Beetroot ခေါ် နိုကိုဥဆိုတာဟာ ခရမ်းနီရောင် သို့မဟုတ် ကြက်သွေးရောင်အဆင်းရှိပြီးတော့ မြန်မာနိုင်ငံမှာတော့ ရှားပေမယ့်လို့ သာမန်ဈေးထဲမှာတောင် တွေ့ရတတ်ပါတယ်။ ဒီ နိုကိုဥဟာ ကိုယ်ခံအားကောင်းစေတဲ့အပြင်ကိုမှ လူ့ခန္ဓာကိုယ်အတွက် မထင်မှတ်ထားတဲ့ ကောင်းကျိုးတွေလည်း အများကြီးပေးနိုင်နေရာကို သွားတွေ့ရပါတယ်။ ဘယ်လိုကောင်းကျိုးတွေများလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။
နိုကိုဥမှာ ပါဝင်နေတဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေကတော့-
- Calories: 44
- Protein: 1.7 grams
- Fat: 0.2 grams
- Fiber: 2 grams
- Vitamin C: 6% of the RDI
- Folate: 20% of the RDI
- Vitamin B6: 3% of the RDI
- Magnesium: 6% of the RDI
- Potassium: 9% of the RDI
- Phosphorous: 4% of the RDI
- Manganese: 16% of the RDI
- Iron: 4% of the RDI

(၁) ယောင်ယမ်းမှုပြဿနာ
Chronic inflammation လို့ခေါ်တဲ့ အချိန်အကြာကြီး နာတာရှည်ယောင်ယမ်းမှုတွေဟာ အဝလွန်ခြင်း၊ နှလုံးကျန်းမာရေး၊ အသည်းနဲ့ ကင်ဆာစတာတွေနဲ့ ဆက်စပ်နေပါတယ်။ နိုကိုဥဟာ betalains လို့ခေါ်တဲ့ သတ္တုဓာတ်တစ်မျိုး ပါဝင်နေပါတယ်။ အဲဒီဓာတ်ဟာ အခုလိုမျိုး နာတာရှည်ယောင်ယမ်းမှုတွေကို သက်သောလျော့ကျစေနိုင်ပါတယ်။
(၂) အစာချေစနစ်အတွက်
ဖိုက်ဘာဓာတ်ပေါကြွယ်ဝစွာ ပါဝင်နေတဲ့အတွက်ကြောင့် အူလမ်းကြောင်းတစ်လျှောက်၊ အစာအိမ်နဲ့ အစာချေစနစ်တို့အတွက်လည်း ကောင်းကောင်းကြီး အကျိုးပြုနိုင်ပါသေးတယ်။ ဒီအပြင် နိုကိုဥမှာပါဝင်နေတဲ့ ဖိုက်ဘာမျိုးဟာ အူမကြီးကင်ဆာ၊ နှလုံးရောဂါနဲ့ type 2 ဆီးချိုတို့မှလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၃) ဦးနှောက်ကျန်းမာရေး
နိုကိုဥဟာ ဦးနှောက်ရဲ့ ကျန်းမာရေးကိုလည်း အထောက်အကူပြုပါသေးတယ်တဲ့။ ဦးနှောက်ထဲကို အောက်ဆီဂျင်ဓာတ်အပြည့်အဝ ရစေဖို့အတွက် အကူအညီပေးနိုင်စွမ်းရှိတဲ့အတွက် အတိတ်မေ့ခြင်း၊ သတိမေ့ခြင်းတွေကို သက်သာစေမှာပါ။
(၄) ကိုယ်အလေးချိန် ကျဆင်းစေခြင်း
ကယ်လိုရီပါဝင်မှုနည်းခြင်း၊ ဖိုက်ဘာဓာတ်ပေါကြွယ်ဝပြီး ရေဓာတ်ပြည့်ဝခြင်းတို့ကြောင့် နိုကိုဥကို ကိုယ်အလေးချိန် လျှော့ချတဲ့နေရာမှာလည်း ကောင်းကောင်းကြီး အသုံချနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်မှုကလည်း အားဖြစ်စေတဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ ညီညွတ်စွာ ကိုယ်အလေးချိန်ကို ကျဆင်းစေမှာပါ။

(၅) ကင်ဆာဖြစ်ပွားမှုနှုန်းကိုလျော့ကျစေနိုင်
Antioxidant ဓာတ်တွေနဲ့ anti-inflammatory ဓာတ်တွေပါဝင်နေတဲ့အတွက်ကြောင့် ကင်ဆာဆဲလ်တွေပွားမှုနှုန်းကို ရပ်တန့်ပေးနိင်ပါတယ်။ အထူးသဖြင့် ဆီးကျိတ်နဲ့ ရင်သားကင်ဆာဆဲလ်တွေမှာ ပိုပြီး အကျိုးသက်ရောက်မှုများနေပါတယ်။
penny