မိခင်ဘ၀ကို ပိုင်ဆိုင်ခွင့်ရဖို့ ချန်ပီဘွဲ့ကို စွန့်လွှတ်ပြီး WWE ကို ကျောခိုင်းခဲ့တဲ့ Becky Lynch

[email protected]

WWE နပန်းလောကဆိုတာကတော့ ကျွန်တော်တို့ ကလေးဘဝသက်တမ်းတစ်လျှောက်ကို အများဆုံးလွှမ်းမိုးနိုင်ခဲ့တဲ့ ပြိုင်ပွဲတွေ ဖြစ်ပါတယ်။ အထက်တန်းကျောင်းတုန်းကဆိုရင် သူတို့အကြောင်းရေးထားတဲ့ စာစောင်လေးတွေကို ဘော်ဒါအချင်းချင်း ပိုက်ဆံလေးတွေ စုဝယ်ပြီး အလုအယက် ဖတ်ခဲ့ကြဖူးပါတယ်။ ဒါ့အပြင် Kane, Shawn Micheal, Undertaker, The Rock, 619, Big-Show, John Cena တို့ဆိုတာကတော့ ကလေးတိုင်းရဲ့ အသည်းစွဲ နပန်းသမားကြီးတွေပါ။ P2 ဂိမ်းဆိုင်တွေမှာဆိုလည်း ဘော်ဒါတွေ အမြဲစုဆော့ဖြစ်တာလည်း ဒီ WWE Smack Down ဂိမ်းပါပဲ။

View this post on Instagram

I called it. I did it.

A post shared by The Man (@beckylynchwwe) on

များသောအားဖြင့် ဒီ WWE နပန်းလောကမှာ အမျိုး နပန်းသမားတွေကိုသာ လူအများစုက စိတ်ဝင်စားလေ့ရှိပြီး အမျိုးသမီးနပန်းသမားတွေကိုတော့ နာမည်နဲ့ ရုပ်နဲ့ အများစု မတွဲမိကြပါဘူး။ အပေါ်မှာ ပြထားတဲ့ ပုံကတော့ WWE ရဲ့ Raw ပြိုင်ပွဲမှာ အချိန် တော်တော်ကြာ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့တဲ့ WWE နပန်းလောကရဲ့ အမျိုးသမီးချန်ပီယံ Becky Lynch ပဲ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ Becky ဟာ မကြာခင် မိခင်ဖြစ်တော့မှာမို့လို့ ချန်ပီယံဘွဲ့ကို စွန့်လွှတ်ပြီး WWE နပန်းလောကမှ ထွက်ခွာတော့မှာဖြစ်ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
တရုတ်ပင်လယ်ကမ်းစပ်မှာ ကဏန်းကောင်ရေ သိန်းချီစုဝေးလို့ လူအများစိုးရိမ်နေ

 

ဒီဗီဒီယိုလေးကတော့ WWE ကွင်းပိတ်ကျင်းပခဲ့တဲ့ပွဲမှာ Beck ကို နောက်ဆုံးမြင်ခဲ့ရတာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ Becky ဟာ သူမနေရာကို ဆက်ခံမယ့် ဒုတိယ WWE အမျိုးသမီးချန်ပီယံ Asuka ကို အခုအချိန်ကစပြီး ဒီအမျိုးသမီးနပန်းလောကမှာ Asuka က ချန်ပီယြံ ဖြစ်သွားပြီဖြစ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ မကြာခင် သူမဟာ မိခင်ဖြစ်တော့မှာဖြစ်တဲ့အတွက် WWE နပန်းလောကကို စွန့်ခွာတော့မှာဖြစ်ကြောင်း Asuka ကို ပြောကြားခဲ့ပါတယ်။ Asuka ကတော့ Becky ကိုယ်ဝတ်ရသွားတဲ့အပေါ် အံ့သြသင့်နေပြီး Becky နာမည်ကို တောက်လျှောက်အော်ဟစ်ပြီး ဂုဏ်ပြုပေးခဲ့ပါတယ်။ ကွင်းပိတ်ကျင်းပရတဲ့ ပွဲဖြစ်တာကြောင့် Beck ရဲ့ နောက်ဆုံးအချိန်မှာ ပရိသတ်တွေ တစ်ယောက်မှမရှိတာတော့ တော်တော်စိတ်ထိခိုက်စရာမြင်ကွင်းပါပဲ။ အရင်လို ပရိသတ်တွေ စည်ကားနေမယ့်အချိန်ဆိုရင်တော့ တစ်ကွင်းလုံး Becky ကို လှိုက်လှိုက်လှဲလှဲအားပေးနေကြမှာ ဧကန်မုချပါပဲ။

“ကျွန်မလဲ ဒီလောကကနေ စွန့်မခွာချင်ပါဘူး။ ဒါပေမယ့်လည်း ကိုယ်ဝန်ကြီးနဲ့ဆိုတော့ မဖြစ်မနေအခြေအနေရမို့လို့ပါ။ ပြီးတော့ ကလေးမွေးပြီးရင်လည်း ဒီလောကထဲပြန်ဝင်ဖို့ စဉ်းစားပါသေးတယ်။ ဒါပေမယ့် လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ကျွန်မ မိသားစုကို ကျွန်မအချိန်ပေးချင်ပါတယ်။ ကလေးလေးကိုလည်း ပြုစုစောင့်ရှောက်ရမယ့် တာဝန်တွေရှိပါသေးတယ်။ Seth လဲ ကျွန်မဆုံးဖြတ်ချက်ကို သဘောတူပါတယ်” လို့ Beck က ပြောကြားခဲ့ပါတယ်။ Becky ရဲ့ ချစ်သူ Seth Rollins ဆိုတာကလည်း တစ်ခြားသူမဟုတ်ပါဘူး။ ဒီ WWE နပန်းလောက နပန်းသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ Becky နဲ့ Seth တို့ရဲ့ ကလေးလေးဟာ လာမယ့် (၂၀၂၀) ဒီဇင်ဘာလလောက်မှာ မွေးဖွားမယ်လို့ သိရပါတယ်။

READ
အလုပ်သမားတွေကို အိမ်မှာနားခိုင်းလည်း လစာအပြည့်ပေးရမယ်လို့ မလေးရှားဆို

Pyi Hein Kyaw

SHARE