ဘီယာဗိုက်လို့ ထင်ရပေမယ့် ဆေးစစ်ကြည့်မှ ရှားပါးကင်ဆာဖြစ်နေမှန်း သိရသူ

Hector Hernandez အမည်ရှိ အမျိုးသားတစ်ယောက်ဟာ သူရဲ့ ဗိုက်ကြီး ပူနေတာကို အစမှာ ဒါ ဘီယာကြောင့်လို့ပဲ ရိုးရိုးရှင်းရှင်းတွေးထင်ခဲ့ပါတယ်။ ဒါပေမယ့် သူထင်သလိုမဟုတ်ဘဲ ရှားရှားပါးပါးဖြစ်တဲ့ ကင်ဆာ အကျိတ်ကြီးကြောင့်ဆိုတာကို သိခဲ့ရတယ်။

ကယ်လီဖိုးနီးယားပြည်နယ်က အသက် (၄၇) နှစ်အရွယ် ဒီအမျိုးသား အစောပိုင်းတုန်းက ၀ိတ်တက်လာတယ်လို့ပဲ ထင်ခဲ့တာပါ။ ဒါပေမယ့် ကင်ဆာ အကျိတ်ကြီးဖြစ်နေခဲ့လို့ ပြီးခဲ့တဲ့ ဇူလိုင်လကမှခွဲစိတ်ပြီး ဖယ်ထုတ်ခဲ့ရတယ်လို့ သိရတယ်။ အကျိတ်ကြီးဟာ အလေးချိန် (၇၇) ပေါင်တောင်ရှိပါသတဲ့။

Courtesy of Hector Hernandez

Downey မြို့က Hector Henandez ဟာ ဒီ ဘီယာဗိုက်နဲ့ ပတ်သက်ပြီး မကြာခဏဆိုသလိုပဲ သူငယ်ချင်းတွေရဲ့ စနောက်တာတွေကို ခံခဲ့ရပါတယ်။  သူလည်း အဲ့လောက်ကြီး မသောက်ပါပဲနဲ့ပေါ့…။ ၀လာတယ်လို့ပဲ ထင်ခဲ့တယ်လို့ သူက ၀ါရှင်တန်ပိုစ့်ကို ပြောပြထားပါတယ်။

လေ့ကျင့်ခန်းတွေလုပ်လည်း သူ့ ဗိုက်က ဘာမှ မဖြစ်လာဘူး။ နောက်ပိုင်းမှာ ထိဖို့တောင် ခက်ခဲလာတဲ့ အထိဖြစ်လာတယ်။ လက်မောင်းတွေဆိုလည်း သေးသေးလာတယ်။ ဒါနဲ့ပဲ မိသားစုရဲ့ တိုက်တွန်းမှုနဲ့ ဆရာဝန်ဆီ သွားတွေ့တော့မှ သူ ထင်နေခဲ့ ဘီယာဗိုက်ကြီးဟာ ၀ိတ်တာလာတာမဟုတ်ဘဲ အင်မတန်ကြီးမားတဲ့ အကျိတ်ကြီးတည်နေတဲ့ ကင်ဆာဗိုက်ကြီးဖြစ်နေတာကို သိခဲ့ရတယ်။

Courtesy of Hector Hernandez

သူဟာ Retroperitoneal liposarcoma လို့ ခေါ်တဲ့ အဆီကျိတ်ဖြစ်တာကနေ စတဲ့ ရှားပါ ကင်ဆာရောဂါဖြစ်နေခဲ့တာပါ။ ဒီ လီပိုဆာကိုမာစ်ဆိုတဲ့ ဆဲလ်က ခန္ဓာရဲ့ ဘယ်နေရာမှာ မဆိုဖြစ်ပွားနိုင်တယ်၊ ယေဘုယျအားဖြင့်တော့ နံရိုးနဲ့ ၀မ်းဗိုက်အတွင်မှာ ဖြစ်လေ့ဖြစ်ထရှိပြီး ဘာကြောင့် စဖြစ်တယ်ဆိုတာက တိတိကျကျ မသိနိုင်ဘူးလို့ Hernandez ရဲ့ ခွဲစိတ်သမားတော် Dr. William Tseng က အခုလို ရှင်းပြခဲ့ပါတယ်။

READ
ရထားတိမ်းမှောက်မှုကြောင့် အင်္ဂလန်တွင် (၇)ဦး သေဆုံးပြီး (၅၁)ဦး ဒဏ်ရာရ

ဒေါက်တာ Tseng က sarcomas ကုသရေးပိုင်းကို အထူးပြုထားသူဖြစ်ကြောင်း သိရပြီး အပတ်တိုင်း (၂၀-၃၀) ပေါင်ထိ အကန့်အသတ် တစ်ခုထားပြီး ဖယ်ရှာပေးနေကြပါ။ ဒါပေမယ့် သူ့ဘ၀ တစ်လျှောက် ကိုင်တွယ်ကုသ ခဲ့ရသမျှထဲမှာ Hernandez ရဲ့ (၇၇) ပေါင် အကျိတ်ကြီးကတော့ အကြီးဆုံးဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

ဒီ ရှားပါး ကင်ဆာဟာ တစ်ခါတစ်ရံ သတိပြုမိဖို့ ခက်ပါတယ်။ အထူးသဖြင့် အစောပိုင်း အဆင့်တွေမှာ ဖြစ်တယ်။ ဒီ အကျိတ်တွေ ပျံ့နှံ့ကြီးထွားဖို့ အချိန်ဘယ်လောက်ကြာလဲ အတိအကျ ဘယ်တော့မှ မသိနိုင်သလို တစ်နှစ်နှစ် တဖြည်းဖြည်း ကြီးထွားတာမျိုးဖြစ်တယ်လို့ပဲ ယူဆထားကြောင်းသိရတယ်။

Karyn D Ochoa / Via gofundme.com

ဒီ အကျိတ်တွေက ၀မ်းဗိုက် နောက်က စဖြစ်ပြီး တဖြည်းဖြည်း တခြား အင်္ဂါအတွေနေရာမှာ နေရာယူလာပြီး ပင်ကို အားဖြင့် လူနာရဲ့ ခန္ဓာကိုယ်ကို  ပြောင်းလဲစေပါတယ်။  ဒါကြောင့်နဲ့ ၀မ်းဗိုက်အပြင်ဘက်မှာလည်း ဖောင်းပွလာတာ၊ သာမန်ထက် ကြီးလာတာကို သိသိသာသာတွေ့ရမှာဖြစ်ပါတယ်။

ဒီ အကျိတ်တွေက လူနာအနေနဲ့လည်း ရံဖန်ရံခါ ဘာနာကျင်မှုမှ မခံစားရနိုင်ဘူးလို့ ဆရာဝန်က ပြောပြပါတယ်။ ရောဂါရဲ့ တခြား လက္ခဏာတွေကတော့ ရင်ပြည့်တာ (သို့) ၀မ်းချုပ်တာ၊ တခြားသော အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ အလွယ်ကလေး အထင်လွဲမှားနိုင်တယ်။

အများအားဖြင်တော့ ဒီ ရောဂါဝေဒနာကိုဆို ခွဲစိတ်ကုသကြတာချည့်ပဲလို့ Tseng က ဆိုပါတယ်။ တစ်ခါတစ်ရံမှာတော့ ကင်ဆာ ဆဲလ်တွေကို သတ်ဖို့ ဓာတ်ရောင်ခြည်ကင်တာကိုလည်း အသုံးပြုကြတယ်လို့ သိရတယ်။

READ
ငယ်ပါကို ပင့်ကူကိုက်လို့ ဆေးရုံပြေးရတဲ့လူ

Hernandez ရဲ့ ခွဲစိတ်မှုကိုတော့ အချိန် (၆) နာရီယူခဲ့ရပြီး ခွဲစိတ်မှုတစ်လျှောက်လုံး ၀မ်းဗိုက်အတွင်း အကျိတ်ရှိရာ တ၀ိုက် တခြားအင်္ဂါ အစိတ်အပိုင်းတွေနဲ့ အဓိက သွေးကြောကြီးတွေကိုလည်း ရှောင်ပြီး ဂရုတစိုက်နဲ့ လုပ်ခဲ့ရတယ်လို့ သိရတယ်။

Karyn D Ochoa / Via gofundme.com

အခုဆို Hernandez ရဲ့ အကျိတ်ကြီးကို အောင်မြင်စွာ ဖယ်ရှာပေးနိုင်ခဲ့ပြီ ဖြစ်ပြီး တခြားက အင်္ဂါအစိတ်အပိုင်းတွေကိုလည်း  ကင်ဆာ ဆက်မပြန့်ပွားနိုင်တော့ဘူးလို့ သိရပါတယ်။ ဒါပေမယ့် အကျိတ်ကနေ့ ပြန်ခွဲထုတ်လို့ မရတဲ့ ကျောက်ကပ် တစ်လုံးကိုတော့ Hernandez အနေနဲ့ ထုတ်ပစ်ရမယ်လို့ Tseng ကပြောပါတယ်။

ပေါင်ချိန် (၇၇) ပေါင်လေးတဲ့ ဗိုက်ကြီးလည်း မရှိတော့ရော Hernandez အနေနဲ့ ပိုပြီး ပေါ့ပါး၊ လန်းဆန် တက်ကြွလာတယ်လို့ Washington Post ရဲ့ အင်တာဗျူးတွေမှာ တွေ့ရပါတယ်။ တခြား ဓာတုကုထုံးတွေတော့ သူ့အနေနဲ့ မလိုအပ်တော့ပေမယ့် မကြာမကြာတော့ စစ်ဆေးတာ၊ ဓာတ်မှန် စကန်ရိုက်တာတွေတော့ လုပ်ဖို့ လိုအပ်တယ်လို့ သိရတယ်။

ကံမကောင်းရင် ဒီ liposarcoma က ပြန်ဖြစ်တတ်ပြီး Hernandez လို့ လူနာမျိုးက ပိုပြီး အနီးကပ် စောင့်ရှောက်မှုရှိဖို့တောင် လိုအပ်ကြောင်း ဆရာဝန်က ဆိုပါတယ်။ ဒီလို လူနာမျိုးတွေက ခွဲစိတ်မှုကို တစ်ကြိမ်ထက် ပိုပြီးသော်လည်းကောင်း တစ်ခါတစ်ရံ အကြိမ်ကြိမ် သော်လည်းကောင်း ခွဲစိတ်မှုခံယူရတတ်တယ်လို့ သိရတယ်။

Source: Buzzfeed , Washington Post

Matthew (ShweMOM)
SHARE