စွာတဲ့ကောင်မလေးတွေ ချစ်သူကို အရမ်းချစ်မိသွားရင် ဖြစ်လေ့ရှိတဲ့အမူအကျင့်များ

shutterstock/By Rido

ပင်ကိုယ်စိတ်ရင်းကောင်းတဲ့ ခပ်စွာစွာကောင်မလေးတွေဟာ တကယ်ချစ်ဖို့ကောင်းပါတယ်။ သူတို့လေးတွေ တကယ်ချစ်မိသွားရင် အလွဲလေးတွေလည်း အများကြီးရှိသလို ရယ်စရာလေးတွေလည်း ရှိပါတယ်။ တကယ်လို့ ဒီအချက်လေးတွေနဲ့ သင်တို့ဖြစ်နေတာလေးတွေ တော်တော်များများကိုက်ညီနေရင်တော့ ကြည်နူးစရာကောင်းတဲ့ အတွဲတစ်တွဲဆိုတာ သေချာပါတယ်။

(၁) ထစ်ခနဲရှိစိတ်ကောက်

shutterstock/By Dean Drobot

စွာတဲ့ကောင်မလေးတွေဟာ ထစ်ခနဲရှိစိတ်ကောက်တတ်တဲ့ သူလေးတွေပါ။ ဘာအကြောင်းရင်းမှ သေချာမသိလည်း စိတ်ကောက်ပစ်လိုက်တဲ့ ကောင်မလေးတွပါ။ ချစ်သူက အကြီးအကျယ်ပြန်ချော့ပြီး သူတို့စိတ်ပြေသွားတော့မှ အကြောင်းရင်းကို မေးတတ်ကြပါတယ်။ သိသွားတဲ့ အခါမှာလည်း သူတို့အမှားဖြစ်နေတဲ့အခါ ချစ်သူကို သနားပြီး စိတ်မကောင်းတွေ ပြန်ဖြစ်နေတတ်ကြတဲ့ သူမျိုးတွေ ဖြစ်ပါတယ်။

(၂) ရစ်တယ်

ဒီလိုကောင်မလေးတွေဟာ ရစ်တဲ့နေရာမှာတော့ မူလီထက်တောင် ဆိုးပါသေးတယ်။ ချစ်သူကို နည်းနည်းလေး အလိုမကျတာနဲ့ အတောမသတ်နိုင်အောင် ရစ်တတ်ကြပါတယ်။ တစ်ခါတလေရစ်လွန်းလို့ ကိုယ့်ဘာသာကိုယ်တောင် မူးသွားတတ်ပါသေးတယ်။ ဒါပေမယ့်လည်း သူတို့လိုချင်တဲ့ အဖြေမရမချင်း အဆုံးအထိရစ်တတ်တဲ့သူလေးတွေပါ။ အသည်းအသန် စိတ်ရှည်စွာ ရှင်းပြပေးနေတဲ့ ချစ်သူကိုကြည့်ပြီး စိတ်ပြေသွားတဲ့အခါ ပြန်သနားနေတတ်ပါသေးတယ်။

READ
America's Got Talent ပြိုင်ပွဲမှာ အားလုံးကို မှင်သက်သွားစေတဲ့ ပါရမီရှင်အဆိုတော်လေး

(၃) ဒေါသကြီးတယ်

shutterstock/By Ollyy

စွာတယ်ဆိုကတည်းက ဒေါသကြီးတယ်ဆိုတာ ပြောစရာတာင်မလိုတော့ပါဘူး။ ဒီလိုကောင်မလေးတွေဟာ ဒေါသအရမ်းကြီးပြီး ပေါက်ကွဲလွယ်ပါတယ်။ တစ်ခါတလေ ဒေါသကြီးလွန်းလို့ သူတို့ပဲ အရမ်းပင်ပန်းရပါတယ်။ ခဏနေရင် ပြန်ပြေလည်သွားမယ်ဆိုတာကို သိပေမယ့် ဒေါသမထိန်းနိုင်ကြပဲ စကားတွေကျွံတဲ့အထိပြောပြီး ချစ်သူကို နာကျင်အောင် လုပ်တတ်ကြပါသေးတယ်။ စိတ်ထဲမှာတော့ ချစ်သူတကယ်စိတ်နာသွားမှာကိုလည်း စိုးရိမ်ကြပါသေးတယ်။

(၄) စိတ်ပြေလွယ်တယ်

စွာတဲ့ကောင်မလေးတွေဟာ စိတ်ပြေတာလည်း အရမ်းလွယ်ပါတယ်။ သူတို့ဒေါသထွက်နေတဲ့အချိန်၊ သူတို့ဘယ်လောက် အော်ဟစ်ပြောဆိုနေပါစေ ဘာတစ်ခွန်းမှ ပြန်မပြောပဲ မျက်နှာငယ်လေးနဲ့ နေကြည့်လိုက်ပါ။ ဒါဆိုရင်တော့ သူတို့ဘာသူတို့တောင် စိတ်ပြန်ပြေသွားပါလိမ့်မယ်။ ဒါကြောင့် သူတို့စိတ်ဆိုးနေတဲ့အချိန်၊ ဒေါသထွက်နေတဲ့ အချိန်မှာ ဘာမှပြန်မပြော၊ စိတ်ထဲလည်း မထားပဲ ငြိမ်နေတာ အကောင်းဆုံးပါပဲ။

(၅) ပွင့်လင်းတယ်

Image:IG/ Jade Weber

စွာတဲ့ကောင်မလေးတွေဟာ ပွင့်လင်းပြီး စကားပြောရင်ပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုလုပ်ကိုင်တတ်ကြတဲ့ သူတွေဖြစ်ပါတယ်။ သူတို့ဟာ ရှင်းရှင်းပဲနေတတ်တဲ့အတွက် ဘယ်လို အရှုပ်ဇယားတွေကိုမှ ခင်းလေ့မရှိသလို ခေါင်းရှုပ်လည်း မခံချင်ကြတဲ့သူတွေပါ။ တစ်ခါတလေ ပွင့်လင်းလွန်းလို့ ရိုင်းသလိုဖြစ်သွားတတ်ပေမယ့် သူတို့မှာ မုသားဆိုတာ မရှိပါဘူး။

READ
ပထမဆုံးလက်ဝှေ့ပွဲမှာတင် လူစိတ်ဝင်စားမှုခံနေရတဲ့ ဖိလစ်ပိုင်လက်ဝှေ့ကျော်ရဲ့သားလေး

Em Em (Shwemom)

SHARE