ဒုစရိုက်သမားဟာ သားကောင်ရွေးချယ်တဲ့နေရာမှာ အချိန် (၇) စက္ကန့်သာ လိုအပ်ပါတယ်။ လူတိုင်းကတော့ ဒုစရိုက်ရဲ့ သားကောင်မဖြစ်နိုင်ပါဘူး။ ဘယ်လိုမျိုး သွင်ပြင်အမူအယာတွေကြောင့် ဒုစရိုက်မှု ကျူးလွန်ခံခဲ့ရတာလဲဆိုတာ သိရဖို့အတွက် အမေရိကန်မှ စိတ်ဆရာဝန်တွေက လေ့လာခဲ့ကြပါတယ်။ နယူးယောက်ရဲ့ အန္တရာယ်ရှိတဲ့ လမ်းမတွေထက် (၃) ရက်ကြာ အချိန်ယူပြီးနောက်မှာတော့ အောက်ပါရလဒ်တွေကို ရရှိခဲ့ပါတယ်။
လမ်းမြန်မြန်လျှောက်ခြင်း

နောက်ကျနေလို့ပဲဖြစ်ဖြစ် တစ်ယောက်တည်း လမ်းလျှောက်ရလို့ဆိုပြီး လိုရာခရီးကို မြန်မြန်လျှောက်ချင်လို့ပဲဖြစ်ဖြစ် မပြေးရုံတမယ် လမ်းလျှောက်ခြင်းဟာ ပတ်ဝန်းကျင်းကို အာရုံမစိုက်နေဘူးလို့ ထင်ရတဲ့အတွက် ဒုစရိုက်ကျူးလွန်ခံရနိုင်ဖွယ်များပါတယ်။
ခြေလှမ်းစိတ်စိတ်လျှောက်ခြင်း

ခြေလှမ်းစိတ်စိတ်လျှောက်ခြင်းဟာ စိုးရိမ်ပူပန်မှုကို ဖော်ပြနေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာအရ အားနည်းတယ်လို့ ဒုစရိုက်သမားတွေက ထင်မှတ်တတ်ကြပါတယ်။ ခြေလှမ်းကျဲကျဲ လှမ်းတဲ့အခါ တွန်းတိုက်မှုတွေကိုလည်း ပိုခံနိုင်တာပေါ့။
ပင်ပန်းနွမ်းနယ်ပုံပေါက်နေခြင်း

ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း၊ လမ်းမပေါ်မှာတော့ ပင်ပန်းနွမ်းနယ်ပုံ မပြသင့်ပါဘူး။ အဲဒီအခါ ပြန်ခုခံနိုင်ဖို့ အားမရှိတော့ဘူးဆိုတာ ဒုစရိုက်သမားတွေ သေသေချာချာ သဘောပေါက်တဲ့အတွက် သင်ဟာ သူတို့ရဲ့ သားကောင်ဖြစ်နိုင်ချေများပါတယ်။
ယုံကြည်မှုကင်းမဲ့စွာလမ်းလျှောက်ခြင်း

ကုတ်ချောင်းကုတ်ချောင်းနဲ့ ခြေလှမ်းတိုင်းကို လျှောက်လှမ်းနေမယ်ဆိုရင်တော့ သင်ဟာ ရှက်တတ်တယ်၊ အားနည်းတယ်ဆိုတဲ့ အချက်ကို ထင်ပေါ်စေပါတယ်။
လက်မအားခြင်း

အထုတ်တွေ သယ်လာမယ်၊ အိတ်ကပ်ထဲ လက်နှိုက်နေမယ်၊ ဖုန်းသုံးနေမယ်ဆိုရင်တော့ သားကောင်ဖြစ်ဖို့ ရာခိုင်နှုန်းများနေပါပြီ။
Eye contact မရှိခြင်း

လမ်းမပေါ်က ဒုစရိုက်မှုတွေဟာ မျက်နှာချင်းဆိုင်မှ လမ်းလျှောက်လာတဲ့ သူစိမ်းများက အများဆုံးကျူးလွန်တတ်ကြတာမို့လို့ ပတ်ဝန်းကျင်ကို အဆက်မပြတ် သတိထားနေဖို့လိုအပ်ပါတယ်။ မျက်နှာချင်းဆိုင်ကိုမှ နီးနီးကပ်ကပ် လမ်းလျှောက်လာတယ်ဆိုရင်တော့ မျက်လုံးခြင်းဆုံကြည့်ပြီး မျက်နှာကို မှတ်မိတယ်ဆိုတဲ့ ပုံစံမျိုးနဲ့နေလိုက်ပါ။
နားကြပ်တပ်လမ်းလျှောက်ခြင်း

အသံမကြားရတဲ့အခါ ပတ်ဝန်းကျင်ကို သတိပြုနိုင်စွမ်း ၅၀% လျော့နည်းစေတဲ့အတွက် သီချင်းအကျယ်ကြီးဖွင့်ပြီး နားကြပ်တပ်နားထောင်ခြင်း မလုပ်ကြပါနဲ့။
Source: Bright Side
Penny