အမဲသားလုံးအစပ်ကြော်နည်း

အမဲသားကြိုက်သူများအတွက် အမဲသားလုံးအစပ်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်သောပစ္စည်းများ
  • အမဲသား အစိတ်သား
  • ဂျင်း အနည်းငယ်
  • ကြက်သွန်ဖြူ ၆ တက်
  • ကြက်သွန်နီ ၄ လုံး
  • ခရမ်းချဉ်သီး ၄ လုံး
  • အရောင်တင်မှုန့် ၂ ဇွန်း
  • ဆား ၁ ဇွန်း
  • ဆီ
  • နံနံပင်
  • ငရုတ်သီးအနှစ် တစ်ဇွန်း

ချက်ပြုတ်ပုံအဆင့်ဆင့်
  • အမဲသားကို နုတ်နုတ်စင်းပါ သို့မဟုတ် ကြိတ်စက်ဖြင့်ကြိတ်ပါ။
  • ဂျင်း၊ ကြက်သွန်ဖြူတို့ကို ထောင်းပြီး အမဲသား၊ ဆားတို့နှင့်နယ်ပါ။
  • ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကိုထောင်းထားပါ။
  • ဒယ်အိုးထဲသို့ဆီထည့်ပြီး အပူပေးပါ။
  • အမဲသားကို လက်နှင့်လုံး၍ ဆီအေးအေးဖြင့် ကြော်ပါ။
  • အမဲသားလုံးကျက်လျှင် ဆယ်ထားပါ။
  • ဆီကိုအပူမြှင့်၍ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ထည့်၍ ဆီသတ်ပါ။
  • တစ်ပြိုင်တည်း ခရမ်းချဉ်သီးနှင့် အရောင်တင်မှုန့်တို့ကိုထည့်ပါ။
  • ခရမ်းချဉ်သီးဆီပြန်၍ အနှစ်ဖြစ်လာလျှင် ငရုတ်သီးအနှစ်ကိုထည့်ပါ။
  • ပွက်ပွက်ဆူလာသောအခါ အမဲသားလုံးကိုထည့်ပါ။
  • သေသေချာချာမွှေပြီးလျှင် နံနံပင်အုပ်၊ မီးဖိုပေါ်မှချ၍ သုံးဆောင်နိုင်ပါပြီ။
READ
အရသာအရမ်းရှိတဲ့၊ ကုန်ကျစရိတ်သက်သာတဲ့ တူနာပန်ကိတ်ပြုလုပ်နည်း
Em Em (Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
SHARE