ဂရိကျွန်းလှလှလေးမှာသွားနေရုံနဲ့ ထောက်ပံ့ကြေးရသွားမယ့်အစီအစဉ်တစ်ခု

Andronos Haris/shutterstock

ပင်လယ်ကမ်းခြေမြို့လှလှလေးမှာ အေးအေးချမ်းချမ်းလေးနေရပြီး ထောက်ပံ့ကြေးလည်းရဦးမယ်ဆိုရင် ဘယ်လိုသဘောရလဲ။

ဂရိက ကျွန်းငယ်လေးတစ်ကျွန်းဖြစ်တဲ့ Antikythera ကျွန်းလေးဟာ တစ်လကို ယူရို ၅၀၀ ကို အဲဒီကျွန်းမှာ လာနေပေးမယ့် အပြင်ကလူတွေကို ထောက်ပံကြေးအဖြစ် လစဉ်ပေးသွားမယ်ဆိုပြီး Greek City Times မှာ ဖော်ပြထားခဲ့ပါတယ်။ လာမနေချင်ရင်လည်း အဲဒီကျွန်းလေးပေါ်မှာ တရားဝင်တဲ့မည်သည့်စီးပွားရေးကိုမဆို လာလုပ်သူတွေလည်း ယူရို ၅၀၀ ထောက်ပံ့ကြေးထဲမှာ ပါဝင်သွားမှာပါ။ ယူရို ၅၀၀ ဆိုတာ မြန်မာငွေနဲ့တွက်မယ်ဆိုရင် မြန်မာငွေနဲ့တွက်ရင် ၈ သိန်းခွဲလောက်ရှိပါတယ်။

Andronos Haris/shutterstock

ဒီလိုအခွင့်အရေးကို ဖန်တီးရတာဟာ ကျွန်းလေးပေါ်မှာ သာမန်အချိန်ဆိုရင် လူဦးရေ ၂၄ ယောက်တိတိသာ နေထိုင်နေတာဖြစ်ပြီး နွေရာသီမှာဆိုရင်တောင် အယောက် ၄၀ လောက်အထိသာ ရှိနေတတ်တာကြောင့်ပါ။ Crete နဲ့ Kythira တို့ကြားမှာတည်ရှိပြီး ဂရိရဲ့ Athens နဲ့ဆို လေယာဉ်နဲ့သွားရင် ၄၅ မိနစ်ပဲကြာပါတယ်။

ဒီအစီအစဉ်ကို အဓိကဦးဆောင်နေတာကတော့ ကျွန်းလေးပေါ်က တစ်ခုတည်း ကျန်ရှိနေတဲ့ Greek Irthodox ဘုရားကျောင်းကဖြစ်ပြီး ၃ နှစ်တိတိထောက်ပံ့ကြေးကို လစဉ်ပေးသွားမှာပါ။ ကျွန်းလေးပေါ်မှာ ၂၀ရာစုနောက်ပိုင်းကစပြီး လူဦးရေ ၃၀၀ သာကျန်ခဲ့ပြီး အခုအချိန်မှာဆိုရင်တော့ အပေါ်မှာ ဖော်ပြထားတဲ့အတိုင်း ဆယ်ကဏန်းလောက်သာ ကျန်နေတော့တာပါ။

READ
မူလတန်းကျောင်းကြိုဆိုပွဲမှာ တိုင်ပတ်အကမယ်တွေနဲ့ ဖျော်ဖြေခဲ့လို့ များစွာဝေဖန်ခံနေရ
anokato/shutterstock
Andronos Haris/shutterstock

အခုဆိုရင်တော့ Antikythera ကျွန်းလေးဟာ လူငယ်တွေနဲ့ မိသားစုလေးတွေကို အဓိကထားကာ မျှော်နေတာပါ။ ကျွန်းကိုယ်တိုင်မှာလည်း ငါးဖမ်းလုပ်သားတွေ၊ ဆောက်လုပ်ရေးသမားတွေနဲ့ မုန့်ဖုတ်သမားတွေ လိုအပ်နေတယ်ဆိုပြီး Iefimerida ဆိုတဲ့ website မှာ ဖော်ပြထားပါသေးတယ်။ တစ်ခုရှိတာက ကျွန်းလေးမှာ လူဦးရေသိပ်မရှိတာကြောင့် ဘဏ်တို့၊ ATM စက်တို့လုံးဝရှိမနေဘဲ အသုံးအဆောင်ပစ္စည်းဆိုင်တွေဆိုလည်း သိပ်တော့စုံလင်လှတယ်မရှိပါဘူး။ ဒါပေမဲ့လည်း ကျွန်းသူကျွန်းသားများက ဝယ်စရာရှိရင် အနီးအနားက မြို့တွေ၊ ကျွန်းတွေဆီကို သွားသွားနေကျဆိုတော့ သိပ်တော့လည်း အခက်အခဲရှိလှမယ်မထင်ပါဘူး။ ကျွန်းကခေါင်လှတယ်ဆိုပေမယ့်လည်း ၂၄ နာရီမီးအပြည့်ရပြီး လိုင်းဆွဲအာင်းကောင်းတဲ့ အင်တာနက်လိုင်းတွေတော့ ရှိပါသေးတယ်တဲ့။

မိသားစုဝင် ၄ ယောက်ပါတဲ့ မိသားစုလေးကတော့ Antikythera ကျွန်းလေးရဲ့ ပထမဆုံး ထောက်ပံ့ကြေးနဲ့ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်သွားခဲ့ပြီလို့လည်း The Sun မှ သိခဲ့ရပြီး လျှောက်ထားချင်တယ်ဆိုရင်တော့ Antikythera ဆိုတဲ့ website မှာ လျှောက်ထားနိုင်ပါတယ်။

Penny

SHARE