Tattoo နတ်သမီးလေးလို့ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေတဲ့ အမျိုးသမီး

Tattoo ခရေဇီတစ်ယောက်ဖြစ်တဲ့ တရုတ်နိုင်ငံသူ အမျိုးသမီးတစ်ဦးကတော့ ကိုရီးယားနိုင်ငံလူမှုကွန်ယက်ပေါ်မှာ အတော်လေး ရေပန်းစားနေပြီး ပုရိသတွေ ဝိုင်းဝိုင်းလည်နေတယ်လို့ ဆိုပါတယ်။ အဆိုပါကောင်မလေးကို အများက Tattoo မင်းသမီးလေးလို့ ခေါ်ကြပါတယ်။

viral4real

အစဦးတုန်းကတော့ သူမကို ကိုရီးယားလူမျိုး ဆယ်လီတစ်ယောက်လို့ ထင်ခဲ့ကြတာပါ။ ဒါပေမယ့် သူမက တရုတ်လူမျိုးပါတဲ့။ သူတို့လှုမှုကွန်ယက်ပေါ်မှာ “Tattoo နဲ့ ကိုရီးယားမလေး” ဆိုပြီး လူတော်တော်များများက ပြန်လည်မျှဝေနေကြပါတယ်။ ဒါကို ကာယကံရှင်အမျိုးသမီးက သိပြီးနောက် ဖြေရှင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သူမဟာ Andy Blossom အမည်ရ နာမည်နဲ့ အင်စတာဂရမ်အသုံးပြုသူဖြစ်ပြီး တရုတ်လူမျိုးပါလို့ ဖြေရှင်းခဲ့ပါတယ်။ သူမရဲ့ အင်စတာဂရမ်မှာ ပရိသတ် (၉၄,၀၀၀)အထိ ရှိနေပြီး အခုဆိုရင် သူမရဲ့ အင်စတာဂရမ်မှာ ပရိသတ်တွေ တစ်ဖွဲဖွဲတိုးပွားလာနေတယ်လို့ သိရါတယ်။

viral4real
viral4real

တကယ်တော့ Tattoo ထိုးခြင်းကို ကိုးရီးယားဥပဒေက ခွင့်ပြုထားခြင်းမရှိသေးပါဘူး။ ပြဋ္ဌာန်းထားတဲ့ ဥပဒေတစ်ခုမှာ မည်သူမဆို ဆေးဘက်ဆိုင်ရာ တရားဝင်ထုတ်ပြန်ထားတဲ့ လိုင်စင်မရှိဘဲ အပ်နဲ့ ချွန်ထက်သောပစ္စည်းများ အသုံးပြုပြီး ကုသခြင်း၊ ခြယ်မှုန်းခြင်းစတဲ့ ကိစ္စရပ်တွေ ပြုလုပ်ခွင့်မရှိပါဘူး။

READ
ပိုက်ဆံချမ်းသာလာမှာကို ကြောက်တဲ့သူရှိလား
viral4real

သို့သော်လည်း ဆိုးလ်ကဲ့သို့သော မြို့တော်ကြီးမှာ Underground Tattoo လှုပ်ရှားမှုတွေတော့ ရှိနေပြီး၊ တစ်ခြားနေရာတွေမှာလည်း Tattoo ကို ခရေဇီဖြစ်တဲ့သူတွေဖွဲ့စည်းထားတဲ့ Fan Club တွေကလည်း မှိုလိုပေါက်နေကြပါတယ်။ အာဏာပိုင်တွေကတော့ ထိရောက်တဲ့တားမြစ်ပိတ်ပင်မှုမျိုး မပြုလုပ်ဘဲ၊ မကြာမီမှာ ဥပဒေနဲ့အညီတောင် ခွင့်ပြုပေးဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

viral4real
viral4real

Andy ကတော့ သူမကိုယ်တိုင်က Tattoo ခရေဇီတစ်ယောက်ဖြစ်သလို၊ မော်ဒယ်တွေလို ဓာတ်ပုံရိုက်ကူးရတာကို ချစ်တယ်လို့ ဆိုပါတယ်။ တစ်ချို့သော သူမရဲ့ဓာတ်ပုံလေးတွေဟာ မခို့တရိုနဲ့ ပုရိသတွေရဲ့စိတ်ကို မရိုးမရွဖြစ်စေပြီး၊ တစ်ချို့ဓာတ်ပုံတွေကတော့ မော်ဒယ်မင်းသမီးတွေလောက်ကို အသာထား၊ ကမ္ဘာကျော်သရုပ်ဆောင်တွေလို ဂိုက်ပေးကြမ်းနေတာကို တွေ့ရပါလိမ့်မယ်။

明明把我頭髮染的這麼水 卻一直想把我剪短髮的人 @kenichi.huang

A post shared by 宜靜 (@andy_blossom) on

နတ်စည်တော် (Shwemom)

READ
အဓိပ္ပါယ်ရှိတဲ့ဘ၀ကိုရောက်ဖို့ ဘာတွေလိုအပ်သလဲ .. ?

source : viral4real.com

SHARE