ရောင်းမကုန်တဲ့အသီးတွေကိုသုံးလို့ အပိတ်ခံရတဲ့ ဘေကျင်းကနာမည်ကြီး Milk Tea ဆိုင်

alouette2019/Freepik

ဘေကျင်းကနာမည်ကြီး Milk Tea ဆိုင်ကြီးရဲ့ နောက်ကွယ်က ညစ်ပတ်လှတဲ့လျှို့ဝှက်ချက်ကြီးကို ဖော်ထုတ်ဖို့ သတင်းထောက်တစ်ယောက်က ဆိုင်မှာအချိန်ပိုင်းအလုပ်သမားအဖြစ် အသွင်ယူခဲ့ရတယ်လို့ Shanghai  IST မှာ ဖော်ပြထားခဲ့ပါတယ်။

Milk Tea တို့ Bubble Tea တို့ဆိုတာဟာ ဒီနောက်ပိုင်းခေတ်ရောက်ကာမှ တရုတ်နဲ့ကိုရီးယားအပါအဝင် စင်္ကာပူ၊ ဂျပန်၊ ထိုင်းတို့နဲ့ မြန်မာစတဲ့ အာရှနိုင်ငံတွေကနေတစ်ဆင့် အနောက်နိုင်ငံတွေအထိ ခေတ်စားလာခဲ့တဲ့ အစားအသောက်တစ်မျိုးပါ။ ဝယ်လိုအားများလာတဲ့အတွက်ကြောင့်လည်း နိုင်ငံတိုင်းလိုလိုမှာ Milk Tea ဆိုင်တွေတစ်ပုံတစ်ပင်ကြီး ရှိလာကြပါတော့တယ်။

lounisais/pixabay

အဲဒီအထဲကမှ ဘေကျင်းရဲ့စူပါမားကက်တစ်ခုမှာ ဖွင့်ထားတဲ့ Milk Tea ဆိုင်ဟာဆိုရင်တော့ စားသုံးသူတွေကို အခန့်မသင့်ရင်ဘေးဖြစ်စေနိုင်မယ့် ပစ္စည်းတွေနဲ့ အအေးတွေဖျော်ကာ ရောင်းချနေခဲ့တယ်ဆိုပြီး သတင်းတွေနဲ့အကွ ဗီဒီယိုဖိုင်တွေပါထွက်လာခဲ့ကြပါတယ်။ တိတိကျကျပြောရရင်တော့ ရောင်းမကုန်ဘဲ ပုတ်သိုးနေတဲ့အသီးအနှံတွေကို လွှင့်ပစ်ပြီး အသစ်ဝယ်မထည့်ဘဲနဲ့ ကုန်ကျစရိတ်သက်သာအောင်ဆိုပြီး အဲဒီမကောင်းတဲ့အသီးတွေကိုပဲ သုံးကာဖျော်ရည်ထဲထည့်ထည့်ဖျော်နေခဲ့တာပါတဲ့။

ဒီသတင်းကိုရခဲ့တဲ့ သတင်းထောက်မလေးကတော့ သူမကိုယ်တိုင် အဲဒီဆိုင်မှာ အချိန်ပိုင်းဝန်ထမ်းအဖြစ် အသွင်ယူအလုပ်လုပ်ကာ တိတ်တိတ်လေးဗီဒီယိုမှတ်တမ်းတင်လာခဲ့ပြီး အများပြည်သူသိအောင် ထုတ်ပြခဲ့ပါတယ်။ အဲဒီအအေးဆိုင်က ဝန်ထမ်းတွေဟာ အသီးတွေလှီးတာတို့၊ အအေးဖျော်တာတို့ဆိုရင် လက်ကိုလည်းရေမဆေး၊ လက်အိတ်လည်းမသုံးဘဲနဲ့ ဖျော်ပေးကြပြီး သူမအလုပ်ဝင်နေတုန်းမှာလည်း မကောင်းတဲ့ သရက်သီးအနာကြီးကို အနံ့ပျောက်အောင် ရေခဲသေတ္တာထဲ ထည့်ခိုင်းကာ ဖျော်ပေးတဲ့အခါကျ ကောင်းတဲ့အလုံးနဲ့မျှပြီး ဖျော်ပေးဖို့ ပြောခဲ့ပါတယ်တဲ့။

READ
သားသမီး(၃)ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ သေနတ်ဆန့်ကျင်ရေး အမျိုးသမီး
sam651030/pixabay

သရက်သီးအပြင် ငှက်ပျောသီး၊ ကီဝီသီးနဲ့ ဖရဲသီးတို့ကိုလည်း ထိုနည်းတူစွာပဲ ရေခဲသေတ္တာထဲ ထည့်ခဲခိုင်းပြီး ကောင်းကောင်းမကောင်းကောင်း သုံးခိုင်းခဲ့တဲ့အထဲကမှ ဝန်ထမ်းလေးတစ်ယောက်ကတော့ အဲဒီလိုမကောင်းတာတွေကို သုံးနေရတာ စိတ်မလုံလို့ဆိုပြီး မန်နေဂျာမသိအောင် အသီးကောင်းကောင်းချည်းပဲ သုံးပေးခဲ့ပေမယ့် မန်နေဂျာကသိသွားကာ ဆူပစ်တယ်လို့လည်း Shanghai IST မှာ ရေးသားထားခဲ့ပါတယ်။

ဒီသတင်းကို ဖွင့်ချချပြီးချင်းမှာတင် ဘေကျင်းရဲ့စားသောက်ကုန်ဌာနကနေပြီး နိုင်ငံအနှံ့မှာရှိနေတဲ့ ဆိုင်ခွဲပေါင်း ၃၃ ဆိုင်လုံးကို စစ်ဆေးနေတယ်လို့သိရပါတယ်။ ဆိုင်ရဲ့နာမည်ကတော့ Tealand ဖြစ်ပြီး သူတို့ရဲ့တရားဝင် website မှာတင် ဆိုင်ခွဲအမှားကိုတောင်းပန်ထားပြီး စုံစမ်းစစ်ရေးမှုတွေမှာလည်း အားတက်သရောပါဝင်သွားပါ့မယ်လို့ ရေးသားထားခဲ့ပါတယ်။

Penny

SHARE