Netflix မှာ ပြသမယ့် Michelle Obama ရဲ့ ‘Becoming’ Documentary

Image:twitter/Barack Obama

Michelle Obama  ကတော့ အ မေရိကန် သမ္မတ ဟောင်း အိုဘားမားရဲ့ ဇနီး၊အ မေရိကန်ရဲ့ First Lady  ဖြစ် ခဲ့ဖူးသူပါ။ပညာတက်ပြီး ထက်မြက်တဲ့ အမျိုးသမီး အဖြစ် လူအများရဲ့ လေးစားအားကျမှုကို ရထားသူပါ။Michelle ရေး သား ထုတ်ဝေ ထားတဲ့ Becoming ဆိုတဲ့ စာအုပ်ကို တော့ Netflix မှာ Documentary  တစ်ခု အဖြစ် နဲ့ တွေ့  ရတော့မှာပါ။ဒီစာအုပ်ကတော့ သူမရဲ့ ဘ၀ အကြောင်းကို ရေးထားတာပါ။(၂၀၁၈) နိုဝင်ဘာ (၁၃)မှာ ထုတ် ဝေ ခဲ့တာပါ။ထုတ်ဝေပြီး (၁၅) ရက်အကြာမှာတော့ (၂၀၁၈)ခုနှစ် အတွက် အမေရိကန်ရဲ့ အရောင်းရ ဆုံး စာအုပ် ဖြစ်လာခဲ့ပါတယ်။မြန်မာနိုင်ငံမှာတော့ ဒီစာအုပ်ကို ဘာသာပြန် ထုတ်ဝေ ထားတာလည်း ရှိပါတယ်။

Image:twitter/michelle

သူမရဲ့ နောက်ထပ် Documentary အသစ် ကို Netflix မှာ မြင် ရ တော့မယ့် အ ကြောင်းကိုတော့ Michelle Obama  က ကြေညာ ခဲ့ပါတယ်။သူမရဲ့ တွစ်တာ စာမျက်နှာ ပေါ်မှာ “မေလ ၆ ရက်နေ့ ကျရင် Netflix က နေ ထွက် ရှိမယ့် Becoming အတွက် စိတ်လှုပ်ရှား နေတယ်.. ” လို့ ရေးသား ခဲ့ပါတယ်။အဲ့ဒီ Documentary ကိုတော့ Nadia Hallgren က ရိုက်ကူးထားတာပါ။ကျမရဲ့ ကိုယ်တွေ့ မှတ် တမ်း စာအုပ် ထွက်ရှိပြီး နောက်မှာတော့ ကျ မ တွေ့ ဆုံခဲ့တဲ့ တကယ့်ကို အံ့မခန်းလူတွေ ရဲ့ အကြောင်းကို မျှ ဝေ ရ တော့မယ်လို့လည်း Michelle က ပြော ခဲ့ပါတယ်။

READ
မွေးရာပါ ရုပ်အဆင်းပျက်ယွင်းနေလို့ လူပုံအလယ်မှာ မျက်နှာငယ်နေရတဲ့ ကလေး
Image:twitter/Barack Obama

ထွက်ပြီး သိပ်မ ကြာခင်မှာပဲ အ ရောင်းရဆုံး စာအုပ် ဖြစ်လာခဲ့တဲ့  ‘Becoming’  ကတော့ အုပ်ရေ ပေါင်း (၁၀) သန်း ကျော် လောက် အထိ ရောင်းချ ခဲ့ရ ကြောင်း စာအုပ်ထုတ်ဝေ တဲ့ Penguin Random House က ဆိုပါ တယ်။ddocumentary ဗီဒီယို ဖိုင် အတို လေးကိုလည်း ဝေမျှ ထားပါတယ်။ဗီဒီယိုဖိုင်ထဲမှာတော့ Philadelphia မြို့ က ဆွေး နွေးပွဲ မှာ တော့ လူငယ်အမျိုးသမီး တစ်ယောက် နဲ့ အပြန် အလှန် အ မေး အ ဖြေ လုပ်ထားတာလေး ပါပါတယ်။ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန် မှာ သူမရဲ့ Documentary  ကို ကြည့်ပြီး စိတ် ဓါတ် နိုးကြွ မှုနဲ့ ပျော်ရွှင်မှု တစ်ချို့ ရ ကြဖို့ မျှော်လင့် ကြောင်း ပြောခဲ့ပါတယ်။

READ
အဆိပ်ပြင်းတဲ့ပင့်ကူတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားတဲ့အမျိုးသမီး

 

Source:wiki/CNN /Michelle Obama’s twitter
SHARE