ရေအောက် ကာကွယ်ရေးစခန်းကြီးတစ်ခု စတင်တည်ဆောက်တော့မယ့် တရုတ်နိုင်ငံ

တရုတ်နိုင်ငံကတော့ တောင်တရုတ်ပင်လယ်ရဲ့ ရေအောက်ထဲမှာ မောင်းသူမဲ့ ရေငုပ်သင်္ဘောကြီးတွေကို ထားရှိပြီး ရေအောက် ကာကွယ်ရေးဌာနကြီးတစ်ခု တည်ဆောက်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ အသိဉာဏ်တု (AI) စနစ်ကို အသုံးပြုပြီး တည်ဆောက်မယ့် ကမ္ဘာ့ပထမဆုံး ကိုလိုနီနယ်မြေဖြစ်လာမှာ ဖြစ်တယ်လို့လည်း ကြေညာထားပါတယ်။

scmp

ပရောဂျက်နာမည်ကိုတော့ ဂရိဒဏ္ဍာရီ ရေအောက်ကမ္ဘာကို ခေါ်ဝေါ်တဲ့ Hades ဆိုတာကို ယူသုံးထားပါတယ်။ တရုတ်သမ္မတ ရှီကျင်းပင်ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက Sanya နယ်မြေက သမုဒ္ဒရာ သုတေသန တက္ကသိုလ်သို့ သွားရောက်လေ့လာပြီးနောက် ထိုပရောဂျက်ကို လုပ်ဖို့ ညွှန်ကြားခဲ့တာပါ။ ပရောဂျက်ကိုတော့ ဘေကျင်းမြို့မှာ တည်ရှိတဲ့ တရုတ်သိပ္ပံအကယ်ဒမီက ယခုလမှာ တာဝန်ယူလုပ်ဆောင်လျက် ရှိပါတယ်။

“ရေထဲမှာ လမ်းတွေဆိုတာ မရှိတာကြောင့် အခြားနိုင်ငံတွေနောက်ကို လိုက်စရာမလိုပါဘူး။ ကျွန်တော်တို့လမ်းကို ကျွန်တော်တို့ ဖောက်လို့ရပါတယ်” လို့ ရှီကျင်းပင်က ပြောပြီး သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေကို မလုပ်ဖူးတဲ့အရာပေမယ့် ရဲဝံ့စွာ လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။ ဂရိဒဏ္ဍာရီတွေထဲက ရေအောက်မြို့တော် ပုံပြင်တွေကြောင့် သမုဒ္ဒရာထဲမှာ စခန်းဆောက်ဖို့ဆိုတာ သိပ္ပံပညာရှင်တွေ၊ အင်ဂျင်နီယာတွေ အမြဲဖန်တီးလိုတဲ့ ပရောဂျက်မျိုးဖြစ်ပါတယ်။

READ
ဆယ်စုနှစ်အတွင်းမှာ အားလပ်ရက်အတွက် လကမ္ဘာခရီးစဉ် ပျံသန်းပြေးဆွဲမည်ဟုသိရ
scmp

ရေအောက်စခန်းကြီးကို တည်ဆောက်မယ့် နေရာကတော့ တောင်တရုတ်ပင်လယ်ထဲမှာ ဖြစ်ပြီး V shaped သဏ္ဍာန် ရေအောက်ချောက်ကြီးထဲမှာ ဖြစ်ပါတယ်။ သမုဒ္ဒရာရဲ့ အနက်ဆုံးနေရာဖြစ်တဲ့ မီတာ ၆,၀၀၀ နဲ့ ၁၁,၀၀၀ အနက်မှာ တည်ဆောက်မှာ ဖြစ်ပြီး ယွမ် ၁.၁ ဘီလီယံ (ကန်ဒေါ်လာ သန်း ၁၆၀) အကုန်ကျခံ တည်ဆောက်မယ့် ပရောဂျက်ကြီးတစ်ခု ဖြစ်ပါတယ်။ ဒါဟာ ကွေ့ကျိုးမြို့မှာ တည်ဆောက်ထားတဲ့ ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ်ကြီး FAST ကို တည်ဆောက်ခဲ့တဲ့ ကုန်ကျစရိတ်ရဲ့ တစ်ဝက်တောင် ဖြစ်ပါတယ်။

scmp

အာကာသစခန်းလိုပဲ ယခု ရေအောက်စခန်းကြီးဟာလည်း ယာဉ်ဆိုက်တဲ့ ဆိပ်ကမ်းတွေ ပါမှာဖြစ်ပါတယ်။ ပရောဂျက်အင်ဂျင်နီယာတွေကလည်း ရေအနက်ပိုင်းမှာ ရေထုရဲ့ ဖိအားဒဏ်ခံနိုင်ဖို့ အဆင့်မြင့်နည်းပညာတွေ သုံးပြီး တည်ဆောက်ရမှာ ဖြစ်ပါတယ်။ “စက်ရုပ်စနစ်တွေကို သုံးပြီး ရေအောက်ထဲမှာ ကိုလိုနီနယ်မြေတည်ဆောက်ရမှာ စိန်ခေါ်မှု တစ်ရပ်ပါပဲ” လို့ ပရောဂျက်ရဲ့ သိပ္ပံပညာရှင်တစ်ယောက်က ပြောခဲ့ပါတယ်။

Ref: SCMP

SHARE