ဘီယာထဲပျားဝင်နေတာ မသိဘဲသောက်မိလို့ ပျားတုတ်ခံခဲ့ရသူ

Unilad

ကနေဒါ က အသက် (၅၆) နှစ်အရွယ် Bob Williams ဟာ ဘီယာတစ်ကျိုက်သောက်အပြီးအမှာပဲ သူသောက်မိတာမှားသွားမှန်း သိလိုက်ရပါတယ်။

Bob ဟာ ပျားတုတ်ခံရာတာ ရက်ရက်စက်စက် နာပေမယ့်လည်း သူ့ရဲ့ဖူးယောင်နေတဲ့ နှုတ်ခမ်းကြောင့်ပဲ ဟာသတစ်ခုလိုဖြစ်ကာ သူ့ဟာသူပြန်ပြန်ရယ်နေရပါတယ်။

Unilad

Bob ဟာ သူ့ရဲ့သမီးဖြစ်သူ Becca ရယ် သူမရဲ့ခင်ပွန်းလောင်းရယ်နဲ့အတူ ဘီယာလေးတမြမြနဲ့ နေအိမ်ကိုပြန်လည်ပြုပြင်နေပါတယ်။ ဖြစ်ချင်တော့ Bob ဟာ သောက်လက်စဘီယာဗူးကို အိမ်အပြင်ဘက် ပန်းခြံနားမှာ ချထားခဲ့ပြီး အိမ်ထဲပြန်ဝင်ကာ အလုပ်တွေဆက်လုပ်နေပါတယ်။

နောက်မှပြန်ထွက်လာပြီး ဘီယာတစ်ကျိုက်သောက်လိုက်တဲ့အချိန် နှုတ်ခမ်းအတွင်းပိုင်းအပေါ်ဘက်မှ စူးပြီး ပူသွားတာကို နာကျင်မှုနဲ့အတူ ခံစားလိုက်ရပါတယ်။ ကြည့်လိုက်တဲ့အခါ ပါးစပ်ထဲက ပျားအသေကောင်ကိုတွေ့လိုက်ရတဲ့အချိန်မှာတော့ သူပျားအတုတ်ခံလိုက်ရပြီဆိုတာ သိလိုက်ရပါတယ်။

Unilad

နာကျင်နေပေမယ့်လည်း Bob ဟာ နှုတ်ခမ်းအဆမတန်ယောင်လာမှာကို သိထားတော့ မယောင်လာခင်အချိန်နဲ့ ယှဉ်ကြည့်လို့ရအောင် ဓာတ်ပုံရိုက်ထားမှဖြစ်မယ်လို့ဆိုကာ ရိုက်ခဲ့ပါတယ်။ မကြာခင်မှာပဲ တဆစ်ဆစ်နာကျင်မှုနဲ့အတူ Bob ရဲ့နှုတ်ခမ်းကြီးလည်း ယောင်လာပါတော့တယ်။

READ
ကမ္ဘာ့တဝှမ်းက အထူးဆန်းဆုံးကစားနည်း (၅)မျိုး
Unilad

သူ့ကိုယ်သူ တကယ့်သက်ရှိ Snapchat filter လို့ ရွှတ်နောက်ခေါ်ပြီး ဗီဒီယိုရိုက်ကာ သမီးဖြစ်သူကို ရယ်အောင်တောင် စနေပါသေးတယ်။

သမီးဖြစ်သူ Becca က အဖေ့ကိုကြည့်မိတိုင်း ရယ်ရလွန်းလို့ စိတ်မကောင်းတောင် ဖြစ်မိကြောင်း ပြောတဲ့အခါ Bob က သူ့နေရာမှာ သမီးသာဆိုရင်လည်း သူကိုယ်တိုင်မျက်ရည်ထွက်လောက်အောင် ရယ်မိမှာမို့လို့ ဘာမှဖြစ်စရာမလိုကြောင်း ပြန်ပြောခဲ့ပါတယ်။

Unilad

ပျားတုတ်ခံရတာကြောင့် ၃၊ ၄ ရက်ကြာအောင် အယောင်မကျသေးတဲ့အတွက် လိုရမယ်ရဆေးရုံတော့ သွားပြထားတယ်လို့ သိရပါတယ်။

ကဲ ဘီယာသောက်ရင် အရင်ဆုံးကြည့်ပြီးမှသောက်ကြပါနော်။

Source: Unilad

Penny

SHARE