အမေရိကန်မှ Human Society of the United States (HSUS) အမည်ရ တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့အစည်းရဲ့အဆိုအရ နှစ်စဉ် ခွေး၊ကြောင် (၆-၈) သန်းနီးပါးဟာ တိရစ္ဆာန်ကယ်ဆယ်ရေးဂေဟာတွေမှာ သောင်တင်လျက်ရှိပါတယ်။ ထိုထဲကမှ (၃)သန်းနီးပါးဟာ ပိုင်ရှင်တွေနဲ့တွေ့ကာ မွေးစားခံရပြီး (၃)သန်းကျော်လောက်ကတော့ အသက်အရွယ်အိုမင်းလာတာ၊ ရောဂါဘယဖြစ်ပွားလာတာတွေကြောင့် အသတ်ခံရပါတယ်။
ဂေဟာမှာရှိကြတဲ့ ခွေး၊ကြောင်စတဲ့ တိရစ္ဆာန်လေးတွေက သနားစရာသိပ်ကောင်းပါတယ်။ ကံကောင်းတဲ့ ခွေးတွေ၊ ကြောင်တွေကျတော့ သူတို့ကို တယုတယနဲ့စောင့်ရှောက်ပေးမယ့် မိသားစုတွေဆီ ရောက်သွားတတ်ပေမယ့် တချို့ကလည်း သူတို့ကိုလာခေါ်မယ့် သခင်ကို စောင့်ရင်း ဂေဟာမှာပဲ သေဆုံးတာတွေ ရှိပါတယ်။ အိမ်ရာမဲ့တိရစ္ဆာန်လေးတွေက အချစ်ငတ်မွတ်နေကြသူလေးတွေပါ။ အောက်ဘက်မှာတော့ ခွေးလေးတွေရဲ့ တိရစ္ဆာန်ဂေဟာမှာနေထိုင်တုန်းကပုံစံနဲ့ မိသားစုသစ်ရပြီးနောက်ပိုင်း ပြောင်းလဲသွားတဲ့ ပုံစံလေးတွေကို စိတ်ကြည်နူးစရာကောင်းလောက်အောင် တွေ့မြင်ရမှာပဲဖြစ်ပါတယ်။
ပန်နီဖြစ်ပါတယ်။ လွန်ခဲ့တဲ့(၁)လတုန်းကတော့ ပန်နီလေးဟာ အလေးချိန်(၆)ပေါင်ပဲရှိပြီး သိပ်ကြောက်တတ်ပါတယ်။ အခုတော့ ပျော်လို့ပြုံးလို့ပါ။

စကားလက်က အရေပြားရောဂါဖြစ်နေတာကြောင့် အသတ်ခံရတော့မယ့်ဆဲဆဲ ခွေးလေးပါ။ ဒါပေမယ့် ကြင်နာတတ်တဲ့သခင်က အိမ်ခေါ်မွေးခဲ့တာကြောင့် အခုဆို စကားလက်က အင်မတန်ပျော်နေပါပြီ။

ပစ်လိုရဲ့ ခြေထောက်တစ်ချောင်းမှာ ကင်ဆာဖုကြီးရှိနေပြီး ခွဲစိတ်ဖို့လိုအပ်နေခဲ့တာပါ။ ဒါပေမယ့် ပစ်လိုကို သခင်တစ်ဦးက မွေးစားလိုက်ပြီး ပစ်လိုရဲ့ ရောဂါကိုပျောက်ကင်းအောင် ကုပေးခဲ့ပါတယ်။ အခုတော့ ပစ်လိုက သူ့ရဲ့ အိမ်သစ်မှာ ဘော်ဒါအသစ်တစ်ယောက်တောင် ရနေပါပြီ။

လွန်ခဲ့တဲ့(၇)နှစ်တုန်းကနဲ့ အခုတူသေးရဲ့လား။ ကြည့်ပါဦး။

သူကလည်း သခင်သစ်၊ အိမ်သစ်ရလို့ ကံကောင်းသူလေး တစ်ဦးပါပဲ။

အရင်နဲ့အခု အများကြီးပြောင်းလဲသွားပြီဖြစ်တဲ့ ပါလ်မာလေး

အဂျပ်စ်က လွန်ခဲ့တဲ့ရှစ်လတုန်းက အရိုးပေါ်အရေတင်ပြီး (၂၆)ပေါင်သာသာပဲရှိတဲ့ အမေရိကန် အက်စ်ကီမိုခွေးပါ။ အခုတော့ (၄၂)ပေါင်ရှိတဲ့ ခွေးကြီးလုံးလုံးဖြစ်နေပါပြီ။

ကြည့်လိုက်စမ်းပါ။ အရင်ကရုပ် ဟုတ်ရဲ့လားလို့။

ဒါကတော့ ဇစ်ဂီလေးပါ။ ခုတော့ အိမ်သစ်ရသွားရှာပြီလေ။

လအနည်းငယ် ကျော်လွန်ပြီးတဲ့နောက်မှာ ဘာများကွာခြားသွားသလဲ။

ဂေဟာမှာကျတော့ ၀မ်းနည်းအားငယ်နေတဲ့ မျက်နှာလေးနဲ့ အခုကျတော့လည်း ပျော်လို့ပါလားနော်။

သူကတော့ ဘတ်တာပါ ဂေဟာမှာနေတုန်းက ခွေးအိမ်ထဲကနေ ဘယ်မှကိုမသွားရဲတာ။ အခုကျတော့ သူမဟုတ်သလိုပါလား။

သခင်သစ်က ဂရုတစိုက်နဲ့ ဆေးကျွေး၊ အချစ်တွေပေးပြီးတဲ့နောက်မှာ အခုလိုပျော်နေပုံပါ။

လင်းလင်း (ShweMom)
Ref: Brightside