ဆန်ဖရန်စစ္စကိုရောက်ရင် သွားသင့်တဲ့နေရာလေးတွေ

 

အကယ်၍များ ဆန်ဖရန်စစ္စကိုဆီကို သင်ရောက်ခဲ့လို့ရှိရင် လုပ်သင့်တာလေးတွေ၊ သွားသင့်တာလေးတွေကိုtop10for.com က အကြံပေးထားပါတယ်။ ဒီတော့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဆန်ဖရန်စစ္စကိုကို ရောက်ခဲ့ရင် အောက်ပါ
နေရာတွေ၊ ပျော်စရာအစီအစဉ်လေးတွေကို ဆင်နွှဲခဲ့ကြဖို့ Shwemom ကလည်း တိုက်တွန်းလိုက်ပါရစေ။

(၁) San Francisco Cable Cars

ဆန်ဖရန်စစ္စကိုရဲ့ ခရီးသွားဆွဲဆောင်မှုတွေထဲမှာ တစ်ခုဖြစ်တဲ့ Cable Cars ခရီးစဉ်ဟာ လည်ပတ်သူတွေအဖို့ မလွဲချော်
သင့်တဲ့ အရာဖြစ်ပါတယ်။ ဖြေးဖြေးငြိမ့်ငြိမ့်လေးနဲ့၊ ကုန်ကျစာရိတ် နည်းနည်းလေးနဲ့ မြို့အနှံ့ကို လည်ပတ်နိုင်တဲ့ အစီအ
စဉ် ဖြစ်ပါတယ်။ မြင့်လိုက်နိမ့်လိုက် လမ်းကြောင်းပေါ်မှာ မောင်းနှင်တာဖြစ်လို့ slow roller coaster လို့တောင် တင်စား
ကြပါတယ်။

READ
သရဲခြောက်တဲ့အိမ်ကြီးကို Tourist တွေ စိတ်ဝင်စားလာအောင် ကြိုးပမ်းနေတဲ့ပိုင်ရှင်များ

(၂) The Alcatraz Island

ယခင်က လုံခြုံရေးအမြင့်ဆုံး AI Capone အကျဉ်းထောင် ဖွင့်ခဲ့ရာ နေရာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဲဒီအကျဉ်းထောင်
ကို ဖျက်သိမ်းပြီး Alcatraz ကျွန်းကို ခရီးသွားတွေ လည်ပတ်နားခိုရာနေရာဖြစ်အောင် စွဲဆောင်နိုင်ခဲ့ပါတယ်။ နိုက်ကလပ်
တွေ၊ နှင်းထူထူညနေတွေ၊ ပင်လယ်လေပြေ နွေးနွေးလေးတွေနဲ့ သိပ်လှတဲ့ ကျွန်းဖြစ်ပါတယ်။

(၃) The Golden Gate Bridge

ကမ္ဘာကျော် The Golden Gate Bridge တံတားကြီးပေါ်မှ မရောက်ရဘူးဆိုရင် ဆန်ဖရန်စစ္စကိုကို ရောက်တယ်လို့ မခေါ်ဘူး-ဆိုတဲ့ စကားလေးလည်း ရှိပါတယ်။ အဲဒီလောက်ထိ ကြီးကျယ်လှတဲ့ The Golden Gate Bridge တံတားကြီးကို 1937 ခုနှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အလှဆုံးတံတားတွေထဲက တစ်ခုဖြစ်ပါတယ်။

READ
ထောင်အတွေ့အကြုံ လိုချင်သူတွေအတွက် သီးသန်ဖွင့်လှစ်ထားတဲ့ ထောင်ဟိုတယ်

(၄) The Twin Peaks

မြို့ရဲ့ အမြင့်ဆုံးအပိုင်းမှာ တည်ရှိတဲ့ Alamo Square ဟာ လူအစည်ကားဆုံး နေရာတွေထဲမှာ ပါဝင်ပါတယ်။ ညမီးရောင်
အောက်မှာ တစိမ့်စိမ့်ထိုင်ကြည့်ဖို့ကောင်းတဲ့ ဆန်ဖရန်စစ္စကိုအလှကို တ၀ကြီးခံစားနိုင်ပါတယ်။  Golden Gate Bridge၊ တံတားကြီး၊ ဆင်ခြေဖုံးရပ်ကွက်တွေ၊ ပင်လယ်အော်ရဲ့အလှ … စတာတွေကို တစ်နေရာတည်းမှာ ရှုထောင့်ပေါင်းစုံနဲ့ ခံ
စားရမှာ ဖြစ်ပါတယ်။

နတ်စည်တော် (Shwemom)

shwemom-post-photo-1-1

source : ကိုtop10for.com

SHARE