စိတ်ဓာတ်ခိုင်မာပြီး အောင်မြင်ကျော်ကြားတဲ့သူတွေမှာ ဒီလို အမူအကျင့်တွေ ရှိနေပါတယ်

Pixabay-Free-Photos

လူတစ်ယောက်ရဲ့ ဘဝမှာ အရေးကြီးဆုံးက ဘာလို့ ထင်ကြပါသလဲ? တော်တော်များများရဲ့ အဖြေကတော့ ငွေလို့ပဲ ထင်ကြမှာပါပဲ။ ငွေဆိုတဲ့ အဖြေက မှန်သင့်သလောက်သာ မှန်ပါတယ်။ တစ်ကယ်တော့ လူတစ်ယောက်ရဲ့ ဘဝမှာ အရေးကြီးဆုံးက သူ့ရဲ့ ခံယူချက် စိတ်ဓာတ်ပါပဲ။ အဲဒီ ခံယူချက်စိတ်ဓာတ်ကောင်းမှသာ ငွေရှာနိုင်မှာဖြစ်သလို အရာရာမှာ သတိကပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုးစိတ်ဓာတ်ခိုင်မာတဲ့လူတွေဟာ အလုပ်တစ်ခုလုပ်တော့မယ်ဆို ဖြစ်ဖြစ်မြောက်မြောက် လုပ်တတ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာ ပြောပြချင်တာကတော့ စိတ်ဓာတ်ခိုင်မာတဲ့ လူတစ်ယောက်ဆီမှာ လုံးဝကို မတွေ့နိုင်တဲ့ အမူအကျင့်တွေပဲ ဖြစ်ပါတယ်။

Pixabay-Pexels

စိတ်ဓာတ်ခိုင်မာတဲ့ လူတော်တော်များများဟာ သူတို့အကြောင်းကို ဘယ်သူတွေက နောက်ကွယ်မှာ ဘယ်လိုပြောကြမလဲ၊ တစ်ခြားလူတွေက သူ့ကို ဘယ်လိုထင်နေမလဲ အစရှိသဖြင့် ပတ်ဝန်းကျင်နဲ့ လူတွေကို ဥပက္ခာပြုထားပြီး သူတို့ လုပ်စရာရှိတာတွေကို အကောင်းဆုံး လုပ်ကိုင်ဆောင်ရွက်တတ်ကြပါတယ်။ နောက်ထပ်အမူအကျင့်ကတော့ overthing တွေ မတွေးတောတတ်ကြပါဘူး။ လူတော်တော်များများက အလုပ်တစ်ခု ဒါမှမဟုတ် ကိစ္စတစ်ခုကို လုပ်တော့မယ်ဆိုရင် နောက်ဖြစ်လာမယ့် အကျိုးဆက်တွေကို တွေးတောနေတတ်ပြီး မဖြစ်လာခင်ကတည်းက ကြိုတင်ပူပန်နေတတ်ပါတယ်။ ဒီလိုနဲ့ လုပ်မယ့်ကိစ္စတွေကို မလုပ်တော့ပဲ လက်လျှော့လိုက်တာ များပါတယ်။ စိတ်ဓာတ်ခိုင်မာတဲ့လူတွေကကျတော့ အဲဒီလာက်လျှောက်မတွေးနေပဲ လုပ်စရာရှိတဲ့ ကိစ္စကိုသာ အကောင်းဆုံး ပြေးလုပ်တတ်ကြပါတယ်။

READ
ဝတဲ့ အမျိုးသားတွေ ဆောင်သင့်၊ရှောင်သင့်တဲ့ ဖက်ရှင်များ
Pixabay-EliasSch

ဒါ့အပြင် စိတ်ဓာတ်ကြံ့ခိုင်တဲ့ လူတော်တော်များများဟာ သူတို့ကိုယ်သူတို့ ညှာတာမှုမရှိတတ်ပါဘူး။ ကိုယ်ဖြစ်ချင်တဲ့ အရာတစ်ခုကို မဖြစ်မချင်း လက်မလျှော့ပဲ တစ်စိုက်မက်မက် ကြိုးစားတတ်ကြပါတယ်။ စိတ်ဓာတ်မခိုင်မာတဲ့ လူတွေကကျတော့ အရာရာတိုင်းမှာ ကိုယ့်ကိုယ်ကို တစ်အားညှာတာလွန်းပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ဖြစ်ပြီးသားကိစ္စတွေကို ပြန်မတွေးနေတတ်တာပါပဲ။ လူတော်တော်များများဟာ ကိစ္စတစ်ခုကို အမှားလုပ်လိုက်မိပြီဆိုရင် အဲဒီကိစ္စကို အကြာကြီးတွေးပြီး နောင်တတွေ ရနေတတ်ပါတယ်။ စိတ်ဓာတ်ခိုင်မာတဲ့ လူတွေကျတော့ အမှားလုပ်ပြီးရင်တောင် နောက်ထပ်အဲဒီလို ဆင်တူအမှားမျိုး ထပ်မကျူးလွန်ပဲ အမှားထဲကနေ သင်ခန်းစာယူကာ ကိုယ်လုပ်စရာရှိတာကို အကောင်းဆုံး ဆက်လုပ်တတ်ကြပါတယ်။

Pixabay-composita

Pyi Hein Kyaw

SHARE