Mac and Cheese ဆိုတာ ဒီမှာတော့ သိပ်မတွေ့ရမေယ့်လို့ နိုင်ငံခြားမှာတော့ မြန်မာတွေ လက်ဖက်သုပ်စားသလိုမျိုး အစားများလှတဲ့ စားစရာတစ်ခုပါပဲ။ Mac and Cheese ရဲ့ နာမည်အရှည်ကတော့ Macaroni and cheese ပါ။ ပါစတာအခြောက်လိုမျိုး macaroni အခြောက်ကို နွားနို့၊ ထောပတ်၊ chedder cheese သို့မဟုတ် mozzarella cheese သို့မဟုတ် swiss cheese စတဲ့ နှစ်သက်ရာ cheese ၁ မျိုးမှ ၃ မျိုးလောက်အထိ ရောထည့်ကာ ချက်ရတဲ့အစားအသောက်တစ်မျိုးပါ။ နောက် စိတ်ပါရင် ပေါင်မုန့်ခြောက်လေးတွေ အပေါ်က ဖြူးပေါ့။

ပြီးခဲ့တဲ့ ကျေးဇူးတော်နေ့တုန်းက စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ Bella Hadid ဟာ ပိုစ့်တစ်ခုတင်လာခဲ့ပါတယ်။ သူမရဲ့ Instagram story မှာပေါ့။ အဲဒီမှာ Bella Hadid ဟာ သူမရဲ့ ကျေးဇူးတော်နေ့အထူးစပါယ်ရှယ်ညစာလေးကို ပုံရိုက်ပြီးတင်ထားခဲ့တာပါ။ ညစာကတော့ ခေါင်းစဉ်ကအတိုင်း Mac and cheese ပေါ့။
View this post on Instagram
Mac and cheese ကောင်းတစ်ခွက်ဆိုတာ ပျစ်နှစ်နေရမှာဖြစ်ပေမယ့်လို့ Bella Hadid ရဲ့ Mac and cheese ကတော့ ဟင်းချိုလိုမျိုး အရည်ခပ်ကျဲကျဲလေးဖြစ်နေခဲ့ပါတယ်။ ဒါကိုပရိတ်သတ်တွေက ရွံစရာကြီးဆိုပြီးတော့ ဝိုင်းပြောထားခဲ့ကြတာပါ။
View this post on Instagram
Instagram က story ပေါ်က ဗီဒီယိုကို Twitter နဲ့ Instagram ပေါ်မှာ ပိုစ့်အဖြစ်နဲ့ပြန်တင်ပြီးတော့ ဝိုင်းလှောင်နေကြတယ်ပေါ့လေ။ Cheese ဟင်းချိုထဲမှာများ လက်ပစ်ကူးမလို့လားလို့၊ Mac and cheese ကိုတောင် အချိုးပြေအောင် မချက်တတ်ဘူးလားတို့၊ ဒီလောက်ရွံဖို့ကောင်းနေတာကို ဘယ်လိုစားမှာလဲတို့ စသဖြင့်ပေါ့။
Bella hadid’s mac and cheese is rlly makin me look like Bobby flay
— freaking slay dominos! (@cordiformb0x) November 27, 2020
I really hate i had to see Bella Hadid’s Mac n cheese
— miss meenas (@thesameena) November 27, 2020
ဒီကိစ္စနဲ့ပတ်သက်ပြီး Bella Hadid ကတော့ ဘာမှပြန်လည်တုန့်ပြန်ထားခြင်း မရှိခဲ့ပါဘူး။
View this post on Instagram
penny