အသံကျယ်ကျယ်နဲ့ စကားပြောတတ်သူတွေဟာ ကျန်းမာရေးပိုကောင်းလေ့ရှိကြောင်း သိရ

Oliver Bridge Entertainment/Easy A

တကယ်လို့ မိမိဟာ စကားပြောတိုင်း အသံကျယ်ကျယ်နဲ့ ပြောတတ်တဲ့ လူတစ်ယောက်ဖြစ်နေပါသလား၊ စကားတိုးတိုးလေး ပြောဖို့ နည်းနည်းလေးမှ စိတ်မဝင်စားတဲ့ လူတစ်ယောက်ဖြစ်နေပါသလား။ ဒါဆို သင်ဟာ စကားတိုးတိုးပြောတတ်တဲ့ လူတွေ ထက် ကျန်းမာရေးပိုကောင်းမွန်ပါတယ်တဲ့။ 

တကယ်တော့ ဘာမှမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ်နေခြင်းက စိတ်ခံစားမှုအတွက် အရမ်းကို risk များတဲ့ အရာတစ်ခုပါ။ စိတ်ဆိုတာကလည်း အမြဲလိုလိုပြောင်းလဲနေတော့ သူတို့ကို ထိန်းချုပ်ဖို့ဆိုတာ ပုထုဇဉ်တွေအတွက်တော့ တော်တော်လေးကို မလွယ်တဲ့ အရာတစ်ခုပါပဲ။ မိသားစုအတွင်းမှာပဲဖြစ်ဖြစ်၊ relationship တစ်ခုအတွင်းမှာပဲ ဖြစ်ဖြစ် အချိန်တစ်ခုယူပြီး တည်ဆောက်ထားရတဲ့ အရာတွေကို ကိုယ့်ကြောင့် မပျက်စီးစေချင်တဲ့ စိတ်နဲ့ ကိုယ့်ရဲ့ စိတ်ခံစားမှုတွေ၊ မကျေနပ်ချက်တွေကို မြို့သိပ်ထားရတာတွေ၊ မပြောဘဲ ထိန်ချန်ပြီး တိတ်တိတ်ဆိတ်ဆိတ်ငြိမ်သက်နေခြင်းက တကယ်တော့ ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။ Ignore လုပ်လို့၊ လစ်လျူရှုလိုက်လို့ရပေမယ့် အမြဲတမ်းကြီးတော့ ဒီနည်းလမ်းဟာ အဆင်မပြေပါဘူး။

500 Days of Summer/Fox Searchlight Pictures

မြိုသိပ်ထားရတာတွေ များလေလေ တဖြေးဖြေးနဲ့ကိုယ်ဟာ ပင်ပန်းလေလေပါပဲ။ ဒါဟာ ရေတိုမှာတော့ မသိသာပေမယ့် အချိန်ကြာမြင့်လာတဲ့အခါမှာ ကိုယ့်အတွက်ရော၊ တခြားတစ်ဖက်လူတွေအတွက်ပါ ထိခိုက်နစ်နာစရာတွေ ဖြစ်လာတတ်ပါတယ်။  ဒါကြောင့်မို့လို့ မိမိအနေနဲ့ ပြောသင့်ပြောထိုက်တဲ့ နေရာတွေ၊ စကားကျယ်ကျယ်ပြောရမယ့် နေရာတွေမှာ ကိုယ့်ရဲ့ စိတ်ခံစားချက်၊ အမြင်တွေကို ပွင့်ပွင့်လင်းလင်းပြောကြားခြင်းက စိတ်ဖိစီးမှုကို အများကြီးလျော့ကျသက်သာစေမှာပါပဲ။ မကျေနပ်ချက်တွေကို စုထားလေလေ နောက်တစ်ချိန်မှာ အဲဒီမကျေနပ်ချက်တွေက စုပြီး ပေါက်ကွဲလာနိုင်ချေလည်း ရှိတာမို့ အန္တရာယ်လည်း ရှိပါတယ်။

ဒီလို မိမိရဲ့ စိတ်ခံစားချက်တွေကို ဖိနှိပ်ထားပြီး နေနေတဲ့ လူတွေထက် မိမိပြောလိုရာ၊ ပြောချင်တာကို ဘွင်းဘွင်းကြီး စကားကျယ်ကျယ်နဲ့ ပြောတတ်သူတွေဟာ ပိုပြီး ကျန်းမာရေးကောင်းမွန်ပါစေပါတယ်လို့ NAMS လို့ ခေါ်တဲ့ The North American Menopause Societyက လေ့လာချက်တစ်ခုမှာ ရေးသားထားပါတယ်။ NAMS အဖွဲ့ဟာ အမျိုးသမီးပေါင်း ၃၀၀ ကျော်ကို စစ်ဆေးမေးမြန်းပြီး လေ့လာချက်ပြုလုပ်ခဲ့တာပါ။

DC Movies / Wonder Woman

လေ့လာချက်တွေအရတော့ ဒီလိုစကားကျယ်ကျယ်ပြောတဲ့လူတွေဟာ တိတ်တဆိတ်နေတတ်တဲ့လူတွေထက် ကျန်းမာရေးပိုကောင်းတယ်။ ဒါ့အပြင် စကားကျယ်ကျယ်ပြောရုံတင်မကဘဲ တစ်ခါတစ်ရံမှာ မိမိစိတ်မကျေနပ်ချိန်မှာ အော်ဟစ်လိုက်ခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေတယ်လို့ဆိုပါတယ်။ 

ဟုတ်လည်း ဟုတ်ပါတယ်။ တကယ်တော့ မိမိစိတ်မှာ ဖြစ်နေတဲ့ မကျေနပ်ချက်တွေကို မြိုသိပ်ထားရတဲ့အဖြစ်အပျက်ဟာ စိတ်ဖိစီးမှုကို ဖြစ်စေရုံတင်မဟုတ်ဘဲ စိတ်ဓာတ်ကျတာတွေအထိ ဖြစ်လာနိုင်ချေရှိတာပါပဲ။ ဒီလို မြိုသိပ်နေရမယ့် အစား  တစ်ခုခုတုန့်ပြန်လိုက်တာဟာ စိတ်ကို ပေါ့ပါးသွားစေတာလည်း အမှန်ပါပဲ။ တစ်ခါတစ်ရံမှာတော့ စိတ်ခံစားချက်တွေကို မြိုသိပ်သင့်တဲ့အခြေအနေတွေ၊ အချိန်အခါတွေ ရှိတတ်ကြပေမယ့်လို့ အမြဲလိုလိုတော့ မပြုမူသင့်တာကို သတိပြုသင့်ပါတယ်။

ဒီလို ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ဖိနှိပ်ထားတာ၊ မဖော်ပြတာဟာ စိတ်ဆင်းရဲရရုံတင်မကဘဲ ကိုယ်ခန္ဓာအတွက်လည်း မကောင်းတဲ့အရာတွေဖြစ်လာတတ်ပါတယ်။ စိတ်ထောင်းတော့ ကိုယ်ကျေဆိုတဲ့ အတိုင်းပါပဲ။ စိတ်မချမ်းသာရင် အပြင်လောကမှာ ဘယ်လိုအခြေအနေတွေပဲရှိရှိ မပျော်ရွှင်တတ်တဲ့လူတစ်ယောက်အဖြစ်ရှိနေဦးမှာပါပဲ။ 

Sony Pictures/Eat, Pray, Love

ဘယ်သူမဆို စိတ်ရောကိုယ်ပါ ကျန်းကျန်းမာမာနဲ့ နေထိုင်ချင်သူတွေချည်းပါပဲ။ စိတ်ဖိစီးမှုတွေများလာခြင်းဟာ၊ စိတ်ဖိစီးမှုများစွာနဲ့ နေထိုင်ရခြင်းဟာ ကိုယ့်ရဲ့ ဘဝသက်တမ်းကိုလည်း တိုစေမှာဖြစ်လို့ အသက်တိုစေမယ့် လမ်းကြောင်းကို ရှောင်ပြီး ပွင့်ပွင့်လင်းလင်းပြောသင့်တာတွေကို ပြောပြသင့်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာမှာလည်း စိတ်ဖိစီးမှုဖြစ်နေတဲ့အချိန်မှာ ကိုယ်ခန္ဓာအတွင်းက သွေးပေါင်ချိန်နဲ့ ဂလူးကိုစ့်ပမာဏဟာ များပြားလာလေ့ရှိပါတယ်။ ဒီလိုများပြားလာခြင်းဟာ ကျန်းမာရေးအတွက် မကောင်းမွန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုများလာလေလေ နှလုံးနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်ဖို့ ရာနှုန်းများလေလေမို့လို့ပါပဲ။

ဒီလိုကိုယ်စိတ်ထဲရှိတဲ့အတိုင်း ပြောဆိုနေထိုင်ခြင်းက မိမိကိုယ်ကို စိတ်ကျေနပ်မှုရရှိစေမှာလည်းဖြစ်ပါတယ်။ နောက်ထပ်စမ်းသပ်မှုတစ်ခုအရတော့ ကင်ဆာရောဂါခံစားနေရတဲ့ ဝေဒနာရှင်တွေဟာ ဒီလို မိမိစိတ်ထဲတာတွေကိုပြောဆိုခြင်းဟာ ကင်ဆာရောဂါကို သက်သာစေတယ်လို့ ဆိုပါတယ်။

YYK

SHARE