ကားဟောင်းတွေကို အိမ်သဖွယ်ပြင်ပြီး ပြန်ရောင်းကာ စီးပွားရှာနေတဲ့ အမျိုးသမီး

Sarah Lemp/All Things With Purpose

ဆာရာလန့်ပ်အမည်ရတဲ့ အမျိုးသမီးဟာ အမေရိကန်နိုင်ငံ မီရှီဂန်ပြည်နယ်မှာနေထိုင်သူ ဘလော့ဂါတစ်ဦး ဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက camping သွားရတာကို သဘောကျခဲ့သူပါ။ ဒီဝါသနာကို အရင်းခံပြီး ဆာရာဟာ ကားတစ်စီးကို ၀ယ်ယူဖြစ်ခဲ့ပါတယ်။

Sarah Lemp/All Things With Purpose

သူမပထမဆုံးကားဝယ်တဲ့အချိန်က (၂၀၁၄) ခုနှစ်ကပါ။ ဒေါ်လာ(၁,၇၀၀) ပေးရပါတယ်။ ဒါပေမယ့် ဆာရာက သူ့မိသားစုဟာ တဖြည်းဖြည်းနဲ့ ကြီးလာတာကြောင့် ခရီးသွားဖို့ ပိုကြီးတဲ့ယာဉ်ကို လိုအပ်တယ်လို့ စဉ်းစားမိရာက အခုလို ကားဟောင်းတွေကိုဝယ်၊ အတွင်းပိုင်းအပြင်အဆင်တွေကို သေချာလုပ်ပြီး ပြန်ရောင်းဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။ များသောအားဖြင့် နောက်တွဲပါတဲ့ကားတွေကို ၀ယ်ယူခဲ့ရာမှာ ဆာရာက ဖေ့စ်ဘုတ်မားကတ်ပလေ့စ်ကို အားကိုးပြီး ၀ယ်ခဲ့တာပါ။

Sarah Lemp/All Things With Purpose

ယာဉ်တစ်စီးဝယ်ဖို့ ကြိုးစားတိုင်းတော့ ဆာရာတို့က ဘတ်ဂျက်ကို အရင်ချိန်ရပါတယ်။ ယာဉ်ဝယ်ပြီးသွားပြီဆိုရင်တော့ ပထမဆုံး ရေယိုစိမ့်နိုင်တဲ့ နေရာမှန်သမျှကို သူမက လိုက်ပိတ်ပါတယ်။ နောက်ပြီးတော့ အပြင်ပိုင်းကို ဆေးသုတ်ပါတယ်။ ဆေးသုတ်ပြီးတဲ့အခါကျတော့ ယာဉ်အတွင်းပိုင်းမှာရှိတဲ့ လျှပ်စစ်နဲ့ ရေပိုက်တွေ ပျက်နေတာမျိုးဆို ပြန်ပြင်ပြီး စစ်ဆေးပါတယ်။ အတွင်းမှာ အစားထိုးလဲလှယ်ရတဲ့ ပစ္စည်းတွေကိုတော့ ဆာရာက ပေါ့ပေါ့ပါးပါး ဖြစ်စေမယ့်အရာတွေကိုပဲ ရွေးချယ်ပါတယ်။

READ
ရင့်ကျက်ချင်သူတို့ သိထားသင့်တဲ့ နားခါးစေမယ့် အမှန်တရားများ
Sarah Lemp/All Things With Purpose
Sarah Lemp/All Things With Purpose

အပျက်အစီးတွေကို အကုန်ပြင်ပြီးပြီဆိုရင်တော့ အလှအပပိုင်းကို ပြုပြင်ပေးဖို့အချိန်ရောက်ပါပြီ။ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ကူရှင်တွေ၊ လိုက်ကာတွေကို ပြန်ပြင်ပါတယ်။ အတွင်းပိုင်း ဆေးခြယ်စရာရှိတာလည်း ပြန်ပြီး ဆေးခြယ်ပါတယ်။ ဒီအဆင့်မှာတော့ ဆာရာက ရိုလာတုံးနဲ့ အသေးစိတ်လိုက်ဆေးသုတ်တာမို့ အချိန်ပိုယူရပါတယ်။ နောက်ပြီးတော့ သူမက မီးဖိုချောင်အတွက် ပြင်ဆင်ရေးလုပ်၊ ကြမ်းခင်းအသစ်ခင်းပြီး ကြမ်းတွေပျက်စီးနေတယ်ဆိုရင်လည်း ပြန်ပြင်ရပါတယ်။

Sarah Lemp/All Things With Purpose
Sarah Lemp/All Things With Purpose

ဆာရာဟာ သူမရဲ့ ပြင်ဆင်ရေးအပိုင်းနဲ့ ပတ်သက်တဲ့ အဆင့်တွေအကုန်လုံးကို All Things With Purpose ဆိုတဲ့ ၀က်ဆိုက်ဒ်ထဲမှာ အကုန်ရေးသားဖော်ပြထားပါတယ်။ ဆာရာရဲ့ ပြင်ဆင်ရေးပိုင်းမှာတော့ သူမရဲ့ကလေးတွေကလည်း ပါဝင်ကူညီကြပါတယ်။

Sarah Lemp/All Things With Purpose
Sarah Lemp/All Things With Purpose

ဆာရာဟာ သူမရဲ့ ပြင်ဆင်ရေးအပိုင်းနဲ့ ပတ်သက်တဲ့ အဆင့်တွေအကုန်လုံးကို All Things With Purpose ဆိုတဲ့ ၀က်ဆိုက်ဒ်ထဲမှာ အကုန်ရေးသားဖော်ပြထားပါတယ်။ ဆာရာရဲ့ ပြင်ဆင်ရေးပိုင်းမှာတော့ သူမရဲ့ကလေးတွေကလည်း ပါဝင်ကူညီကြပါတယ်။ ဆာရာတို့က နောက်တွဲပါကားဟောင်းတွေကိုဝယ်၊ ပြီးတော့ ပြန်ပြုပြင်ပြီး သူမတို့မိသားစုကိုယ်တိုင် လအနည်းငယ်ကြာအသုံးပြုပါတယ်။ ပြီးတော့မှ သူများကို တဆင့် ပြန်လည်ရောင်းချတာ ဖြစ်ပါတယ်။ ဆာရာကတော့ ဒီလိုပရောဂျက်တွေလုပ်တဲ့အခါ သူမအနှစ်သက်ဆုံးအပိုင်းက ပြင်ဆင်ရေးမပြုလုပ်မီနဲ့ ပြုလုပ်ပြီးပုံတွေကို ကြည့်ရင်း ကျေနပ်မှုရတာပါလို့လည်း ဆိုခဲ့ပါသေးတယ်။ သူမရဲ့အကြောင်းကိုတော့ insider သတင်းဌာနကနေတဆင့် ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။

READ
စီးဆောစီးနေသလို ခံစားချက်မျိုးပေးနိုင်မယ့် ထူးထူးခြားခြားစီးဆောအိမ်
Sarah Lemp/All Things With Purpose
Sarah Lemp/All Things With Purpose

လင်းလင်း (ShweMom)

SHARE