လိုတာထက် ပိုရင်းနှီးနေတဲ့ Bella Hadid နဲ့ Robert Pattison ရဲ့ဆက်ဆံရေး

Bella Hadid ကတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပတဲ့ Paris Fashion Week သို့တက်ရောက်ခဲ့ပါတယ်။သူမနဲ့ အတူ Twilight စတားဖြစ်တဲ့ Robert Pattinson  လည်း အတူတက်ရောက်ခဲ့ပါတယ်။အသက် (၂၁)နှစ်အရွယ် Bella Hadid  နဲ့ Robert Pattinson တို့ကတော့ Dior show ပွဲမှာ အတော်လေးကို ရင်းနှီးနေကြ တာကို လည်း တွေ့ရပါတယ်။

Bella Hadid  ကတော့အနက်ရောင်ဘရာကို ၀တ်ဆင်ထားပြီး အပေါ်မှာတော့ ကုတ်အကျီင်္ကို ၀တ်ဆင် ထားပါတယ်။ Robert Pattinson  ကလည်း အနက်ရောင်တီရှပ်နဲ့ leather ဂျက်ကတ်ကို ၀တ်ဆင်ထားပါတယ်။Bella နဲ့ Robert တို့ကတော့ ပွဲမှာရှိတဲ့သူတွေ အားလုံးကို နှုတ်ဆက်ချိန်တွေမှာ တစ်ဦးနဲ့တစ်ဦးလည်း ဘေးချင်းယှဉ်တွဲပြီး ဖက်ထားတာကို တွေ့ရ ပါတယ်။Chanel ရဲ့ ဒါရိုက်တာ Karl Lagerfeld နဲ့လည်း အတူတွဲတွေ့ခဲ့ပါတယ်။ဒါ့အပြင် Stylish  Chloe Green နဲ့ သူမရဲ့ချစ်သူ Jeremy Meeks တို့ကိုလည်း ပွဲမှာ တွေ့ရပါတယ်။

READ
ထောင်ဒဏ် (၁၇) နှစ် ချမှတ်ခံခဲ့ရတဲ့ မင်းသား မိုးအောင်ရင် လွတ်ငြိမ်းချမ်းသာခွင့်ရရှိပြီ

နှစ်ယောက်သား fashion show မှာ တွေ့ရတဲ့ အနေအထားဟာလိုတာထက်ပိုရင်းနှီးနေတယ်ဆိုပြီး ပြောဆို ဝေဖန် သံတွေထွက်ပေါ်နေပါတယ်။Bella Hadid ကတော့The Weeknd နဲ့ လမ်းခွဲပြီးနောက် ဘတ်စကတ်ဘောကစား သမား Brandon Ingram နဲ့ တွဲနေတယ်ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။Robert Pattinson  ကတော့ သူ့ရဲ့ ချစ်သူ FKA Twigs နဲ့ မနှစ်က လမ်းခွဲပြီးနောက် အချစ်ရေးသတင်းက တိတိကျကျ သတင်းမထွက် သေးပါဘူး။

FROM hollywoodlife

SHARE