ကမ္ဘာ့နိုင်ငံအသီးသီးမှ ဆန်းကြယ်လှတဲ့ အလှအပဆိုင်ရာ လျှို့ဝှက်ချက်များ

Pexels/Đàm Tướng Quân

နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှူတိုင်းမှာ ကျန်းမာရေး၊အလှအပဆိုင်ရာနဲ့ ပတ်သက်လို့ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေ ရှိကြပါတယ်။ ဥပမာ ကိုရီးယားနိုင်ငံမှာဆိုရင် မှန်လို ကြည်လင်တဲ့အသားအရည်မျိုးရဖို့အတွက် အသားအရည်ထိန်းသိမ်းနည်းအဆင့် (၁၀) ဆင့်လောက်အထိ ပြုလုပ်ကြပြီး ဂရိနိုင်ငံမှာဆိုရင်တော့ သံလွင်သီးကို ကျန်းမာရေးအတွက်ရော၊ အလှအပအတွက်ပါ အသုံးပြုကြပါတယ်။ အခုဖော်ပြပေးမှာတွေကတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ တွေ့ရတဲ့ အလှအပဆိုင်ရာ ဗဟုသုတတွေဖြစ်ပါတယ်။

Pexels/Lena Neva

စင်ကာပူနိုင်ငံ

စင်ကာပူနိုင်ငံမှာတော့ ထောပတ်သီးကို ထုချေပြီး မျက်နှာဖုံး Face mask အတွက် အသုံးပြုကြပါတယ်။ ထောပတ်သီးမှာက အသားအရည်အတွက် အများကြီးတန်ဖိုးရှိတဲ့ သဘာဝအဆီတွေ ပါဝင်ပါတယ်။ ထောပတ်သီးကို အခွံခွာပြီးတဲ့နောက်မှာ အသားကို ကြိတ်ချေပြီး (၁၅) မိနစ်လောက် မျက်နှာပေါ်ကို သုတ်လိမ်းပြီးထားကာ ပြီးမှရေဆေးချနိုင်ပါတယ်။

အိန္ဒိယနိုင်ငံ

အိန္ဒိယနိုင်ငံမှာတော အလှအပအတွက် နနွင်းကို အသုံးပြုကြပါတယ်။ နနွင်းဟာ ဟိန္ဒူလူမျိုးတွေအတွက်တော့ အောင်မြင်မှူနဲ့ ကြွယ်ဝပေါများမှူကို ရည်ညွှန်းပါတယ်။ အိန္ဒိယအမျိုးသမီးတွေဟာ နနွင်းကို အသားအရည်တောက်ပကြည်လင်အောင် ဆိုပြီး အမျိုးမျိုး လိမ်းကျံကြပါတယ်။ မျက်နှာဖုံး facial mask အဖြစ်လည်း အသုံးပြုကြပါတယ်။

တရုတ်နိုင်ငံ

တရုတ်အမျိုးသမီးတွေကတော့ သူတို့ရဲ့ မျက်နှာအလှအပအတွက် ဆန်ဆေးရည်ကို အသုံးပြုပါတယ်။ ဆန်ဆေးရည်မှာ အင်တီအောက်ဆီးဒန့်တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် အသားအရည်ကို သန့်ရှင်းကြည်လင်စေသလို ပါးရည်တွန့်တာကိုလည်း ကာကွယ်ပေးပါတယ်။ ဆန်ကို ရေသန့်ထဲမှာ မိနစ်(၂၀) ကြာရေစိမ်ပြီးနောက် ဆန်တွေကို စစ်ထုတ်ကာ ရလာတဲ့အရည်ကို မျက်နှာအသားအရည်ပေါ်မှာ လိမ်းကျံကာ (၁၀) မိနစ်လောက်ဆိုရင်တော့ ရေဆေးချနိုင်ပါပြီ။

Pexels/Đàm Tướng Quân

ရိုမေးနီးယားနိုင်ငံ

ရိုမေးနီးယားနိုင်ငံမှာတော့ လက်သည်း ခြေသည်းတွေ သန်စွမ်းကြံ့ခိုင်ဖို့အတွက်ဆိုရင် သံလွင်ဆီနဲ့ ဗီတာမင်အေ ဆီထဲမှာ နှစ်စိမ်လေ့ရှိပါတယ်။ အခုလို လုပ်ပေးတဲ့အခါ လက်သည်း ခြေသည်းတွေဟာ သန်မာပြီး နူးညံ့ပျော့ပြောင်းလာတဲ့အတွက် လက်သည်းကျိုးတာတွေ၊ လက်သည်းခွံကွာတာတွေ မဖြစ်တော့ပါဘူး။ သံလွင်ဆီ ခပ်နွေးနွေး လက်ဖက်ရည်ဇွန်း အနည်းငယ်၊ ဗီတာမင်အီး လက်ဖက်ရည်ဇွန်း အနည်းငယ်ကို ရောစပ်ပြီး ၄င်းအဆီတွေထဲ မိနစ်အနည်းငယ်ကြာအောင် လက်သည်း ခြေသည်းတွေကို စိမ်ပေးထားနိုင်ပါတယ်။

မက္ကစီကိုနိုင်ငံ

မက္ကစီကိုနိုင်ငံမှာတော့ Agave အမည်ရတဲ့ ရှားစောင်အပင်တစ်မျိုး ရှိပါတယ်။ မြန်မာအခေါ်တော့ သင်္ဘောနာနတ်ပင် သို့မဟုတ် နာနတ်ရိုင်းပင်လို့လည်း ခေါ်ပါတယ်။ မက္ကစီကို အမျိုးသမီးတွေဟာ ၄င်းအပင်က ၀တ်ရည်ကိုယူပြီး ချက်ပြီးသားထမင်း သို့မဟုတ် အုပ်ဂျုံနဲ့ရောနှောကာ face scrub အဖြစ် ပြုလုပ်ပါတယ်။ ၄င်းအပင်မှာ အသားအရည်ကို ချောမွေ့ပြီး အစိုဓာတ်ထိန်းပေးနိုင်တဲ့ အာနိသင်တွေရှိတာကြောင့် အရေးအကြောင်းကင်းဖို့ရယ်၊ အနာရွတ်တွေကို ကုသဖို့အတွက် အသုံးပြုကြပါတယ်။

Pexels/Dzenina Lukac

ရုရှားနိုင်ငံ

ရုရှားနိုင်ငံသူတွေကတော့ လှပြီးရင်း ပိုလှချင်ကြသူတွေပါ။ ခေါင်းအစခြေအဆုံး ပြစ်မျိုးမှဲ့မထင်တဲ့ အသားအရည်နဲ့ အလှအပကို ပိုင်ဆိုင်ဖို့ အမြဲကြိုးစားအားထုတ်ကြပါတယ်။ ရုရှားသူတွေရဲ့ အမျိုးမျိုးသော အလှအပဆိုင်ရာ လျှို့ဝှက်ချက်တွေထဲ ထင်ရှားတဲ့ နည်းတစ်ခုကတော့ ပျားရည်၊ သခွားသီးနဲ့ ကြက်ဥအနှစ်တွေကိုရောစပ်ကြိတ်ချေကာ ခေါင်းအစ ခြေအဆုံးအားလုံးလိမ်းကျံပြီး ပေါင်းတင်တာပါ။ ဒီလိုပြုလုပ်ခြင်းအားဖြင့် အသားအရည်အတွက်ရော ခန္ဓာကိုယ်အတွက်ပါ ကောင်းမွန်တယ်လို့ သူတို့က ယုံကြည်ကြပါတယ်။

လင်းလင်း (ShweMom)

READ
အမျိုးသားတွေ နားမလည်နိုင်တဲ့ အမျိုးသမီးတို့ကိစ္စများ

Ref : Wikipedia

SHARE