုးသားတွေဟာ သူမ တာဝန်ထမ်းဆောင်နေတဲ့ ဆေးရုံဘယ်မှာလဲဆိုတာ စုံစမ်းနေကြပါပြီ။ ကြည့်ရတာ အချိန်ရတာနဲ့ အားရင်အားသလို ဖျားကြမလို့ ဖြစ်ပါလိမ့်မယ်။

Maria ဟာ စိတ်ထားလေးလည်း လှသလို၊ သူမရဲ့ Facebook ပို့စ်တွေကို လေ့လာခြင်းအားဖြင့် မာန်မာနကြီးသူမဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ သူမဟာ ပျော်ပျော်နေတတ်ပုံရပြီး ဉာဏ်ပညာထက်မြတ်သလောက်၊ အမျိုးသမီးတွေချင်း အားကျရတဲ့ ရုပ်ရည်လေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။

လင်းဇော်ကို (Shwemom)
source : viral4real.com