Victoria မပါဘဲ Bonfire Night ကို ကလေးတွေနဲ့သာအတူကုန်ဆုံးစေခဲ့တဲ့ Beckham

[email protected]

နိုဝင်ဘာလထဲ ကူကေမှာ နှစ်တိုင်းလိုလိုကျင်းပနေကျဖြစ်တဲ့ Bonfire Night လေးကတော့ မနေ့ကပဲပြီးဆုံးသွားခဲ့ပါပြီ။ မီးရှူးမီးပန်းတွေကြည့်မယ်၊ မုန့်စားပျော်ပါးကြတဲ့ ညလေးဖြစ်တာကြောင့် အားလုံးဟာ မိသားစုနဲ့အတူတူ ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူတူ ရှိနေလေ့ရှိပါတယ်။

ကမ္ဘာကျော် ဘောလုံးသမားဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ David Beckham ဟာဆိုရင်လည်း Bonfire Night မှာ မိသာားစုနဲ့အတူတူရှိနေခဲ့ပြီး မီးရှူးမီးပန်းလွှတ်တာတွေကို ကြည့်နေခဲ့တယ်ဆိုတာ သူ့ရဲ့ Instagram မှ ဗီဒီယိုတော်တော်များများအရ သိခဲ့ရပါတယ်။

အဲဒီညအတွက် ဗီဒီယိုတွေတင်တာ အများကြီးဆိုပေမယ့်လို့ ဗီဒီယိုထဲမှာတော့ သားကြီး Brooklyn, သားငယ် Curz နဲ့ သမီးအငယ်ဆုံးလေး Harper တို့ကိုသာ တွေ့ခဲ့ရပြီး ဇနီးဖြစ်သူ Victoria နဲ့ သားလတ် Romeo တို့ကိုတော့ အရိပ်အယောင်တောင်မတွေ့ခဲ့ရပါဘူး။

ဒါကြောင့်လည်း လူတချို့က Beckham နဲ့ Victoria တို့ကြားက တင်းမာမှုတွေဟာ တဖြေးဖြေးမာကျောလာခဲ့ပြီဆိုပြီး ထင်ကြေးတွေစွတ်ပေးနေခဲ့ကြတာဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာပဲ Beckham ကို တခြားမော်ဒယ်တစ်ယောက်နဲ့တွေ့လိုတွေ့၊ ကြားထဲ Victoria ရဲ့ လုပ်ငန်းအခြေအနေတွေကလည်း ယိုင်နဲ့လာကာ Beckham နဲ့ ပြဿနာတက်လိုတက်နဲ့ Victoria ရဲ့ မိဘတွေကတောင်မှပဲ ကြားဝင်စေ့စပ်မှုတွေ တကူးတကခေါ်လုပ်ပေးခဲ့ရတယ်ဆိုပြီး သတင်းတွေ ထွက်လာခဲ့တာကြောင့် အထင်လွဲစရာတော့ ကောင်းနေလှပါတယ်။

READ
အိန္ဒိယမှာ မဲပေးခွင့်မရှိတဲ့ နာမည်ကြီးဘောလိဝုဒ်ဆယ်လီများ
[email protected]
[email protected]

ဒါပေမဲ့လည်း တကယ့်အဖြစ်အမှန်ကတော့ ဒီလိုပါတဲ့။ Victoria ဟာ Romeo ကို သင်တန်းတစ်ခုသွားကြိုရမှာမလို့ ကလေးတွေနဲ့အတူတူ အချိန်မဖြုန်းနိုင်တာပါတဲ့လေ။ ဒါကိုလည်း သူမကိုယ်တိုင် Beckham ရဲ့ ဗီဒီယိုတွေအောက်မှာ ဝင်ပြီး Comment ရေးခဲ့တာပါ။

[email protected]

အဆင်မပြေလို့မလာတာကို Romeo ကို ပဲလွှဲချပြီး အများအထင်မလွဲအောင် သင်တန်းကြိုနေတယ်ဆိုတာ သိအောင် ထည့်ရေးတာလား၊ ဒါမှမဟုတ် တကယ်ပဲ မအားလို့လားဆိုတာကတော့ သူတို့ကလွဲရင် ဘယ်သူသိနိုင်ပါဦးမလဲ။

Penny

SHARE