အပျိုဖြစ်နေခြင်းဟာ ရှက်စရာကိစ္စမဟုတ်ကြောင်း ဖွင့်ပြောလာခဲ့တဲ့ blogger အမျိုးသမီး

အမျိုးသားနဲ့အမျိုးသမီးတို့ နယ်ကျော်သွားမိကြတဲ့အချိန် အမျိုးသမီးများအတွက် ခွဲခြားဆက်ဆံလိုက်တဲ့စကားတစ်ခွန်းကတော့ “အပျိုမဟုတ်တော့ဘူး” ဆိုတာပါပဲ။ တကယ်တော့ နယ်လွန်ကြတဲ့ ကိစ္စရပ်ဟာ သဘာဝအလျောက်သွေးသားရဲ့ ဆန္ဒကြောင့်ပြုမူမိခဲ့ကြတဲ့အရာတစ်ခုပါ။

အာရှနိုင်ငံတော်တော်များများနဲ့ ဘာသာရေးကိုင်းရှိုင်းသူများအဖို့တော့ အမျိုးသမီးများ လက်မထပ်ခင် အမျိုးသားတစ်ဦးနဲ့လွန်လွန်ကြူးကြူး နယ်ကျော်ကြတာကို အပြင်းအထန်ကန့်ကွက်တဲ့အပြင် တားမြစ်တာတွေလည်း ရှိနေပါတယ်။ သို့ပေမယ့် ပွင့်လင်းမြင်သာမှုရှိပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေတော်တော်များများမှာတော့ အမျိုးသားနဲ့အမျိုးသမီးတို့ လက်မထပ်ခင်အတူနေမိခြင်းကို သာမန်ကိစ္စရပ်တစ်ခုအနေနဲ့ သဘောထားပြီး အရေးကြီးခွင်ကျယ်သိပ်မလုပ်ကြပါဘူး။

အထူးသဖြင့် အနောက်နိုင်ငံတွေတော်တော်များများမှာ ဒီလိုကိစ္စရပ်တွေဟာ ကိုယ်ပိုင်တွေးတောဆင်ခြင်နိုင်စွမ်းရှိနေတဲ့ အရွယ်တွေဖြစ်နေတဲ့အတွက် ဝင်စွက်ဖက်စရာမလိုအပ်ဘူးလို့ ယူဆသလို သဘာဝအလျာက်ဖြစ်ပေါ်လာတဲ့ ပုံမှန်ကိစ္စတစ်ခုလို့သာ မှတ်ယူထားတတ်ကြတာပါ။

 

Instagram

ဒါပေမဲ့ တချို့လူငယ်တွေအချင်းချင်းကြားထဲမှာတော့ အပျိုစစ်စစ်၊ လူပျိုးစစ်စစ်တွေဆို နှိမ်ပြောပြောချင်တာတွေ ရှိတတ်ပါတယ်။ ရုပ်ရှင်တွေထဲမှာလည်း တွေ့ဖူးကြမှာပါ။ လူရာမဝင်သလိုလို၊ အရမ်းကို ရှေးရိုးဆန်သူကြီးလိုလို ဆက်ဆံခံရတာဟာ ဆယ်ကျော်သက်လူငယ်တွေကြား တကယ်ကို ဖြစ်နေကြတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အသက် ၃၁ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ blogger အမျိုးသမီးက သူမရဲ့ကိုယ်တွေ့ဖြစ်ရပ်နဲ့ သဘောထားတွေအကြောင်းကို လူအများသိအောင်ဆိုပြီး ဝေမျှပေးခဲ့ပါတယ်။

Kristina Carrillo-Bucaram ဟာ အသက် ၃၂ နှစ်ရှိနေပြီဖြစ်တဲ့ အမျိုးသမီးတစ်ဦးပါ။ FullyRawKristina အဖြစ် YouTube မှာ blogger တစ်ဦးအဖြစ်လုပ်ကိုင်သလို Instagram မှာလည်း influencer တစ်ဦးအဖြစ်လူသိများနေပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်တုန်းက Kristina ဟာ သူမရဲ့ Instagram account မှာ သူမချစ်သူနဲ့ ၁ နှစ်နဲ့ ၆ လပြည့်ကို ဂုဏ်ပြုရင်း အခုအချိန်အထိ သူမဟာ အပျိုစစ်စစ်ဖြစ်သေးကြောင်းကိုလည်း ဖွင့်ပြောခဲ့ပါတယ်။

READ
တစ်လလျှင် ပေါင် 7000 ကျော် ရရှိနေကြောင်း ထုတ်ဖော်ခဲ့တဲ့ Webcam မော်ဒယ်မလေး

 

Instagram

တပြိုင်နက်တည်း YouTube မှာလည်း “Why I’m a 32-Year Old Virgin” ဆိုတဲ့ ခေါင်းစဉ်နဲကအတူ ဗီဒီယိုတစ်ခုကို တင်ထားခဲ့ပါတယ်။ တကယ်တော့ ဒီဗီဒီယိုဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်၊ သူမအသက် ၃၀ တုန်းက ဘာလီသွားတုန်း ရိုက်ထားခဲ့တဲ့ ဗီဒီယိုဖြစ်ပါတယ်။ လူတွေကို ချပြချင်ပေမယ့်လည်း အသက် ၃၀ အမျိုးသမီးတစ်ယောက်က သူမကိုယ်သူမအပျိုလို့ပြောပြီး ဘာကြောင့်အပျိုဖြစ်အောင် ထိန်းသိမ်းနေနေသလဲဆိုတဲ့ပေါ်မှာ ဝေဖန်ထိုးနှက်လှောင်ပြောင်မှုတွေ ရှိလာမှာကို မလိုလားတဲ့အတွက်ကြောင့် သိမ်းထားမိတယ်လို့ဆိုပါတယ်။

သို့ပေမယ့် အခုအချိန်မှာတော့ သူမဟာ အပျိုဆိုတာ သိမ်ငယ်စရာမဟုတ်ဘဲ ကိုယ့်ဘဝကိုယ်စိတ်ကြိုက်ခြယ်လှယ်ခွင့်ရှိတယ်ဆိုတာကို သူမနဲ့ဘဝတူအမျိုးသမီးတွေ ခံစားစေဖို့အတွက် မားမားမတ်မတ်ရပ်တည်ကာ ဗီဒီယိုကိုတင်လိုက်ခြင်းဖြစ်ပါတယ်။

 

Instagram

တကယ်တော့ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ပဲပိုင်တာပါ။ ကိုယ့်ရဲ့စိတ်ဆန္ဒတစ်ခုတည်းကပဲ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ခန္ဓာကိုယ်ကို ခိုင်းစေခွင့်ပြုသင့်ပါတယ်။ လူမှုပတ်ဝန်းကျင်ရဲ့ ဖိနှိပ်မှုတွေကြောင့် ဆန္ဒကိုထိန်းချုပ်ထားတာမျိုးလည်း ဖြစ်စရာမလိုအပ်သလို အဲဒီပတ်ဝန်းကျင်ရဲ့လှောင်ပြောင်မှုတွေနဲ့ တွန်းအာပေးမှုတွေကြောင့် အဆင့်သင့်မဖြစ်သေးတဲ့အရာကို စိတ်ဆန္ဒအပြည့်အဝမပါဘဲ မလုပ်သင့်ပါဘူး။

Kristina လည်း ဒီလိုပဲ ဗီဒီယိုထဲပြောသွားခဲ့တာပါ။ အပျိုဘဝကို ထိန်းသိမ်းထားတယ်ဆိုတာ တခြားလူတွေရဲ့ တိုက်တွန်းမှုကြောင့်လည်းမဟုတ်၊ သူမရဲ့စိတ်ထဲ ထိန်းကိုထိန်းသိမ်းရမယ်ဆိုပြီး စိတ်ဖြစ်ပေါ်နေတာမျိုးလည်းမဟုတ်ဘဲ အလိုအလျောက်စိတ်ဆန္ဒရှိစွာ ထိန်းသိမ်းနေခဲ့တာပါလို့ Kristina ကဆိုပါတယ်။

READ
မြွေကြောက်ရောဂါကို ဖျောက်ဖို့ ကြက်သီးထဖွယ်ရာတစ်ခု လုပ်ခဲ့တဲ့ကောင်မလေး

 

Instagram

ရည်ရွယ်ချက်နောက်တစ်ခုကတော့ သူမအတွက် တကယ်စစ်မှန်ပြီး ဖူးစာဖက်တဲ့လူမျိုးကသာလျှင် ဘဝတစ်ခုလုံးကို ထိုက်တန်တယ်လို့ယူဆတဲ့အတွက် အပျိုဘဝလေးကို ချန်ထားခြင်းဖြစ်ပါတယ်တဲ့။အနာဂတ်ခင်ပွန်းလောင်းအတွက် ဒီထက်ပိုကောင်းမွန်တဲ့ လက်ဆောင်လည်း ရှိတော့မှာမဟုတ်တော့သလို ဘယ်သူ့ကိုမှ မပေးဖူးတဲ့ လက်ဆောင်တစ်ခုအဖြစ်လည်း တည်ရှိသွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒီအပြင် ကိုယ့်ရဲ့လိုလားတဲ့စိတ်ဆန္ဒမပါဝင်ဘဲ ချစ်သူရဲ့ဖိအားပေးမှုကြောင့် ခန္ဓာကိုယ်ပေးလိုက်ရတဲ့အဖြစ်မျိုး ဘယ်တော့မှ အဖြစ်မခံနဲ့ဆိုပြီးလည်း Kristina ကပြောခဲ့ပါသေးတယ်။ သူမကိုယ်တိုင်ဟာလည်း ဒီလိုအဖြစ်မျိုးကို ငြင်းခဲ့တဲ့အတွက် အရမ်းချစ်ခဲ့ရသူက အဓိပ္ပာယ်မရှိဘူးဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ အထားခံခဲ့ရသူပါ။ ဒါကြောင့်လည်း အသည်းကွဲတဲ့ဒဏ်ကို လူးလှိမ့်ပြီး ၃ နှစ်ကျော်လောက် ခံစားခဲ့ရဖူးပါတယ်။ ဒါပေမဲ့ အခုတွဲနေတဲ့ ချစ်သူကတော့ သူမကို အရာရာနားလည်ပေးပြီး အခုအချိန်အထိတော့ ဘဝရဲ့လက်တွဲဖော်ကောင်တစ်ယောက်အဖြစ် အနားမှာ ရှိနေပေးပါတယ်။

Instagram

Kristina ဟာ ဘဝတစ်လျှောက်လုံး အပျိုဖြစ်နေတဲ့အတွက်ကြောင့်ပဲ လိုအပ်ချက်ကြီးတစ်ခုလိုလို၊ မပြည့်စုံသလိုလိုနဲ့ အဆက်ဆံခံခဲ့ရတာ သိပ်ကိုစိတ်ရှုပ်ဖွယ်ကောင်းရတယ်လို့ရင်ဖွင့်ခဲ့ပါတယ်။ နောက်ဆုံ မိသာစုကတောင်မှပဲ သူမကို ဒီကိစ္စနဲ့ပတ်သက်လို့ အပြစ်ပြောခဲ့ကြပါတယ်တဲ့။ Kristina ဟာလည်း အသွေးနဲ့အသားနဲ့တည်ဆောက်ထားတဲ့ လူထဲကလူပေမို့ မရိုးမသားစိတ်တွေဖြစ်ပေါ်မိတဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘဝသက်တမ်း ၃၂ နှစ်လုံးလုံး ထိန်းသိမ်းနိုင်ခဲ့တာကိုတော့ ကိုယ့်ကိုယ်ကို ဂုဏ်ယူမိပါတယ်လို့ ပြောခဲ့ပါတယ်။

အချုပ်အနေနဲ့သူမပြောပြသွားတာကတော့ လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်ချင်းမဆက်ယှက်ခင် ခံစားချက်တွေ၊ စိတ်ထားတွေနဲ့ နှလုံးသားချင်း အရင်ဆုံးဆက်ယှက်ကာ ခိုင်မာတဲ့အမြစ်တွယ်ပြီးတာ သေချာအောင်လုပ်ပြီးကာမှ စဉ်းစားချင်ပါတယ်တဲ့။

Source: Daily Mail

Penny

SHARE