ဘတ်စ်ကားစီးရင်းလက်မှာ အဖိမ့်ကြီးတွေထနေလို့ ထိုင်နေတဲ့ခုံကိုကြည့်လိုက်တဲ့အခါ

9GAG

အမေရိကန်နိုင်ငံ Philadelphia က ဘတ်စ်ကားတစ်စီးပေါ်မှာ ကြက်သီးထဖွယ်ရာအဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ Crystal Lopez ဟာ public transportation တစ်ခုဖြစ်တဲ့ ဘတ်စ်ကားစီးရာမှာ အသည်းယားစရာဖြစ်ရပ်တစ်ခုကို ဗီဒီယိုမှတ်တမ်းရိုက်ကူးယူနိုင်ခဲ့ပါတယ်။

ဘတ်စ်ကားပေါ်က ထိုင်ခုံမှာထိုင်ပြီး လိုက်လာတုန်း ရုတ်တရက်ဆိုသလို သူမရဲ့ လက်ဖျံဟာ ပူစပ်ပူစပ်ဖြစ်ပြီး ယားလာတာကို ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ သာမန်ပဲထင်ပြီး အမှုမဲ့အမှတ်မဲ့နေလိုက်ခဲ့ပြီးနောက် လက်ဖျံတစ်လျှောက်ကနေ လက်မောင်းအထိပါ အရမ်းကို ပူလောင်ပြီး ယားလာတာကို တဖြည်းဖြည်းခံစားလာရတဲ့အတွက် သူမလက်ကို ပြန်ကြည့်လိုက်တဲ့အချိန်မှာ အခုလိုတွေ့ခဲ့ရပါတယ်။

9GAG
9GAG

ဒါဟာ အကောင်တစ်ကောင်ကောင် ကိုက်တာဖြစ်လောက်တဲ့ အနေအထားဆိုတော့ သူမလက်တင်ပြီး ထိုင်နေတဲ့ထိုင်ခုံမှာများရှိမလားဆိုပြီး ကြည့်လိုက်တဲ့အခါမှာတော့ အရမ်းကို ကြက်သီးထဖွယ် အသည်းယားစရာမြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရပါတယ်။

9GAG

ကြမ်းပိုးတွေပါ။ ထိုင်ခုံက ဆိုဖာလိုဖြစ်နေတဲ့အတွက် ကျောမှီရဲ့ ကူရှင်နဲ့ အမာခံကြားထဲမှာ ကြမ်းပိုးတွေ၊ ကြမ်းပိုးတွေဆိုတာ အကောင်တစ်ရာလောက်တောင် ရှိနေပါတယ်။ အခုလို အမေရိကန်နိုင်ငံကြီးမှာတောင် လူတိုင်းစီးနေတဲ့ ဘတ်စ်ကားပေါ်မှာ ကြမ်းပိုးတွေ တွေ့တယ်ဆိုတော့ တခြားနေရာတွေမှာဆို မတွေးရဲစရာပါပဲ။ ဖြစ်နိုင်ရင် ကြမ်းပိုးမတွယ်ကပ်နိုင်မယ့် ပလတ်စတစ်လိုမျိုး ကြားခံမရှိတဲ့ ထိုင်ခုံတွေမှာပဲ ထိုင်ကြပါနော်။

READ
ပန်းရောင်ဂါဝန်၊ မျောက်ပုံပါတဲ့ ဘောင်းဘီနဲ့ အိုလံပစ်ပွဲမှာ လူစွမ်းကောင်းလုပ်ခဲ့သူ
9GAG

ကြမ်းပိုးရှိတဲ့နေရာမှာကိုယ်က မသိလိုက်လို့ ထိုင်မိ၊ထိမိတယ်ဆိရင် ကိုယ့်ရဲ့ခန္ဓာကိုယ်၊ အသုံးအဆောင်၊ အဝတ်အစားနဲ့ အိတ်တွေထဲ ကပ်ငြိပြီး ကိုယ့်အိမ်အထိပါ ပါလာနိုင်ပါတယ်။ ကြမ်းပိုးတွေ့တာဟုတ်မဟုတ်တော့ ဗီဒီရိုမှာပဲ ကြည့်လိုက်ကြပါတော့နော်။

Source : 9GAG

Penny

 

SHARE