ဆိုးရွားလှတဲ့ အိမ်တွင်းအကြမ်းဖက်မှုကိုတွန်းလှန်ကာ အမျိုးသမီးဖိုက်တာဖြစ်လာခဲ့တဲ့သူမ

Bec Rawlings ဟာ ရုပ်ရည်အရ ပြောစရာမလိုအောင် ကြည့်ကောင်းတဲ့အပြင် အရမ်းကိုတာဝန်ဝတ္တရားကျေပွန်တဲ့ သားနှစ်ယောက်မိခင်ပါ။ သူမဟာ အရင်တုန်းက UFC fighter တစ်ဦးဖြစ်ခဲ့ပြီး ဒုတိယအကြိမ်မြောက် အိမ်ထောင်ကျအပြီးမှာတော့ UFC လောကထဲမှ ထွက်လာခဲ့ပါတယ်။

Instagram

Bec ဟာ ပထမအိမ်ထောင်နဲ့ သားတစ်ယောက်မွေးခဲ့ပါတယ်။ ဒုတိယအိမ်ထောင်ကိုတော့ MMA fighter တစ်ယောက်ဖြစ်တဲ့ Dan Hyatt နဲ့ ယူခဲ့ပြီး Zake ဆိုတဲ့ သားတစ်ယောက် ထွန်းကားခဲ့ပါတယ်။

Bec နဲ့ Dan တို့ဟာ ၂၀၁၀ ခုနှစ်မှာ စတွေ့ကာ ချစ်ကျွမ်းဝင်ခဲ့ကြပြီး (၃) လအကြာမှာတော့ Dan ရဲ့ ရင်သွေးလေးကို လွယ်ခဲ့ရပါတယ်။ အဲဒီ (၃) အကြာမှာပဲ ကိုယ်ဝန်ကြီးနဲ့ Bec ကို ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ စတင်လုပ်ခဲ့ပါတယ်။ Bec ဟာ အဲဒီအချိန်တုန်းက ဝင်ငွေလည်းမရှိ၊ ကိုယ်ဝန်ကြီးနဲ့ကလည်း ဖြစ်တာကြောင့် Dan ရဲ့ နှိပ်စက်မှုမှန်သမျှကို ခံခဲ့ပါတယ်။

Instagram

စိတ်ပိုင်းဆိုင်ရာအရ ညှင်းဆဲမှုတွေ အပါအဝင် စကားများတာနဲ့ Bec ကို MMA ကြိုးဝိုင်းအတွင်းက အားကစားအကွက်တွေအတိုင်း လည်ပင်းညှစ်ပြီး ကြမ်းပြင်ပေါ် မှောက်ထားတာတို့၊ ပြေးထိုးတာတို့ ခြေထောက်နဲ့ဆောင့်ကန်တာတို့အထိပါ လုပ်ခဲ့တာပါ။ Bec ဟာလည်း အရင်တုန်းက လက်ဝှေ့မယ်တစ်ဦးဖြစ်ခဲ့လို့ ပြန်ခုခံပေမယ့် Dan ကလည်း MMA ချံပီယံတစ်ဦးဖြစ်တာကြောင့် အားချင်းလည်း မမျှတဲ့အတွက် အထိနာခဲ့ရတာချည်းပါပဲ။ ဒေါသထွက်တိုင်း Bec ရဲ့ အကျီင်္အဝတ်အစားတွေကို မီးရှို့တာတွေ၊ ဖျက်ဆီးပစ်တာတွေလုပ်လွန်းလို့ Bec ဆီမှာ ဝတ်စရာအကျီင်္တောင်မရှိတော့ပါဘူး။

READ
ကမ္ဘာကျော်ပုဂ္ဂိုလ်တွေနဲ့ သူတို့ရဲ့ တစ်နေ့ အိပ်ချိန်
Instagram

(၃) နှစ်ကြာအောင် Bec ကို နည်းမျိုးစုံနှိပ်စက်ရင်း နောက်ပိုင်းမှာတော့ ဓားပါကိုင်ကာ “မင်းကိုလည်းသတ်မယ်၊ ကလေးနှစ်ယောက်ကိုလည်း သတ်ပြီး ငါ့ကိုယ်ငါလည်းသတ်သေမယ်” လို့ ကြိမ်းဝါးခြိမ်းခြောက်လာတဲ့အတွက် ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချမှတ်ခဲ့ပါတယ်။

Dan ကို ထားပစ်ခဲ့ဖို့ပါ။ Bec ဟာ သူမကို ဘယ်လိုပဲ နှိပ်စက်နှိပ်စက်သူမခံပေမယ့် ကလေးတွေဲ့အသက်ကို ခြိမ်းခြောက်လာတဲ့အပေါ်မှာတော့ သိပ်ကို နာကျည်းခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၃ ခုနှစ်မှာပဲ ကလေးနှစ်ယောက်ကိုခေါ်ကာ Dan နဲ့ ပြတ်စဲခဲ့ပါတယ်။

Instagram

ပြတ်စဲပြီး နောက်မှာတော့ Dan ဟာ အိမ်တွင်း အကြမ်းဖက်မှုကို ကြူးလွန်ခဲ့တဲ့အတွက် ထောင် (၈) လကျခဲ့ပါတယ်။ Bec ကတော့ အဲဒီအချိန်မှာ ယိုယွင်းနေတဲ့ သူမရဲ့ခန္ဓာကိုယ်ကို ပြန်ပြီး သန်မာလာအောင် gym သွားကာ လက်ဝှေ့ကို ဆက်ကစားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက (၈) နှစ်နဲ့ (၃) နှစ်အရွယ် သားနှစ်ယောက်ကို ကြည့်ဖို့လူမရှိဘူးဆိုရင် gym ထိခေါ်လာကာ ကလေးထိန်းလိုက်၊ လေ့ကျင့်လိုက်လုပ်ကာ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ပါတယ်။ ဝင်ငွေမရှိသေးတဲ့အချိန်မှာဆို စားဖို့တောင် အနိုင်နိုင်ရယ်မို့ သားနှစ်ယောက်ကိုပဲ ကျွေးပြီး သူမအငတ်ခံခဲ့ရတဲ့ နေ့တွေလည်း ရှိပါတယ်။

READ
အစွန့်ပစ်ခံကြောင်ပေါက်လေးကို မိခင်စိတ်နဲ့ မွေးစားစောင့်ရှောက်နေတဲ့ ခွေးမလေး
Instagram

နောက်ပိုင်းမှာတော့ Bec ဟာ Bare Knuckle Fighting Championship အတွက် စာချုပ်ချပ်ထားပြီဖြစ်ပါတယ်။ မျက်နှာလှလှလေးနဲ့ ခန္ဓာကိုယ်ပေါ်က မင်အရုပ်ပေါင်း (၆၀) လောက်ကို အမြတ်တနိုးတန်ဖိုးထားတဲ့ Bec တစ်ယောက်ဟာ သူမရဲ့အတွင်းရေးကို ထုတ်ဖော်ပြောဆိုခြင်းဟာ နေရာအနှံ့မှ အိမ်တွင်းအကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးများအတွက် ထားသွားရဲတဲ့သတ္တိရှိအောင်ပါ။ Bec ဟာ သူ့ရဲ့ကံဆိုးလှတဲ့ နေ့ရက်တွေကို ကျော်ဖြတ်ပြီး ၂၀၁၈ ခုနှစ်ရဲ့ Bare Knuckle Fighting Championship မှာ ချံပီယံအဖြစ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by Bec Rawlings (@rowdybec) on Dec 9, 2018 at 5:12pm PST

Instagam

Source: CNN

Penny

 

SHARE