စပိန်နိုင်ငံအထိသွားပြီး ပါတီခိုးတက်ခဲ့လို့ ရောဂါကူးစက်ခံခဲ့ရတဲ့ ဘယ်လ်ဂျီယံ မင်းသား

Pixabay-BlenderTime [email protected]

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ Belgium (ဘယ်လ်ဂျီယံ) နိုင်ငံရဲ့ မင်သားတစ်ပါးဖြစ်သူ Prince Joachim ဟာ လက်ရှိအချိန်မှာ စပိန်နိုင်ငံက ပါတီပွဲတစ်ခုအတွင်း COVID 19 ကူးစက်ခံခဲ့ရပြီးနောက် Belgium နိုင်ငံကို ပြန်မလာနိုင်တော့ပဲ စပိန်နိုင်ငံမှာပဲ Quarantine ဝင်နေရပြီဖြစ်ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ဒီသတင်းကိုလည်း Belgium တော်ဝင်နန်းတော်ကနေ တရားဝင်သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Prince Joachim ဟာ လက်ရှိ Belgian ဘုရင် Philippe ရဲ့ တူတော်မောင်ဖြစ်ပြီး Belgium ထီးနန်းဆက်ခံခွင့်ရဖို့တော့ (၁၀)ယောက်မြောက် ဖြစ်နေတာကြောင့် မျှော်လင့်ခွင့် သိမရှိသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာတော့ Belgium ပြည်သူတော်တော်များများရဲ့ ဝေဖန်မှုကို ခံနေရပါပြီ။

 

 

View this post on Instagram

 

⁣ ⁣ Gesprek met de heer Theo Vaes, medeoprichter van vzw ArmenTeKort en deelnemers van het buddyproject. De vzw organiseert een buddywerking waarbij duo’s een traject van 2 jaar afleggen met als voornaamste focus empowerment, zelfvertrouwen en het versterken van hun sociaal netwerk. Tijdens de COVID-19 pandemie is ArmenTeKort overgeschakeld op online buddywerking om verdere ondersteuning te bieden.⁣ —————⁣ Echange avec M. Theo Vaes, co-fondateur de l’asbl « ArmenTeKort » et quelques duos de ce projet qui lutte contre la précarisation en en associant des volontaires formés, dans une relation individualisée, à des personnes précarisées. Tout au long d’un parcours de deux ans, ArmenTeKort mise spécifiquement sur l’empowerment, l’amélioration de l’image de soi et le renforcement du réseau social. Pendant la pandémie de COVID-19, ArmenTeKort continue son activité en ligne.⁣ ⁣ @armentekort #kansarmoede #buddy #précarité #compagnonnage #EnsembleContreCorona #SamenTegenCorona #GemeinsamGegenCorona #TogetherAgainstCorona #Corona #Covid_19 #COVID19 #COVID19BE #CoronaVirus #MonarchieBe #BelgianRoyalPalace⁣ ⁣ 📷 Koninklijk Paleis / Palais Royal

A post shared by Belgian Royal Palace (@belgianroyalpalace) on

Prince Joachim ဟာ ပြီးခဲ့တဲ့ မေလအစောပိုင်းကတည်းက စပိန်နိုင်ငံကို အလုပ်သင်အဖြစ်နဲ့ သွားရောက်ခဲ့ပြီး  ရောက်ပြီးချင်း ၂ ရက်အကြာမှာတော့ လူ ၂၆ ယောက်နဲ့ Private Party ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီ Party ကျင်းပပြီး သိပ်မကြာခင်မှာပဲ Prince Joachim ဆီမှာ COVID 19 ရောဂါပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ လူတော်တော်များများကတော့ Prince Joachim တစ်ယောက် အလုပ်သင်ကိစ္စနဲ့ စပိန်နိင်ငံကို သွားတာမဟုတ်ပဲ စပိန်မင်းသမီး Victoria Oritz နဲ့ ဒိတ်တင်းလုပ်နေတယ်လို့ ထင်ကြေးပေးနေကြပါတယ်။

စပိန်နိုင်ငံရဲ့ လက်ရှိ ဥပဒေအရ လူ ၁၅ ယောက်ထက် စုဝေးနေပါက တစ်ဦးကို ပေါင် ၁၀,၀၀၀ စီ ဒဏ်ရိုက်ပါတယ်။ လက်ရှိမှာတော့ စပိန်နိုင်ငံရဲတပ်ဖွဲ့က အဆိုပါပါတီပွဲမှာပါဝင်တဲ့ အခြားလူ ၂၆ ယောက်ကို စစ်ဆေးနေပြီး Prine Joachim အပါအဝင် အခြား ၂၆ ယောက်ကိုလည်း Quarantine ဝင်ခိုင်းထားကြောင်း သိရပါတယ်။

READ
ရည်းစားဟောင်းကို မကျေနပ်လို့ မဆီမဆိုင် ငါးကန်ကို ဒုက္ခပေးခဲ့တဲ့ အမျိုးသမီး

Pyi Hein Kyaw

SHARE