The Platform ဇာတ်ကား ရိုက်ကွင်း နောက်ကွယ်က ပုံရိပ်များ

Image:IG/elhoyolapelicula/baconsfx

The Platform ဆိုတဲ့ ဇာတ်ကား ကတော့ လက် တ လောမှာ အရမ်းကို နာမည်ကြီးနေပါတယ်။ဘ၀ မှာ တစ်ခါ  လောက် တော့ မဖြစ် မ နေ ကြည့်ဖူးသင့်တဲ့ ဇာတ်ကားလေးပါ။သွေးသံရဲရဲ နဲ့ မသတီချင်စရာ ဇာတ်ကွက် တစ်ချို့ ပါဝင် ပေမယ့် လူတွေရဲ့ လောဘ၊လက်ရှိ ဖြစ်နေတဲ့ လူတန်းစားကွာခြားချက်တွေနဲ့ လူ့  သ ဘော လူ့ သဘာဝ ကို ပုံစံ တစ်မျိုးနဲ့ ပီပြင်အောင် ဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးပါ။စပိန် ရုပ်ရှင်ကားပါ။ဒီဇာတ်ကား မှာတော့ Iván Massagué, Antonia San Juan, Zorion Eguileor, Emilio Buale Coka ၊ Alexandra Masangkay တို့ ပါဝင် သရုပ်ဆောင်ထားတာပါ။ဒါရိုက်တာ Galder Gaztelu-Urrutia ရဲ့ လက်ရာပါ။ဇာတ်ကား ရိုက်ကွင်း နောက်ကွယ်က ပုံရိပ်တွေကိုတော့ Cosmo မှာ စုပေါင်းဖော်ပြထားတာပါ။

Makeup အစွမ်းနဲ့ မင်းသားရဲ့ မျက်နှာကို လိုသလို ပြောင်းလဲ ယူခဲ့

ဇာတ်ကားမှာ သုံးထားတဲ့ အမိုက်စား special effects လက်ရာများ

Image:IG/baconsfx

ဒါကြီး ကတော့ ဇာတ်ကားထဲမှာ မြင်ရ တဲ့ စားသောက်စရာ ၀ိုင်းကြီးရဲ့ တကယ့် အပြင်က ပုံပါ။

ဇာတ်ကားရိုက်ကွင်း နေရာကို အားလုံးပဲ သိချင် ကြမယ်ထင်ပါတယ်။စပိန် နိုင်ငံ Bilbao မြို့မှာရှိတဲ့ ကြက် ခြေ နီ အ ဆောက်အအုံကြီးတစ်ခု အတွင်းမှာ ဇာတ်ကားရိုက်ကူးဖို့ ရိုက်ကွင်းနေရာကို တည်ဆောက် ခဲ့တာပါ။အထပ်နှစ်လွှာ ကွန်ကရစ် တွေကို တည်ဆောက် ခဲ့တာပါ။ဒါမှ ဇာတ်ကားထဲမှာ မြင်ရတဲ့ စားသောက် စရာ ၀ိုင်းကြီး ကို ကျ လာ ဖို့ နေရာ ရှိမှာပါ။အထပ်တွေ အများကြီးရှိနေသလို ပုံစံ ကတော့ Special Effect ကို သုံးခဲ့တာပါ။

READ
ဆယ်လီမိဘတွေရဲ့ ခြေရာကိုမီကြတယ်လို့ဆိုနိုင်တဲ့ ခပ်မိုက်မိုက်သားသမီးများ
Image:IG/elhoyolapelicula

တစ်ချို့ သရုပ်ဆောင်တဲ့ ပါရတဲ့ အခန်းက အရမ်းနည်းပါတယ်။ဒါပေမယ့် သူတို့ပါတဲ့ တစ်ခန်း ဆို ဆို သ လောက်  ကြည့်တဲ့ သူရဲ့ ရင်ထဲကို အ တွေး တွေ အများကြီး ထည့် ပေးနိုင်ခဲ့ပါ တယ်။

 

View this post on Instagram

 

Momentos de concentración antes de la acción en #ElHoyo con @antonia_san_juan

A post shared by El Hoyo / The Platform (@elhoyolapelicula) on

ဇာတ်ကား ကြည့်ဖူးတဲ့ သူ ကတော့ ဒီခွေး လေးကို သိမှာပါ။

 

View this post on Instagram

 

Hoy os presentamos a Fito, otro de los actores de #ElHoyo. Si, ese pequeñito de color marrón ;P 🐕🌟🎥

A post shared by El Hoyo / The Platform (@elhoyolapelicula) on

ရိုက်ကွင်းနောက်ကွယ်မှာတော့ ပျော်ပျော်ပါးပါး

 

View this post on Instagram

 

Bajo las ordenes del boss Galder. Gracias @mrpix3l por las fotos ✨ @elhoyolapelicula #Miharu #theplatform #elhoyonetflix

A post shared by Alexandra Masangkay (@alexandramasangkay) on

Image: IG/elhoyolapelicula

စားပွဲဝိုင်းပေါ် မိန့်မိန့်ကြီး ထိုင်ပြီး အမျိုးသားထုရင်ထဲကို ရောက်ခဲ့တဲ့ Alexandra Masangkay

 

View this post on Instagram

 

La magia del cine 🏗 @elhoyolapelicula

A post shared by Alexandra Masangkay (@alexandramasangkay) on

ဇာတ်ကားထဲမှာ ကြောက်စရာ ကောင်းပေမယ့် အပြင်မှာကျ တော့လည်း ချစ်ချစ်ခင်ခင် ..

Image:IG/Alexandra Masangkay

SHARE