ဘယ်လ်ဂျီယံဝန်ကြီးချုပ်ကို ကျန်းမာရေးဝန်ထမ်းတွေ ကျောခိုင်းပြီး အသံတိတ် ဆန္ဒပြ

Image:IG/Sophie Wilmes /twitter/@Infirmier0

ဘယ်လ်ဂျီယံနိုင်ငံမှာရှိတဲ့ ဆရာဝန်၊သူနာပြု တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အပြင် ကျန်းမာရေး ၀န်ထမ်း မဟုတ်တဲ့ သူ တွေ ကပါ မ ကျေနပ် နေတဲ့ ခံစားချက်တွေကို ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ဘယ်လ်ဂျီယံ အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဆိုးနဲ့ ပတ်သက်ပြီး ကိုင် တွယ် ဖြေရှင်း နေပုံတွေကို မ ကျေနပ်လို့ အခုလို ဆန္ဒပြခဲ့တာပါ။ဆိုင်းဘုတ်ကြီးတွေ ကိုင်ပြီး ရုန်းရင်းဆန်ခတ် ဆန္ဒ ထုတ် ဖော်တာ မဟုတ်ပါဘူး။ ၀န်ကြီးချုပ် ဆေးရုံကို လာရောက် လည်ပတ် ချိန်မှာ ၀န်ကြီးချုပ်ရဲ့ ယာဉ် တန်းကို ကျော ခိုင်းပြီး အသံတိတ် ဆန္ဒထုတ် ဖော်ခဲ့တာပါ။ဒီ အကြောင်းကိုတော့ BBC နဲ့ Sky News တို့ မှာ ဖော်ပြ ထားပါတယ်။

 

View this post on Instagram

 

Les visites des hôpitaux Chirec-Delta et CHU Saint-Pierre furent un moment de rencontres et de dialogue important pour le personnel soignant comme pour moi. Situation sanitaire, protections personnelles, charge mentale, valorisation du métier, financement des soins de santé, aucun sujet n’a été écarté. 🏥 #santé #gezondheid #personnelsoignant #verpleging De bezoeken aan Deltaziekenhuis en UMC Sint-Pieter waren belangrijke momenten van ontmoeting en dialoog voor zowel het verplegend personeel als voor mij. De gezondheidssituatie, mentale belasting, waardering van het beroep, financiering van de gezondheidszorg – het is allemaal besproken. (📸 F. Andrieu et T. Daems)

A post shared by Sophie Wilmès (@sophiewilmes) on

ဝန်ကြီးချုပ် Sophie Wilmes  က တော့ ဘယ်လ်ဂျီယံရဲ့ မြို့တော် Brussels  မှာရှိတဲ့ ဆေးရုံ နှစ်ရုံကို မေလ (၁၆) ရက်နေ့ က သွားရောက်ခဲ့တာပါ။Marollen ရပ်ကွက်မှာရှိတဲ့ Saint-Pierre ဆေးရုံက ၀န် ထမ်းတွေ ဟာ တန်းစီပြီး ၀န်ကြီးချုပ်ကို စောင့်ဆိုင်းနေခဲ့ပါတယ်။ယာဉ်တန်းဝင်လာပြီဆိုတာနဲ့ တပြိုင်နက် မျက်နှာမူ ရပ် နေရာ က နေ အားလုံး က ယာဉ် တန်းကို ကျောခိုင်းပစ်ခဲ့ပါတယ်။ COVID-19 ကပ်ရောဂါ ကူးစက်မှု  နဲ့ ရင် ဆိုင် နေရတဲ့ ဒီလို အချိန်မှာ အရည်အချင်း မပြည့် မီ သေးတဲ့ ၀န်ထမ်းတွေကို ကျန်းမာရေး စောင့် ရှောက်မှု တာဝန် တွေ ကို ပေးတဲ့  ဥ ပ ဒေတ စ်ရပ် ကို လက်မှတ် ရေးထိုးမှု ကြောင့် မ ကျေနပ်လို့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ဒီလို ဥ ပ ဒေ အမိန့် မျိုးဟာ Professional ကျန်းမာ ရေးဝန်ထမ်း တွေ အတွက် ခံပြင်းစရာ တစ်ခု လို့ ဘယ်လ်ဂျီယံ သူနာ ပြု အဖွဲ့ အစည်း က ဆိုပါတယ်။

 

ဒီလို အချိန်မှာ ထွက်လာတဲ့ ဒီလို ဥ ပ ဒေ အမိန့်က ဘယ်လ်ဂျီယံရဲ့ ကျန်းမာရေးကဏ္ဍ ကို ပြို လဲ သွားအောင် ဖျက်စီး လိုက်တာပဲ လို့ လည်း ဝေဖန်ပြစ်တင်မဥတွေ ရှိခဲ့ပါတယ်။ဘယ်လ်ဂျီယံ ကတော့ COVID-19 နဲ့ ရောဂါ ကူးစက်မှု အန္တရာယ်နဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတဲ့ဥ ရောပ နိုင်ငံ တွေထဲက တစ်နိုင်ငံပါ။လူဦးရေ (၁၁.၅)သန်းရှိတဲ့ နိုင်ငံ မှာ ကူးစက်ခံရသူ (54,989 ) ဦး အထိ ရှိနေပါပြီ။သေဆုံးသူ ကတော့ (9,005) ဦး အထိ ရှိခဲ့ပါတယ်။လွန်ခဲ့တဲ့ နှစ် လတည်းက Lockdown တွေ ချပြီး ကူးစက်မှုနှုန်းကို လျော့ ကျ အောင် လုပ်ခဲ့ ပေမယ့်လည်း စွမ်းဆောင်မှု တွေ က ထင် သ လောက် ဖြစ်မလာတာ ကြောင့်  ကိုဗစ် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ် တွေ နဲ့ ပတ်သက်ပြီး အစိုးရ ကတော့ ဝေဖန်ပြစ်တင်မှု တွေနဲ့ ရင်ဆိုင်နေရပါတယ်။

SHARE