ဒီခေတ်ကြီးမှာတော့ အလှအပအတွက် ရွေးချယ်စရာတွေက အရမ်းကို များပြားလာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်း အသားအရေအတွက် စိတ်ချရတဲ့ အလှကုန်တွေကိုတော့ သေသေချာချာ ရွေးချယ်အသုံးပြုတတ်ဖို့လည်းလိုပါတယ်။ ဒါကြောင့် ဒီကနေ့မှာတော့ ဈေးလည်းသက်သာ/အသင့်အတင့်ရှိပြီး နာမည်ကျော်အနုပညာရှင်တွေလည်း အသုံးပြုနေကြတဲ့ အလှကုန်တွေကိုဖေါ်ပြပေးလိုက်ပါတယ်။ ပြည်သူချစ် ဆယ်လီတွေ ကိုယ်တိုင်ထုတ်ထားတဲ့ အလှကုန်တွေဖြစ်လို့ စိတ်မချရမှာတော့ လုံးဝမပူပါနဲ့နော်။
Moezy by Moe Set Wine
လူတိုင်းချစ်ကြတဲ့ မြန်မာနိုင်ငံရဲ့ အလှမယ်တစ်ယောက်ဖြစ်တဲ့ မိုးစက်ဝိုင်ရဲ့ ကိုယ်ပိုင် brand တစ်ခုဖြစ်ပြီး ပရိသတ်တွေကြားမှာ နာမည်ရထားတဲ့ အလှကုန်တစ်ခုဖြစ်ပါတယ်။ MOEZY Thanakha Face Mask ကတော့ လူကြိုက်များတဲ့ MOEZYရဲ့ အလှကုန်တွေထဲတစ်ခုဖြစ်ပါတယ်။Moezy အလှကုန်တွေကိုတော့ မြန်မာကျပ် ၂၆၀၀ကနေ စတင်ပြီး ဝယ်ယူနိုင်ပါတယ်။

Super Red Cosmetic
ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ နီနီခင်ဇော်ကိုယ်တိုင် ထုတ်ထားတဲ့ အလှကုန်ဖြစ်တဲ့ Super Red ကတော့ သူ့ရဲ့ ထူးခြားတဲ့ ထုတ်ပိုးမှုဒီဇိုင်းတွေကြောင့်လည်း နာမည်ကြီးပါတယ်။ Super Red မှာ လူကြိုက်အများဆုံးအလှကုန်ကတော့ မျက်နာချေ ပေါင်ဒါမှုန့်ဖြစ်ပါတယ်။ ၄၅၀၀ကျပ် ကနေ စပြီး အလှကုန်တွေကို ဝယ်ယူရရှိနိုင်ပါတယ်။

Sai Cosmetix

Sai ကတော့ နှုတ်ခမ်းနီကြောင့် နာမည်ကြီးလာတဲ့ အလှကုန်တစ်ခုပါ။ မိန်းကလေးပရိသတ်တွေရဲ့ အသဲစွဲအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်က ထုတ်တဲ့ အလှကုန်တစ်ခုဖြစ်ပါတယ်။ အလှကုန်ပစ္စည်းရောင်းတဲ့ ဆိုင်တွေတိုင်းမှာ Sai Cosmetix တွေကို ဝယ်ယူရရှိနိုင်ပါတယ်။ Sai Cosmetix အလှကုန်တွေကိုတော့ ၂၅၀၀ ကျပ်ကနေစတင်ပြီး အစားစား ဝယ်ယူရရှိနိုင်ပါတယ်။
Tori Cosmetics

ဒီအလှကုန်ကိုတော့ beauty blogger တစ်ယောက်ဖြစ်တဲ့ Victoria Hunny Wynn က ထုတ်ထားတာဖြစ်ပြီး စမ်းချောင်းက မကြီးကြီးလမ်းထဲမှာရှိတဲ့ ကလောအိမ်ရာမှာ ကိုယ်တိုင်သွားရောက်ဝယ်ယူလို့ရပါတယ်။ ဈေးကတော့ ၁၈၅၀၀ကျပ် ကနေစပြီး အလှကုန်အမျိုးမျိုးကို ဝယ်ယူရရှိနိုင်ပါတယ်။ Tori မှာ လူကြိုက်အများဆုံး အလှကုန်ကတော့ T.�.R.I Balanced Satin Foundation လေးဖြစ်ပြီး ကိုယ့်အသားအရောင်နဲ့ကိုက်ညီတဲ့ foundation ကိုရွေးချယ်နိုင်တာကြောင့် မိန်းကလေးတော်တော်များများအသုံးပြုကြတာကို ဆိုရှယ်မီဒီယာပေါ်မှာလည်း တွေ့ရမှာပါ။
April